အိုးဘိုအကျဥ်းထောင်တွင် ငလျင်ဒဏ်ကြောင့် ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိသူများကို ဆေးကုသခွင့် မပေးပဲ ပိတ်ပင်တားဆီး
သံလွင်မြန်မာသတင်း
ဧပြီလ ၄
မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်တွင် ငလျင်ဒဏ်ကြောင့် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးကုသခွင့်မပေးပဲ ပိတ်ပင်တားဆီးလျက်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသား များကွန်ရက်- PPNM က ထုတ်ပြန်သည်။
မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် အိုးဘို အကျဉ်းထောင်အတွင်းရှိ အမျိုးသမီး အဆောင်များဖြစ်သော အဆောင် ၁ / ၂ နှင့် အမျိုးသမီးဆေးရုံဆောင်များပြိုကျပျက်ဆီးခြင်းနှင့်အတူ အမျိုးသားအဆောင် အလုပ်ရုံအပါအဝင် အဆောင်များနှင့် ကာရံထားသည့်အုတ်ရိုးများ ပြိုကျခဲ့ ကြောင်း သိရသည်။
ငလျင်ကြောင့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦး သေဆုံးပြီး ကျား/မအတည်ပြုရန်လိုအပ်နေဆဲ ၁ ဦး အပါအဝင် စုစုပေါင်း ၄ ဦးသေဆုံးမှုကို အတည်ပြုထားနိုင်ကြောင်း PPNM က ပြောဆိုသည်။
ငလျင်ကြောင့် ပြင်းထန်သည့်ထိခိုက်ဒဏ်ရာကြောင့် စိုးရိမ်ရသူ ၉ ဦးရှိပြီး ဆေးရုံတက်ရန် လိုအပ်သူ ၄၀ ကျော်ရှိကြောင်း၊ အချို့ထိခိုက်ဒဏ်ရာများသည် အကျဉ်းထောင်များတွင် ကုသရန်မလွယ်ကူ၍ ပြင်ပဆေးရုံသို့ ပို့ဆောင်ရန် လိုအပ်လျက်ရှိသော်လည်း ကုသခွင့်မရပဲ ယနေ့အချိန်ထိ ကန့်သတ်ခံ ထားရသူများစွာရှိကြောင်း သိရသည်။
ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူများမှာ မိသားစုဝင်များနှင့် ဆက်သွယ်တွေ့ဆုံခွင့်မရသည့် အခြေ အနေများလည်း ရင်ဆိုင်ကြုံတွေ့နေရပြီး လက်ရှိ အကျဉ်းထောင်တွင် ဆေးဝါး ပစ္စည်းများ ဖြစ်သည့် အရက်ပြန် ၊ဂွမ်း ၊ အနာကျက်ဆေးရည်၊ ပတ်တီး စသည့်တို့ လိုအပ်လျက်ရှိကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media