ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ ၈ ဦးကို မတရားတိက်ပိတ်ခံရ

ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ ၈ ဦးကို မတရားတိက်ပိတ်ခံရ

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၂၅

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ ၈ ဦး ကို မတရား တိုက်ပိတ် ပစ်ခံရ ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် – PPNM က ထုတ်ပြန်သည်။

ဩဂုတ်လ ၂၃ ရက် နေ့က ဒိုက်ဦးမြို့အကျဉ်းထောင်အတွင်းရှိ အမျိုးသမီး (မေခ) အဆောင်၏ ‌အခန်း ၁ အားအကျဉ်းဦးစီးဝန်ထမ်းများက ရှာဖွေရေး (တရားမဝင်ပစ္စည်းများရှိမရှိ) ဝင်ရာ နိုင်ငံရေး အကျဉ်း သူ မနိုဗာနီနီထွေး၏ နေရာအနီး၌ ဖုန်းဘတ္ထရီတစ်ခု တွေ့သည်ဟုဆိုကာ တိုက်ပိတ် ပြစ်ဒဏ်ပေးရန် မနိုဗာနီနီထွေးအား အကျဉ်းဦးစီးဝန်ထမ်းများကလာရောက်ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါသိမ်းဆည်းရရှိသည်ဆိုသည့် ပစ္စည်းကို တရားဝင်ပြသခြင်းမရှိသည့်အပြင် မနိုဗာနီနီအေး၏ လက်ဝယ်အတွင်းမရှိပဲ ရည်ရွယ်ချက်ရှိစွာ စွပ်စွဲ၍ ခွဲခြားအပြစ်ပေးသည့်ပုံစံဖြစ်သည့်အတွက် ပြစ် ဒဏ် မခံနိုင်ကြောင်း မနိုဗာနီနီထွေးမှ တင်ပြခဲ့ရာ အကျဉ်းဦးစီးမှ ဝန်ထမ်းအင်အားသုံး၍ မနိုဗာနီနီအေးကို တိုက်ပိတ်မည့်နေရာသို့ ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ခေါ်ဆောင်ချိန် လမ်းတစ်လျှောက်တွင်လည်း ဦးစီးမှူး ၃ ပွင့် အဆင့် ဒေါ်‌ဇင်မာကြည်အောင်၊ ၁ ပွင့် အဆင့် ဒေါ်သဇင်မြင့်နှင့် တပ်သား ဖြိုးထက်ထက်အောင်တို့မှ ဆံပင်‌ဆွဲ၍ ခေါ်ဆောင်ခြင်း၊ ခန္ဓာ ကိုယ်အနောက်အား ရိုက်နှက်ခြင်းများကို ကျူးလွန်ခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် အခြားနိုင်ငံရေးအကျဉ်းသူများက မခံမရပ်နိုင်ဖြစ်ကာ မနိုဗာနီနီအေးကို တိုက်ပိတ်ပြစ် ဒဏ် မပေးရန်နှင့် ဖိနှိပ်မှုမလုပ်ဆောင်ရန် ဝိုင်းဝန်းတောင်းဆိုခဲ့ရာ ထောင်အာဏာပိုင်များက မနိုဗာ နီနီအေးအား တိုက်ပိတ်ခဲ့သည့်အပြင် ထောင်ဆူပူအောင်လုပ်သည်ဟူသော အကြောင်းပြချက်ဖြင့် ဝိုင်းဝန်းတောင်းဆိုခဲ့ကြသူများအနက် နိုင်ငံရေးအကျဉ်းသူ ၇ ဦးကို ထပ်မံ တိုက်ပိတ်ပစ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထပ်မံ တိုက်ပိတ်ခံရသူ နိုင်ငံရေးအကျဉ်းသူများမှာ ဒေါ်နုနုအောင်၊ မညိုညိုဝင်း၊ မခင်ရတနာ ဝင်း၊ မမြသန္တာအောင် ၊ မအေးအေးဝင်း၊ မချယ်ရီထွေး နှင့် မစုနန္ဒာလှိုင်တို့ဖြစ်ပြီး အမျိုးသမီးအ ဆောင်တိုက်ထဲတွင် လူပြည့်နေသည်ဟုဆိုကာ အမျိုးသား အဆောင် ၄ နှင့် စားဖိုဆောင်ကြားတွင်ရှိ သည့် နဂိုမူလအမျိုးသားများထားရာ တိုက်တွင် ပိတ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်အတွင်း၌ တိုက်ပိတ်ခံထားရသည့် နိုင်ငံရေး အကျဥ်းသူ စုစုပေါင်းမှာ (၂၇)ဦးဝန်းကျင်အထိ ရှိနေပြီဖြစ်ကြောင်း PPNM က ထုတ်ပြန်ထားသည်။

နိုင်ငံရေးအကျဉ်းသူများကို တိုက်ပိတ်ထားသည့် တိုက်ခန်းများသည် ကြားခံ ကွပ်ပျစ်အပါအဝင် မည် သည့်အောက်ခံအခင်းမျှ မရှိဘဲ သမံတလင်းပြင်သာရှိကြောင်း၊ တိုက်ခန်းများသည်လည်း ဟောင်း နွမ်း နေသည့်အပြင် မိုးရာသီအချိန်ဖြစ်သည့် အားလျော်စွာ မိုးယိုခြင်း၊ မိုးပက်ခြင်းများကိုပါ ခံနေရ ကြောင်း သိရသည်။

ထို့အပြင် မိလ္လာစနစ်ကိုလည်း ပြင်ဆင်ထားခြင်းမရှိသည့်အတွက် အခန်းအတွင်း မိလ္လာရေများစီးကျ ကာ ဆိုးရွားလွန်းသည့် အနံ့အသက်များကို ခံစားနေကြရကြောင်း၊ ရေချိုးရချိန်တွင်လည်း တိုက် အ ပြင်ဘက် ထွက်ကာ ချိုးရသည့်အတွက်‌ အမျိုးသားအဆောင်များမှ မြင်နေရသောကြောင့် စိတ်မလုံ ခြုံမှုများ ခံစားနေကြရကြောင်း သိရသည်။

ထိုကြောင့် နိုင်ငံရေးအကျဉ်းသူများမှာ ကျန်းမာရေးအနေဖြင့် အားနည်းခြင်း၊ နေမကောင်းခြင်းများ ဖြစ်ပေါ်လျက်ရှိသော်လည်း ထောင်ဆရာဝန်များက အချိန်နှင့်တပြေးညီလာရောက်ကြည့်ရှုပေးခြင်း မရှိကြောင်း သိရသည်။

ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသူများအပေါ် မတရားဖိနှိပ်နေမှုများအား အမြန်ဆုံးရပ်တန့်ရန်၊ အကျဉ်း သားအခွင့်အရေးအပြည့်အဝပေးရန်၊ တိုက်ပိတ်ပြစ်ဒဏ်ပေးမှုအား ရပ်တန့်ပြီး မူလအဆောင်များသို့ ပြန်လည်ပို့ဆောင်ရန်၊ နောက်နောင် ယခုကဲ့သို့ ဖိနှိပ်မှုများမပြုလုပ်ရန်တောင်းဆိုပါကြောင်း တောင်း ဆို ထားသည်။

PPNM အနေဖြင့် ကျူးလွန်သူ ၊ ပါဝင်ပတ်သက်သူ အကျဉ်းဦးစီးဝန်ထမ်းများ၏ ကိုယ်ရေးအချက် အလက်များအား မှတ်တမ်းရယူထားပြီး ထိရောက်သည့် ပြစ်ဒဏ်များပေးနိုင်ရေး ကျူးလွန်မူတစ်ခု ခြင်းစီအတွက် ညီမျှသည့် တာဝန်ခံမှု ရှိစေရေး ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍာငွေ ပံ့ပိုးခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးရန် JFM တိုက်တွန်း

ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍာငွေ ပံ့ပိုးခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးရန် JFM တိုက်တွန်း

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၅ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း၌ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍငွေကြေး ပံ့ပိုးကူညီခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးပါရန် Justice For Myanmar – JFM က တိုက်တွန်း ထားသည်။ ယနေ့ ဩဂုတ်လ ၂၅ ရက်နေ့တွင်...