Jail News

Jail News

စစ်ဘက်အကျဥ်းထောင်များနှင့်အချုပ်ခန်းများ၏ စီမံခန့်ခွဲမှုများ သက်ဆိုင်ရာလုပ်ထုံးလုပ်နည်း မူ ဘောင်များနှင့်အညီ ဖြစ်စေရေး တည်မြဲ အမိန့် ထုတ်ပြန်

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၆

 

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ စစ်ဘက်အကျဥ်းထောင် များနှင့်အချုပ်ခန်းများ၏ စီမံခန့်ခွဲမှုအား သက်ဆိုင်ရာလုပ်ထုံးလုပ်နည်း မူဘောင်များနှင့်အညီ ဖြစ်စေ ရေးအတွက် PDF တပ်မတော် စစ်ဦးစီးချုပ်က ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ရက်စွဲဖြင့် အမိန့် အ မှတ် (၆၂/၂၀၂၅) ကို အတည်ပြုထုတ်ပြန်လိုက်ကြောင်း သိရသည်။

 

အဆိုပါ အမိန့်တွင် –

 

(၁) စစ်ဘက်အကျဥ်းထောင်များနှင့်အချုပ်ခန်းများတွင် ပြစ်ဒဏ်ကျခံနေရသူများ၊ အချုပ်ခံနေရသူ များနှင့်ပတ်သတ်၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဥ်းစည်းကမ်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ရသင့်ရထိုက်သော အခွင့်အရေးများ ခံစားနိုင်ရေးနှင့်အမှုများ စစ်ဆေးရာတွင် ကြန့်ကြာမှုမရှိစေရေး အတွက် စစ်ဥပဒေရုံးက စစ်ဆေးကြည့်ရှု့ဆောင်ရွက်ရန်။

 

(၂) စစ်ဆေးကြည့်ရှု့ရာတွင် အကျဥ်းသား/ အချုပ်သား ဦးရေ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ နေထိုင် စားသောက်မှု စသည့် အကျဥ်းသား/ အချုပ်သား အခွင့်အရေးများ ရရှိခြင်း ရှိ/မရှိ၊ အမှုများ စုံစမ်း စစ် ဆေးရာတွင် ကြန့်ကြာမှု ရှိ/မရှိ၊ ဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း ချုပ်နှောင်ထားခြင်း ရှိ/မရှိ တို့ကို စိစစ်ဆောင်ရွက်ရန် စသည့် ညွှန်ကြားချက်များပါဝင်ကြောင်း သိရသည်။

Photo – NUG အုပ်ချုပ်ရေးနယ်မြေရှိ အကျဥ်းထောင်သို့ အဆိုတော် မိုင်းမိုင်ဆိုင်း လာရောက်ဖျော် ဖြေစဥ်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
CDM News

CDM News

ထားဝယ်မြို့အခြေစိုက် ခမရ ၄၀၁ တပ်ရင်းမှ စစ်သား ၁ ဦးလက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်   သံလွင်မြန်မာသတင်း မေလ ၂၃   တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၀၁ တပ်ရင်းမှ စစ်သား ၁ ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်...