Jail News

Jail News

အကျဉ်းသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု၊ လာဘ်စားမှုကျူးလွန်ခဲ့သည့် အိုးဘိုအကျဉ်း ထောင်မှ ထောင်ပိုင်ကို အောင်မျိုးချွန်ကို လွိုင်ကော်ပြောင်းရွှေ့၊ ဦးစီးအရာရှိ သွယ်သွယ်ဦးကို ရာထူးလျော့ကာ ထောင်ပြောင်းရွှေ့ပြီး အရာရှိတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးကို ထုတ်ပယ်

 

D Day News

ဇွန်လ ၁၇

 

မန္တလေးအိုးဘိုအကျဉ်းထောင်ရှိ အကျဉ်းသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု၊ လာဘ်စား မှုကျူးလွန်ခဲ့သည့် ထောင်ပိုင်ကို အောင်မျိုးချွန်ကို လွိုင်ကော်ပြောင်းရွှေ့ပြီး ဦးစီးအရာရှိ သွယ်သွယ် ဦးကို ရာထူးလျော့ကာ ထောင်ပြောင်းရွှေ့လိုက်သည့်အပြင် အရာရှိတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးကို ထုတ်ပယ်လိုက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNM က ထုတ်ပြန်သည်။

 

ဇွန်လ(၇)ရက်နေ့က မန္တလေးအိုးဘိုအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား ၊အကျဉ်းသူများကို လူဦးရေ ၅၀ သာ ပုံမှန်ထားလေ့ရှိသည့်အခန်းများအတွင်း လူဦးရေ ၁၀၀ ကျော်ခန့် ကြပ်ညှပ်စွာ နေ ထိုင်နေရပြီး လူသေအလောင်းကိုထည့်သည့် ခေါင်းတလားအကျယ်အဝန်းခန့်သာ အိပ်စက်နေကြရ သည်ဟု ထောင်အာဏာပိုင်များ၏ အကျဉ်းသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ၊ ထောင် အာဏာပိုင်များ၏ လာဘ်စားမှုများကို မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသားများ ကွန်ရက် – PPNM စောင့်ကြည့်ထုတ်ပြန်ခဲ့သည်။

 

ထိုသို့ ထုတ်ပြန်ပြီးနောက် ဇွန်လ ၈ ရက်နေ့နောက်တွင် အကျဉ်းဦးစီးဝန်ထမ်းအမျိုးသမီး အိနွယ်ဦး (၁ပွင့်) ၊ ဒေါ်မြင့်မြင့်လှိုင်၊ ဒေါ်ခင်ပပလှိုင်တို့ အလုပ်မှ ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် ဒေါ်သွယ်သွယ်ဦး(ဦးစီးအရာရှိ)တို့ ရာထူးလျှော့ချ၍ ထောင်ပြောင်းကာ အပြစ်ပေးခြင်းခဲ့ သည့် အပြင် ထောင်ပိုင် အောင်မျိုးချွန်ကို လွိုင်ကော်အကျဉ်းထောင်၏ ‌ထောင်ပိုင်အဖြစ် ပြောင်းရွေ့ လိုက်ကြောင်း သိရသည်။

 

ယခု လက်ရှိ မန္တလေးအိုးဘိုအကျဥ်းထောင်၏ ထောင်ပိုင်အသစ်မှာ သိန်းဇော်မင်းဆိုသူ ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNM ထံမှ သိရသည်။

 

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
CDM News

CDM News

ကော့သောင်းမြို့နယ်၊ ခမရ ၄၃၁ တပ်ရင်းမှ စစ်သား ၁ ဦး ၃ ကြိမ်မြောက်ထွက်ပြေးလာပြီး ကော့သောင်းပကဖ ထံ အလင်းဝင်   သံလွင်မြန်မာသတင်း ဇူလိုင်လ ၃၀   တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင် ၊ကော့သောင်းမြို့နယ် အခြေစိုက် အမှတ် (၄၃၁) ခြေမြန်တပ် ရင်းမှ...