Internationl News

Internationl News

ယူကရိန်းနိုင်ငံရဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့် စွန့်လွှတ်ရမှုက မျက်မှောက်အခက်အခဲတွေ ရင်ဆိုင်နေရ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၆

 

လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က ယူကရိန်းဟာ နျူကလီးယားလက်နက်ပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်ခဲ့ရလို့ ဒီနေ့ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးနှင့် စစ်ရေးအခက်အခဲတွေကို ရင်ဆိုင်နေရတာပါ။

 

အခု လက်ရှိ ယူကရိန်းနိုင်ငံအပေါ် ရုရှားရဲ့ ကျူးကျော်မှုဟာ နိုင်ငံတကာအဆင့်မှာ အရေးပါတဲ့ အ ကြောင်းအရာဖြစ်လာတဲ့အတွက် ယူကရိန်းနိုင်ငံကို ကာကွယ်ပေးဖို့ ကမ္ဘာ့ကုသလမဂ္ဂအပါအဝင် အဖွဲ့ဝင် နိုင်ငံ တိုင်းက တာဝန်ရှိနေတာပါ။

 

၁၉၉၄ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ Budapest Memorandum on Security Assurances အရ ယူကရိန်း၊ ဘီလာရုစ်နဲ့ ကာဇတ်စတန်နိုင်ငံတို့ နျူကလီးယားလက်နက်ပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်ဖို့ သဘောတူခဲ့ကြရပါတယ်။

အဲဒီသဘောတူညီမှုအရ အမေရိကန်၊ ယူနိုက်တက်ကင်းဒမ်း – UK ၊ ပြင်သစ်၊ တရုတ်နဲ့ ရုရှားတို့က ယူကရိန်းရဲ့ လွတ်လပ်မှုနှင့် နယ်မြေတည်ငြိမ်မှုအာမခံချက်တွေကို ပေးဖို့ သဘောတူညီထားခဲ့တာ ပါ။

 

အဲဒီအချိန်က ယူကရိန်းနိုင်ငံနိုင်ငံအနေနဲ့ ဥရောပလုံခြုံရေးစီမံကိန်းတွေနဲ့ နိုင်ငံတော်လုံခြုံရေး အ တွက် အာမခံချက်ရရှိတာကြောင့် ပူးပေါင်းခဲ့တာဖြစ်ပါတယ်။

 

ဒါပေမယ့်လို့ ရုရှားနိုင်ငံဟာ သဘောတူညီချက်ကို ချိုးဖောက်ကာ ယူကရိန်းနိုင်ငံအပေါ်မှာ အမြဲတမ်း ရန်စနေခဲ့ပါတယ်။

 

ယူကရိန်းနိုင်ငံရဲ့ နျူကလီးယားလက်နက်စွန့်လွှတ်မှုဟာ ရုရှားရဲ့ စစ်ဆင်ရေးနဲ့ အကြမ်း ဖက်မှုတွေ မကြာခဏ ခံခဲ့ရပြီးနောက် ၂၀၂၂ ခုနှစ်မှာ ရုရှားနိုင်ငံက ယူကရိန်းကို အပြည့်အဝ ကျူးကျော် စစ်ဆင် မှုကို စတင်လုပ်ဆောင်ခဲ့ပါတယ်။

 

အကယ်၍ ယခင်အချိန်က နူးကလီးယား လက်နက်ပိုင်ဆိုင်ရေးမစွန့်လွှတ်ခဲ့ရဘူးဆိုရင် ရုရှားနိုင်ငံ အနေနဲ့ အခုလို့ ကျူးကျော်ရဲမှာမဟုတ်သလို ယူကရိန်းနိုင်ငံအနေနဲ့လည်း စစ်ရေးအကူအညီတွေ ပြည်ပနိုင်ငံကို တောင်းဆိုနေရမှာမဟုတ်ပါဘူး။

 

နူးကလီးယား စွန့်လွှတ်ရမှု မှတ်တိုင်အဖြစ် ပြုထားတဲ့ သမိုင်းသက်သေ ပြတိုက်က ယူကရိန်း နိုင်ငံ မှာ အခုချိန်အထိ မြင်တွေ့နေရဆဲဖြစ်ပါတယ်။

 

ယူကရိန်းနိုင်ငံ၊ အလယ်ပိုင်း Pervomais’k မြို့အနီးရှိ ဒုံးပျံပစ်လွှတ်စခန်းဟောင်းကို ပြတိုက်အဖြစ် ပြောင်းလဲထားတာ၊ ယခင်က နျူကလီးယားလက်နက်တွေ တပ်ဆင်ထားတဲ့ ဒုံးပျံမော်တာတွေ ကို ဖျက်ဆီးထားတွေ တွေ့မြင်နေရဆဲဖြစ်ပါတယ်။

 

ယူကရိန်းနိုင်ငံ အနေနဲ့ နျူကလီးယားလက်နက်ပိုင်ဆိုင်ခွင့်ကို လက်လွှတ်လိုက်ရတာကြောင့် ရုရှား နိုင်ငံရဲ့ ကျူးကျော်စစ်ကို ခက်ခဲပင်ပန်းစွာ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

 

ပြတိုက်မှာ ပြသထားတဲ့ နျူကလီးယား လက်နက်တွေနဲ့ဆိုင်တဲ့ သမိုင်းပုံရိပ်တွေဟာ ဒီနေ့ ယူကရိန်း ရင်ဆိုင် ကြုံတွေ့နေရတဲ့ စစ်ဆင်ရေးအခြေ အနေကို ကွင်းကွင်းကွက်ကွက် မြင်လာအောင် ရှင်းလင်း ပြသနေပါတယ်။

 

သခင်ဇော်ကြီး ဘာသာပြန်သည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Story

Story

အတ္တကြေးမုံ (ဝတ္ထုတို)   ပျိုးကြဲလက်   ငြင်သာစွာ စတင်ခဲ့တဲ့ အရွေ့တစ်ခုမှသည် တစ်စုံတစ်ယောက်က ရုတ်တရက် ပင့်မြှောက်လိုက်လေ သလား။   ဆတ်ခနဲ လူတစ်ကိုယ်လုံး မိုးပေါ်မြောက်တက်သွား သလို ခံစားလိုက်ရပါတယ်။   ခံစားချက်နဲ့အတူ ဝင်ရောက်လာတဲ့ အသိတခုက လေယာဉ်ပျံ စထွက်ပြီ။  ...