International News

International News

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နယ်ခြားစောင့်တပ်စခန်းများတွင် WFP အမှတ်တံဆိပ်ပါ ရိက္ခာအိတ်များ တွေ့ရှိမှုသည် လူသားချင်းစာထောက်ထားမှုအကူအညီများအပေါ် အလွဲသုံးစားလုပ်ခြင်းဖြစ်သည်ဟု WFP ထုတ်ပြန်

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၈

 

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နယ်ခြားစောင့်တပ်စခန်းများတွင် WFP အမှတ်တံဆိပ်ပါ ရိက္ခာအိတ်များ တွေ့ရှိမှုသည် လူသားချင်းစာထောက်ထားမှုအကူအညီများအပေါ် အလွဲသုံးစားလုပ်ခြင်းဖြစ်ကြောင်း WFP ထုတ်ပြန်သည်။

 

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နယ်ခြားစောင့်တပ်များ အသုံးပြုခဲ့သည့် အဆောက် အဦ တစ်ခုတွင် WFP အမှတ်အသားပါရှိသော ရိက္ခာအိတ်များ တွေ့ရှိရသည်ကို သတင်းဖော် ပြချက်များ အရ သိရှိရကြောင်း၊ လက်ရှိတွင် ထိုအရပ်ဒေသသို့ သွားရောက်ရန်ခက်ခဲမှုကြောင့် ဖြစ်စဥ်အသေး စိတ်ကို အတည်မပြုနိုင်သေးကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ် ဇွန်လတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်ရှိ WFP သိုလှောင်ရုံကို ဖောက် ထွင်းလုယက်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ထိခိုက်အလွယ်ဆုံးသော ရပ်ရွာလူထုအတွက် ရည်ရွယ်သည့် လူသားချင်းစာနာထောက်ထားမှု အကူ အညီများအပေါ် အလွဲသုံးစားပြုလုပ်မှုမှန်သမျှသည် လက်ခံနိုင်ဖွယ်မရှိကြောင်း၊ ထိုလုပ်ရပ်များသည် ကယ်ဆယ်ရေးအထောက်အပံ့များအား အရေးပေါ်လိုအပ်နေသူများကို ထိခိုက်နစ်နာစေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ပြောဆိုထားသည်။

ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသူအဖွဲ့များအားလုံးအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ မှု ဆိုင်ရာ ဥပ‌ဒေပါ တာဝန်ဝတ္တရားများကို လိုက်နာကြရန် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က တောင်းဆိုလိုက်သည်။

 

၎င်းတို့အနေဖြင့် လူသားချင်းစာနာမှုဆိုင်ရာဝန်ထမ်းများနှင့် အထောက်အပံ့ပစ္စည်းများကို လေးစား ပြီး ကာကွယ်စောင့်‌ရှောက် ရမည်ဖြစ်သည်ဟု ဆိုသည်။

 

မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာဖူလုံမှု အခြေအနေသည် တစ်နေ့တခြား ပိုမိုဆိုးရွားလာလျက်ရှိပြီး လက်ရှိ ဖြစ်ပွားနေသော ပဋိပက္ခများအပြင် မကြာသေးမီကဖြစ်ပေါ်ခဲ့သော ရာသီဥတုဖောက်ပြန်မှုများနှင့် စီးပွားရေးကျဆင်းမှုများကြောင့် နိုင်ငံအနှံ့အပြားတွင် ဆာလောင်မွတ်သိပ်မှုနှင့် အာဟာရချို့တဲ့မှု အခြေအနေများ ပိုမိုဆိုးရွားလာနေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

 

၂၀၂၄ ခုနှစ်တွင် နိုင်ငံတစ်ဝန်းရှိ လူဦးရေ ၁ ဒဿမ ၇ သန်းသည် WFP ၏ စားနပ်ရိက္ခာအထောက် အပံ့၊ အာဟာရပြည့်ဝရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ရေး အစီအစဥ်များမှတစ်ဆင့် အကူအညီများ ရရှိခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

 

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထား မှုအကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်ပြီး အရေးပေါ်အခြေအနေများတွင် လူ့အသက် ကယ်တင် ခြင်းနှင့် စားနပ်ရိက္ခာအထောက်အပံ့များမှတစ်ဆင့် ပဋိပက္ခ၊ သဘာဝဘေး အန္တရာယ်များနှင့် ရာသီ ဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုများမှ ပြန်လည်ထူထောင်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို ဖော်ဆောင်တည်ဆောက်လျက်ရှိကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
International News

International News

အာစီယံ၏ မြန်မာ့ရေးဆောင်ရွက်ချက်များအပေါ် စိတ်ပျက်မိဟု မြန်မာနိုင်ငံအတွက်အထူး အကြံ ပေးကောင်စီ - SAC – M ထုတ်ပြန်   သံလွင်မြန်မာသတင်း မေလ ၃၀   အာစီယံ၏ မြန်မာအရေးဆောင်ရွက်ချက်အပေါ် စိတ်ပျက်မိဟု မြန်မာနိုင်ငံအတွက် အထူးအကြံပေး ကောင်စီ - SAC-M က...