Jail News

Jail News

မုံရွာရဲစခန်းအချုပ်မှ LGBT နိုင်ငံရေးအကျဉ်းသားတစ်ဦး ဆေးကုသခွင့်မရတဲ့ အတွက် ကျဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၆

 

မုံရွာမြို့မရဲစခန်းအချုပ်မှာ LGBT တစ်ဦးဖြစ်သူ နိုင်ငံရေးအကျဉ်းသား ဘုံဘုံ ဆေးရုံတက်ရောက် ကုသခွင့်မရခဲ့တဲ့အတွက် ကျဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်း သားများကွန် ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။

 

ကျောက်ကပ်ရောဂါနဲ့ အတွင်း အကြောတက် ဝေဒနာကို ပြင်းထန်စွာခံစားနေရတဲ့ LGBT လိင်စိတ် ခံယူထားသူ နိုင်ငံရေးအကျဉ်းသား ဘုံဘုံဟာ ဆေးကုသခွင့်မရ ခဲ့တဲ့အတွက် မနေ့က (ဒီဇင်ဘာလ ၂၅ ရက်)နေ့က မုံရွာမြို့မ ရဲစခန်းအချုပ်အတွင်းမှာ ကျဆုံးခဲ့ရတာဖြစ်ပါတယ်။

 

နိုင်ငံရေးအကျဉ်းသား ဘုံဘုံရဲ့ ကျန်းမာရေးဟာ နိုဝင်ဘာလ ဒုတိယအပတ်ကစလို့ ကျောက်ကပ် ရောဂါ ဝေဒနာဆိုးရွားလာခဲ့တဲ့အတွက် ဆေးဝါးကုသခွင့်ရဖို့ မြို့မရဲစခန်းတာဝန်ရှိသူတွေကို တင်ပြခဲ့ တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မြို့မရဲစခန်း တာဝန်ရှိသူတွေက ဘုံဘုံကို ဆေးရုံ ပို့ဆောင်ကုသခြင်းမပေးခဲ့ပဲ အချုပ်ခန်း တွင်းထဲမှာသာ ဆလိုင်းချိတ်ကာ ယာယီကုသပေးပြီး ထပ်မံချုပ်နှောင်ထားခဲ့တယ်လို့ သိရပါတယ်။

 

ဒီဇင်ဘာလ ဒုတိယအပတ်ကစလို့ ဘုံဘုံအနေအထားက လမ်းကောင်းစွာ မလျှောက်နိုင်တော့တဲ့ အပြင် အစာမာတွေကိုလည်း စားသောက်နိုင်ခြင်းမရှိပဲ ကျန်းမာရေးပိုမိုဆိုးရွားလာခဲ့တယ်လို့ သိရပါတယ်။

 

၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က မုံရွာမြို့ အောင်ဇေယျရပ်ကွက် အိုးရှင်းစင်တာအနီးမှာ အ ကြမ်းဖက် စစ်ကောင်စီ စစ်တပ် တပ်ဖွဲ့ဝင် စစ်သားနဲ့ရဲတွေက ဘုံဘုံကို ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀ (ည) ၊ ပုဒ်မ ၅၂ (က) ၊ ၅၂ (ခ)တို့ တပ်ကာ တရားစွဲခဲ့ပါတယ်။

 

အဲလိုတရားစွဲခဲ့အတွက် ဒီဇင်ဘာ ၂၃ ရက်နေ့က ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ပါတယ်။

 

နိုင်ငံရေးအကျဉ်းသား ဘုံဘုံဟာ ဖမ်းဆီးခြင်းမခံရခင်က မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသား များကွန်ရက်ရဲ့ အဖွဲ့ဝင်တစ်ဦးအဖြစ် နိုင်ငံရေးအကျဉ်းသား အကျဉ်းသူများအရေးကို ဆောင်ရွက် လုပ် ကိုင်ခဲ့သူဖြစ်ပါတယ်။

 

မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)အဖွဲ့သူ၊အဖွဲ့သားတွေအနေနဲ့ ဘုံဘုံ ကျဆုံးမှုအပေါ် နှမျောဝမ်းနည်းခြင်းများစွာဖြစ်ရသလို  ဦးညွတ်အလေးပြုပါတယ်လို့ မြန်မာ နိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးထက်မနည်းသေဆုံးပြီး ၂၀ ကျော် အပြင်းအထန် ဒဏ်ရာရ

ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးထက်မနည်းသေဆုံးပြီး ၂၀ ကျော် အပြင်းအထန် ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၂ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများအပါအဝင် ကလေး ငယ် ၁၈ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် -AA က သတင်းထုတ်ပြန် သည်။ ယနေ့ စက်တင်ဘာလ...