Jail News

Jail News

မန္တလေးအိုးဘိုအကျဉ်းထောင်၌ ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးသူ နိုင်ငံရေးအကျဉ်းသား ၄၉ ဦးအပါအဝင် သေဆုံး ၇၀ ဦးကျော်ရှိ

 

သံလွင်မြန်မာသတင်း

ဇွန် ၇

 

မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးသူ နိုင်ငံရေးအကျဉ်းသား ၄၉ ဦးအပါအဝင်ထိခိုက်သေဆုံးသူ ၇၀ ဦးကျော်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း သားများကွန်ရက် (PPNM) ကထုတ်ပြန်သည်။

 

မတ်လ ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့သည့် စစ်ကိုင်းမြေငလျင်ဒဏ်ကြောင့်  မန္တလေးမြို့၊ အိုးဘိုအကျဉ်း ထောင်အတွင်း၌ အဆောက်အအုံအချို့ ပြိုကျခဲ့ပြီး ထိခိုက်သေဆုံးသူ သေဆုံးသူ ၇၀ ဦးကျော်ရှိခဲ့ပြီး PPNM ၏ စီစစ်စောင့်ကြည့် မှတ်တမ်းကောက်ယူမှုများအရ အနည်းဆုံး နိုင်ငံရေးအကျဉ်းသား/ အ ကျဉ်းသူ ၄၉ ဦး ပါဝင်ခဲ့ကြောင်း သိရသည်။

 

စစ်ကိုင်းမြေငလျင်ဒဏ်ကြောင့် မန္တလေးအိုးဘိုအကျဉ်းထောင်အတွင်း အဆောက်အအုံပြိုကျမှု၊ အ ကျဉ်းသား၊ အကျဉ်းသူသေဆုံးမှုနှင့်ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိပဲ သတင်း အမှောင်ချ ဖုံးကွယ်ထားခဲ့သည်။

မြန်မာပြည်သူများကို နိုင်ငံတကာ၏ ကူညီကယ်ဆယ်မှုနှင့် ထောက်ပံ့ကူညီမှုများ လုပ်ပေးနိုင်ခဲ့ကြ သော်လည်း မန္တလေးအိုးဘိုအကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများသည် အုတ်နံရံလေး ဖက်အတွင်း သတင်းအမှောင်ချခံထားရသည့်အတွက် ထောင်ပြင်ပရှိ မိသားစုဝင်များမှာ  သေဆုံး သွားသော အကျဉ်းသား၊ အကျဉ်းသူများအတွက် ရက်လည်ဆွမ်းကျွေးခြင်းပင် မပြုလုပ်ကြရသေး ကြောင်း သိရသည်။

 

ထို့အပြင် လက်ရှိအချိန်အထိ အိုးဘိုအကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားများသည် ထောက်ပံ့ကူညီမှုများ များစွာလိုအပ်လျက်ရှိကြောင်း၊ ထို့ကြောင့် လူ့အခွင့် အရေးနှင့် တရားမျှတမှုကို ဖော်ဆောင်နေကြသည့် အဖွဲ့အစည်းများအနေဖြင့် ထောက်ပံ့မှုများ ဆောင်ရွက်ပေးစေလိုကြောင်း PPNM က တောင်းဆိုထားသည်။

 

PPNM အနေဖြင့် လိုအပ်သည့် ထောက်ပံ့ကူညီမှုများ ပေးနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိပြီး ကူ ညီ ပံ့ပိုးလိုသည့်ပြည်သူများအနေဖြင့် PPNM Page Cbမှ တဆင့် လှူဒါန်းနိုင်ကြောင်း အသိပေး ထား သည်။

 

အင်အားပြင်း ငလျင်ကြောင့်သာမက ဟောင်းနွမ်းသည့် အကျဉ်းထောင်အဆောင်များတွင် လူထူ ထပ်စွာ ဖမ်းဆီးထားရှိ၍ အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ များလည်း ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ကထုတ် ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Human Right News

Human Right News

မြတ်သူ (ခ) သိန်းဇော်ဝင်း ဦးဆောင်သော YDF တပ်ဖွဲ့က ဒေသနေလူငယ်များကို ဖမ်းဆီးကာ တပ် ထဲ ထည့်သွင်းခြင်း၊ ပကဖတပ်ဖွဲ့ဝင်များကိုလည်း ရှေ့တန်းသွားရမည်ဟု လိမ်လည်ခေါ်ဆောင်ကာ တပ်သားအဖြစ်စုဆောင်းခြင်းတို့လုပ်ဆောင်နေမှုကြောင့် ဒေသနေပြည်သူများကြောက်လန့်နေရ   သံလွင်မြန်မာသတင်း မေလ ၂၉   မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အခြေစိုက် မြတ်သူ (ခ)သိန်းဇော်ဝင်းဦးဆောင်သော...