Jail News

Jail News

မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း၌ အကျဉ်းဦးစီးဝန်ထမ်းများ၏ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသား ကိုထက်ရန်နိုင် ကျဆုံး

 

D Day News

ဇွန်လ ၂၆

 

မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်အတွင်း၌ အကျဉ်းဦးစီးဝန်ထမ်းများ၏ ဥပဒေမဲ့ ဝိုင်းဝန်းရိုက်နှက် မှုကြောင့် နိုင်ငံရေးအကျဉ်းသား ကိုထက်ရန်နိုင် ကျဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိင်ငံရေး အကျဉ်းသားများကွန်ရက် – PPNM ထံမှ သိရသည်။

 

ဇွန်လ ၂၀ ရက် နံနက် ၇ နာရီခန့်က မန္တလေးမြို့ အိုးဘိုအကျဥ်းထောင် ၊ အမျိုးသားအိပ် ဆောင် ၃ တွင် အခန်းစာရေးအဖြစ် လုပ်ကိုင်နေသည့် အကျဉ်းသားတစ်ဦးက မူးယစ်ဆေးဝါးအရောင်း အဝယ် လုပ်နေစဉ် လက်ပူးလက်ကြပ်မိ၍ အကျဉ်းထောင်ဝန်ထမ်းများကို တိုင်တန်းရန်ကြိုးစားခဲ့စဉ် အခန်း သူကြီး တန်းစီးက မတိုင်တန်းရန် ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ကိုထက်ရန်နိုင်ဘက်က ပြေလည်ခဲ့ သော်လည်း အခန်းစာရေးအကျဉ်းသားက မကျေနပ်ပဲ အဆောင် ၃ ၏ ဒုအဆောင်မှူးတပ်ကြပ် ဇေယျာအောင်ကို လုပ်ကြံလီဆယ်၍ တိုင်တန်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ တပ်ကြပ်ဇေယျာအောင်က ဖြစ်စဥ်ကို သေချာမစုံစမ်းဘဲ ကိုထက်ရန်နိုင်ကို အကြောင်းမဲ့ ရိုက်နှက်သဖြင့် ကိုထက်ရန်နိုင်က မိမိတွင်အပြစ်မရှိ​၍ မရိုက်နှက်သင့်ကြောင်း ပြန်လည်​ပြောဆို သည့်အတွက် အကျဥ်းထောင်ဝန်ထမ်းကို ကလန်ကဆန်လုပ်သည်ဟု စွပ်စွဲ၍ ကိုထက်ရန်နိုင် အား ဒေါက်ခြေချင်းခတ် အပြစ်ပေးရန်အတွက် Main Jail သို့ အတင်းအဓမ္မ ခေါ်ဆောင်သွားခဲ့ကာ ထောင် ပိုင်လေးဖြစ်သူ ဦးဇော်ထွန်း၏ ခွင့်ပြုချက်ဖြင့် တပ်ကြပ်ဇေယျာအောင်၊ တပ်သားမြတ်မင်းသူ၊ တပ် သား မိုးမင်းထက် ၊ အကျဥ်းသားဖိုးကေ နှင့် အခြားအကျဉ်းထောင်ဝန်ထမ်းများမှ ဝါးဆစ်ပိတ်တုတ် များ၊သံတုတ်များ၊ကျဉ်စက်များဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပြင်းထန်စွာ ဝိုင်းဝန်းရိုက်နှက်စဉ် နိုင်ငံရေးအကျဉ်းသား ကိုထက်ရန်နိုင်(ခ)ကိုထက်ထက်သည် ပုဆိုးပင် မဝတ်နိုင်ခဲ့ပဲ အသက်ဘေးမှ လွတ်မြောက်ရန် အခြားအဆောင်များဆီ အကူအညီတောင်းခံ အော်ရင်း ထွက်ပြေးခဲ့ရသည်ဟု ဆိုသည်။

 

ကိုထက်ရန်နိုင်(ခ)ကိုထက်သည် အသက်ဘေးမှ လွတ်မြောက်ရန် ထွက်ပြေးမှုကို ကြိုးစား၍ ပြုလုပ် ခဲ့ သော်လည်း အကျဉ်းထောင်အတွင်းဖြစ်သည့်အတွက် လွတ်မြောက်အောင်ပြေးရန် မစွမ်းနိုင်ခဲ့ ပဲအိပ်ဆောင်(၅) စိုက်ခင်းတွင် တစ်ကြိမ် အကျဉ်းဦးစီးဝန်ထမ်းများ၏ ဝိုင်းဝန်းရိုက်နှက်မှု ၊ညှဉ်းပန်း နှိပ်စက်မှုကို သေလုမျောပါး ထပ်မံရိုက်နှက်မှု့ကြောင့် ခန္ဓာကိုယ်နှင့် ဦးခေါင်းတွင် ညိုမဲဒဏ်ရာများ၊ ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ပြီးနောက် သတိလက်လွတ်ပြီး ကယောင်ကတမ်းဖြစ်လာသောကြောင့် မနက် ၁၀ နာရီ ဝန်းကျင်၌ ကိုထက်ရန်နိုင်ကို ကြိုးတုတ်ကာ Wheel Chair ပေါ်တင်ပြီး အကျဥ်း ထောင်ဆေးရုံဘက်သို့ ခေါ်ဆောင်သွားခဲ့ပြီး ဆေးဝါးကုသမှုကို လုံလောက်စွာ မပေးဘဲ ဆေးရုံဝင်း အတွင်းရှိ အရူးတိုက်တွင် ပိတ်လှောင်ထားခဲ့ကြောင်း သိရသည်။

 

အကျဉ်းထောင်တာဝန်ခံများသည် ကိုထက်ရန်နိုင်(ခ)ကိုထက် အသက်ငွေ့ငွေ့သာ ကျန်တော့သည့် အချိန် နေ့လယ် ၁ နာရီကျော်‌ရောက်မှသာ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင် ပေးခဲ့ သဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ကိုထက်ရန်နိုင် ကျဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ထားသည်။

 

အကျဉ်းဦးစီးဌာနဝန်ထမ်းများ၏ ရိုက်နှက်မှုကြောင့် ကျဆုံးခဲ့ရသူ အသက် ၂၃ နှစ်အရွယ် ကိုထက်ရန် နိုင် (ခ) ကိုထက်သည် ရာဇသတ်ကြီးပုဒ်မ-၅၂ (က) ဖြင့် စစ်ကိုင်းတရားရုံးက အလုပ်ကြမ်းနှင့်ထောင် ဒဏ် ၄ နှစ် ချမှတ်၍ ပြစ်ဒဏ်ကျခံနေရသူဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍာငွေ ပံ့ပိုးခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးရန် JFM တိုက်တွန်း

ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍာငွေ ပံ့ပိုးခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးရန် JFM တိုက်တွန်း

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၅ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း၌ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍငွေကြေး ပံ့ပိုးကူညီခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးပါရန် Justice For Myanmar – JFM က တိုက်တွန်း ထားသည်။ ယနေ့ ဩဂုတ်လ ၂၅ ရက်နေ့တွင်...