ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူများကို အလုပ်ကြမ်းများ စေခိုင်းနေပြီး ငြင်းဆန်သူ များကို ပါဆယ်ပို့ခွင့် ပိတ်ပင်၊ အခွင့်အရေးချိုးဖောက်ခံရမှုကို မိသားစုအားပြောပြသည့် နိုင်ငံရေးအ ကျဉ်းသူအချို့ တိုက်ပိတ်ခံရ

ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူများကို အလုပ်ကြမ်းများ စေခိုင်းနေပြီး ငြင်းဆန်သူ များကို ပါဆယ်ပို့ခွင့် ပိတ်ပင်၊ အခွင့်အရေးချိုးဖောက်ခံရမှုကို မိသားစုအားပြောပြသည့် နိုင်ငံရေးအ ကျဉ်းသူအချို့ တိုက်ပိတ်ခံရ

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၂၇

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူများကို အလုပ်များစေခိုင်းနေပြီးငြင်းဆန်သူ များကို ပါဆယ်ပို့ခွင့် ပိတ်ပင်လိုက်ပြီး လူ့အခွင့်အရေးချိုးဖောက်ခံရမှုအကြောင်း မိသားစုကို ပြောပြ သည့် နိုင်ငံရေးအကျဉ်းသူအချို့ တိုက်ပိတ်ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့- WOPP က ယနေ့ အောက် တိုဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည်။

ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူများအား အကျဉ်းထောင်အလုပ်များဖြစ်သော စိုက်ပျိုး ရေးလုပ်ငန်း လုပ်ကိုင်ခြင်း၊ ချိုးရေအသုံးပြုသော ရေကန်များအား သန့်ရှင်းရေးလုပ်ခြင်း၊ ရေကန်အ စောင့် (ဘာယာ) ပြုလုပ်ခြင်း၊ အကျဉ်းထောင်ဝန်ထမ်းများ အသုံးပြုသော မိလ္လာသန့်ရှင်းခြင်း၊ ည အ ချိန် အခန်းဘာယာစောင့်ခြင်း၊ အကျဉ်းထောင် ဝန်ထမ်းများ၏ စာရင်းဇယားပြုလုပ်ခြင်း၊ ဈေးဘား ဝယ်ယူသည့် စာရင်းကောက်ယူခြင်း၊ စာရင်းလုပ်ခြင်း စသည့် အလုပ်များအား စေခိုင်းလျက်ရှိ ကြောင်း သိရသည်။

ထိုသို့ စေခိုင်းသော အလုပ်များအား ငြင်းဆန်သည့် နိုင်ငံရေးအကျဉ်းသူတစ်ချို့ကို အမျိုးသမီးဆောင် အဆောင်မှူး ဒေါ်ဇင်မာကြည်အောင်က ပါဆယ်ပို့ခွင့်များ ကန့်သတ် ပိတ်ပင်ထားကြောင်း သိရ သည်။

ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်ပြီး နှစ်ပတ်တစ်ခါ အကျဉ်းထောင်အတွင်း ပို့ဆောင်ခွင့်ရသည့် ပါ ဆယ်ကို ဟင်း (၂) မျိုး၊ ကော်ဖီ (၇) ထုပ်၊ ခေါက်ဆွဲ (၅) ထုပ်သာ ပေးပို့ခွင့်ပြုပြီး အလုပ်မလုပ်သည့် အတွက် ယခုလို ပါဆယ်ပေးပို့ခွင့်ကို ကန့်သတ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် နိုင်ငံရေးအကျဉ်းသူအမျိုးသမီးများ မိသားစုနှင့်ထောင်ဝင်စာ တွေ့ဆုံသည့်အခါ အလွန် အမင်း တင်းကြပ်ထားရှိပြီး မိသားစုများအား အကျဉ်းထောင်အတွင်း နေထိုင်မှုများအကြောင်း ပြော ပြသည့် နိုင်ငံရေးအကျဉ်းသူများကိုလည်း တိုက်ပိတ်အကျဉ်းချထားကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသူများသည် အခြားသော ပြစ်မှုများ၊ ရာဇဝတ်မှုများကျူးလွန်ပြီး ဖမ်းဆီးခံရခြင်း မဟုတ်သောကြောင့် အကျဉ်းထောင်အလုပ်များအား အတင်းအကြပ်ခိုင်းစေပြီး အမျိုးမျိုးသော ဖိနှိပ် မှုများပြုလုပ်နေသည်မှာ နိုင်ငံရေး အကျဉ်းသူများကို တမင်ရည်ရွယ်ချက်ရှိရှိ ပြုလုပ်နေခြင်းသာဖြစ် ကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) က ပြောဆိုထားသည်။

ထို့ကြောင့် နိုင်ငံရေးအကျဉ်းသူများအဖွဲ့အနေနှင့် ယခုကဲ့သို့ ကျူးလွန်နေမှုများကို အခက်အခဲအမျိုး မျိုးကြားမှ ဆက်လက်ဖော်ထုတ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မော်လိုက် ကလေးအကျဉ်းထောင်တွင် ထောင်အာဏာပိုင်များကို ငွေကျပ် ၅ သိန်းမှ သိန်း ၂၀ ကြားလာဘ်ထိုးမှသာ အရေးပေါ် ဆေးကုသခွင့်ရ

မော်လိုက် ကလေးအကျဉ်းထောင်တွင် ထောင်အာဏာပိုင်များကို ငွေကျပ် ၅ သိန်းမှ သိန်း ၂၀ ကြားလာဘ်ထိုးမှသာ အရေးပေါ် ဆေးကုသခွင့်ရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၄ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မော်လိုက် ကလေးအကျဉ်းထောင်တွင် ထောင်အာဏာပိုင်များကို ငွေကျပ် ၅ သိန်းမှ သိန်း ၂၀ ကြားလာဘတ်ထိုးမှသာ အရေးပေါ် ဆေးကုသခွင့်ရရှိကြောင်း မြန်မာ နိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန် ယက် - PPNM ကထုတ်ပြန်သည်။...