မန္တလေးအိုးဘိုအကျဉ်းထောင်ကို မန္တလေးတောင်ပေါ်ရှိ စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား ၁၇ ဦးအပါအဝင် အကျဉ်းသားစုစုပေါင်း ၂၁ ဦးသေဆုံး

မန္တလေးအိုးဘိုအကျဉ်းထောင်ကို မန္တလေးတောင်ပေါ်ရှိ စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား ၁၇ ဦးအပါအဝင် အကျဉ်းသားစုစုပေါင်း ၂၁ ဦးသေဆုံး

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၁၈

မန္တလေးမြို့ရှိ အိုးဘိုအကျဉ်းထောင်ကို မန္တလေးတောင်ပေါ်၌ တပ်စွဲထားသော အကြမ်းဖက်စစ်တပ် က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား ၁၇ ဦးအပါအဝင် စုစုပေါင်းအကျဉ်း သား ၂၁ ဦးသေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများမိသားစုနှင့် PPNM တို့ထံမှ သိရသည်။

ဩဂုတ်လ ၈ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင် မန္တလေးအိုးဘိုအကျဉ်းထောင်ရှိ အမျိုးသားဆောင်‌ ၄ နှင့် အဆောင် ၆ ပေါ်သို့ မန္တလေးတောင်ပေါ်၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းဖြင့် Drop Bomb ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ နိုင်ငံရေးအကျဥ်းသား ၁၇ ဦး၊ အခြားအကျဉ်းသား ၄ ဦး စုစုပေါင်း ၂၁ ဦး သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရှိသူ အနည်းဆုံး ၁၀ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။

“အိုးဘိုအကျဉ်းထောင်ထဲကို ဒရုန်းနဲ့ ဗုံးကြဲချတာမှန်ပါတယ်။ မန္တလေးတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်တပ်က ဒရုန်းစမ်းရင်း ကျတာလို့ ပြောတယ်။ အကျဉ်းသားတွေသေဆုံးတာလည်းမှန်တယ်. ထိ ခိုက် ဒဏ်ရာရသူတွေလည်းရှိတယ်။ ဗုံးကျကွဲတဲ့ အချိန် ထောင်ထဲမှာ မိုးကြိုးပစ်ချလိုပါပဲတဲ့။” ဟု အိုးဘိုအကျဉ်းထောင်သို့ ဧည့်တွေ့သွားရောက်ခဲ့သူ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တစ်ဦးက သံလွင်မြန်မာ သတင်းဌာနသို့ အတည်ပြုပြောကြားသည်။

အကြမ်းဖက်စစ်တပ်က အကျဉ်းထောင်အတွင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများမှာ-

(၁) ပုဒ်မ- ၅၀(ည) ဖြင့် ဖမ်းဆီးခံထားရသည့် အသက် ၃၆ နှစ်အရွယ် ကိုတင်လင်းထွန်း ။

(၂) ပုဒ်မ -၅၂(က)/ ၅၁(ဂ) ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက် ၂၆နှစ်အရွယ် ကိုသန်းနိုင် ။

(၃) ပုဒ်မ- ၅၀၅-က ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့်အသက် ၃၁ နှစ်အရွယ် ကိုကျော်သီဟ။

(၄) ပုဒ်မ-၅၂(က)/၅၀(ည)ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့်အသက် ၂၄ နှစ်အရွယ် ကိုရှိုင်းဇော် ။

(၅) ပုဒ်မ-၅၀(ည)ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့်အသက် ၂၆ နှစ်အရွယ် ကိုခန့်ဖြိုးအောင်။

(၆) ပုဒ်မ-၅၀(ည)ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့်အသက် ၂၉ နှစ်အရွယ် ကိုကျော်ဇင်တိုး။

(၇) ပုဒ်မ-၅၀၅-က ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် ကိုအောင်ကိုဝင်း။

(၈) ပုဒ်မ-၅၀(ည)ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက် ၃၀ အရွယ် ကိုဌေးလင်းအောင်။

(၉) ပုဒ်မ-၅၂(က)/၅၁(ဂ)/၂၉ တို့ဖြင့်ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက် ၃၉နှစ်အရွယ်ကိုဝေယံ။

(၁၀) ပုဒ်မ-၅၀၅-က ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက် ၂၁ နှစ်အရွယ် ကိုရဲရင့်။

(၁၁) ပုဒ်မ-၅၀(ည) ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက် ၂၈ နှစ်အရွယ် ကိုသူရနေမင်း။

(၁၂) ပုဒ်မ-၄၉/၅၂(က) တို့ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက် ၃၂ နှစ်အရွယ် ကိုသက်မျိုး။

(၁၃) ပုဒ်မ-၅၂(က)/၅၂(ဂ) တိုဖြင့်ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက် ၃၇ နှစ်အရွယ် ကိုဗိုလ် ဝင်း။

(၁၄) ပုဒ်မ-၅၀(ည)ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက် ၃၇ နှစ်အရွယ် ကိုအောင်ကောင်း ထက်။

(၁၅) ပုဒ်မ-၅၂(က)ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့်အသက် ၂၃ နှစ်အရွယ် ကိုဖုန်းထက်။

(၁၆) ပုဒ်မ-၅၂(က)/၅၀(ည) တို့ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက် ၂၈ နှစ်အရွယ် ကိုကျော် မြတ်သူ။

(၁၇) ပုဒ်မ-၅၀(ည)/၅၁(ဂ) တို့ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက် ၃၄ နှစ်အရွယ် ကိုကျော် ကျော်လင်း။

တို့နှင့်အခြားအကျဉ်းသား ၄ ဦးတို့ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန် ရက် (PPNM) က ထုတ်ပြန်ထားသည်။

ထိုသို့ အကျဉ်းထောင်အတွင်း ဗုံးကြဲတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ အာဏာသိမ်းစစ်တပ်မှ ထိန်းချုပ် ထားသည့် အကျဉ်းထောင်ဖြစ်သည့်အားလျော်စွာ Drop Bomb ကြဲချခဲ့သောအဖွဲ့၏ အချက်အလက် များကို စုံစမ်းရရှိရန် အခက်အခဲများရှိနေပြီး အတည်ပြုနိုင်ရေး ဆက်လက်ကြိုးစားဆောင်ရွက် နေဆဲဖြစ်ကြောင်း၊ ထူးခြားမှုကို ဆက်လက် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ အသိပေးထားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNM အနေဖြင့် အကျဉ်းထောင်အတွင်း ရှိ နိုင်ငံရေးအကျဉ်းသားများ၏ လူအခွင့်အရေးချိုးဖောက် ခံရမှုများကို ဖော်ထုတ်ခြင်း၊ မှတ်တမ်းထား ရှိခြင်း၊ ကျူးလွန်သူများကို အရေးယူမှုများပြုလုပ်နိုင်ရန် ဆောင်ရွက်မှုများကို အစဉ်တစိုက်ပြုလုပ် နေခဲ့သည့်အဖွဲ့အစည်းဖြစ်ပြီး သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများ စာရင်းကို PPNM အဖွဲ့ ဝင်များကိုယ်တိုင် သေချာစွာစိစစ်အတည်ပြု ပြီးမှ ထုတ်ပြန်ရခြင်းဖြစ်ကြောင်းဆက်လက် အသိပေး ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မန္တလေးမြို့ အိုးဘိုအကျဉ်းထောင် ဗုံးကြဲခံရပြီး နိုင်ငံရေး အကျဉ်းသား ၇ ဦး ပွဲချင်းပြီး သေဆုံး၊ စစ်တပ်က နိုင်ငံအရေးကျဉ်းသားများကို ယင်းဗုံးကြဲခံရမှုများဖြင့် စွပ်စွဲကာ ရိုက်နှက်နေ

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင် ဗုံးကြဲခံရပြီး နိုင်ငံရေး အကျဉ်းသား ၇ ဦး ပွဲချင်းပြီး သေဆုံး၊ စစ်တပ်က နိုင်ငံအရေးကျဉ်းသားများကို ယင်းဗုံးကြဲခံရမှုများဖြင့် စွပ်စွဲကာ ရိုက်နှက်နေ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၆ မန္တလေးတိုင်း၊ မန္တလေးမြို့၊ အိုးဘို အကျဉ်းထောင်ရှိ အမျိုးသားဆောင်ကို ဗုံးကြဲတိုက်ခိုက်ခံရပြီး နိုင်ငံ ရေးအကျဉ်းသား ၇ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး စစ်တပ်က နိုင်ငံရေး အကျဉ်းသားများကို ယင်းဗုံးကြဲခံရမှုနှင့်ပတ်သက်သည်ဟု စွပ်စွဲကာ ရိုက်နှက်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း သားများကွန်ရက် -PPNM...