Internet News

Internet News

ရှမ်းတောင်တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများဖြတ်တောက်ထားပြီး လိုင်းပြန်ပွင့်လာသည့် တယ် လီနော(Atom) ဆင်းကဒ်တစ်ကဒ်လျှင် ကျပ် ၂ သောင်းကျော်ဈေးနှုန်းပေါက်နေ

 

D Day News

စက်တင်ဘာလ ၁၇

 

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရပြီး လိုင်းပြန်ပွင့် လာသည့် တယ်လီနော(Atom) ဆင်းကဒ်တစ်ကဒ်လျှင် ကျပ် ၂ သောင်းကျော်ဈေးနှုန်းပေါက်နေ ကြောင်း ဒေသနေပြည်သူများထံမှ သိရသည်။

 

စက်တင်ဘာလ ၈ ရက်နေ့က အကြမ်းဖက်စစ်တပ်၏ စီးပွားရေးထောက်တိုင် Mytel ဆင်းကဒ်များ ပိတ်သွားပြီး စက်တင်ဘာလ ၁၁ ရက်နေ့မှ စ၍ ဖုန်းလိုင်းအားလုံးပြတ်တောက်သွားကြောင်း၊ စက် တင်ဘာလ ၁၄ ရက်နေ့တွင် တယ်လီနော (Atom) လိုင်းတစ်ခုသာပြန်ပွင့်လာသော်လည်း ဖုန်းပြော ၍ မရပဲ စက်တင်ဘာလ ၁၅ ရက်နေ့ရောက်မှ ဖုန်းပြော၍ ရကြောင်း၊ ယင်းနေ့မှစ၍ တယ်လီနော (Atom) ဆင်းကဒ်ဈေးနှုန်းများတက်သွားပြီး တစ်ကဒ်လျှင် ၂ သောင်းကျပ်နှုန်းဖြင့် ပေးဝယ်နေရ ကြောင်း သိရသည်။

“ဘာရယ်လို့မသိဘူး။ ၈ ရက်နေ့က မိုင်တဲကဒ်တွေ ပိတ်တယ်။ ၁၁ ရက်နေ့ရောက်တော့ ကဒ်အားလုံး ပိတ်တယ်၊ ၁၄ ရက်နေ့ရောက်တော့ Atom လိုင်းဖွင့်တယ်။ သုံးလို့တော့ မရဘူး။ ၁၅ ရက်နေ့ရောက်မှ ဖုန်းပြောလို့ရတာ။ အဲဒီနောက်ပိုင်း ဆင်းကဒ်ဈေးတွေတက်သွားတာ။ မိုင်တဲ ၊ MPT ၊ အောရီဒူးသုံးလို့ မရသေးဘူး။ အင်တာနက်လိုင်းလည်းဖြတ်ခံထားရတယ်၊ Wifi ပါမရဘူး။” ဟု ဒေသနေပြည်သူ တစ်ဦးက ပြောကြားသည်။

 

ထိုသို့ တယ်လီနော(Atom) ဆင်းကဒ်တစ်လျှင် ကျပ် ၂ သောင်းဈေးနှုန်းပေါက်နေသော်လည်း လိုသလောက်မှာယူပေး၍ မရကြောင်း ဆင်းကဒတ်ရောင်းဝယ်သူများထံက သိရသည်။

 

“ATOMက ပုံမှန်စျေး တစ်ကဒ် ၅၀၀၀ ပဲလေ သူ့ တစ်မျိုးပဲ သုံးလို့ရတော့ စျေးက အဆမတန်းမြှင့်ပြီး ရောင်းနေကျတာပေါ့ ၊အခြားကဒ်တွေ သုံးမရဘူးလေ၊ စျေးကွက်မှာ ကဒ်တွေက ရောင်းဖို့မရှိတော့ ဘူး ပြန်မှာထားတာလဲ ဘယ်အချိန်ရောက်မယ် မသိဘူးလေ “ဟု ဆင်းကဒ်ရောင်းချသူ တစ်ဦးက ပြောကြားသည်။

 

အဆိုပါ ဆင်မ်းကဒ်အား အသုံးပြုသူများ အနေဖြင့် အင်တာနက်အသုံးပြုရန် အဆင်မပြေသော်လည်း ရပ်ဝေးရောက်နေကျသည့် မိဘဆွေမျိုးများနှင့် အဆက်အသွယ် မပြတ်ရန်အတွက် မဖြစ်မနေ အသုံး ပြုနေရပြီး ATOM ဆင်မ်းကဒ် တစ်ကဒ်လျှင် ၈၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ် ကျော်ထိ စျေးမြှင့်တက် လျက်ရှိသော်လည်း လမ်းပန်းဆက်သွယ်ရေးကြောင့် ဆင်မ်းကဒ်များ ပြတ်လပ်သွားနိုင်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

ငါန်းဇွန်မြို့နယ်၊ မြို့သာဆေးရုံအနီး ဂိတ်ချဆက်ကြေးကောက်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးပွဲချင်းပြီးသေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၁၇   မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာဆေးရုံအနီးတွင် ဂိတ်ချကာ ဆက်ကြေးကောက် နေသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃...