International News

International News

နိုင်ငံတကာရေးရာများတွင် ဩဇာကြီးသော သုတေသနစာတမ်းများ ရေးသားထုတ်ပြန်နေသည့် Lowy Institute အဖွဲ့နှင့် NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်တို့ တွေ့ဆုံပြီး လက်ရှိ မြန်မာ့ အရေးဆွေးနွေး

 

D Day News

ဇွန်လ ၁၄

 

နိုင်ငံတကာရေးရာများတွင် ဩဇာကြီးသော သုတေသနစာတမ်းများ ရေးသားထုတ်ပြန်နေသည့် Lowy Institute အဖွဲ့နှင့် NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်တို့ တွေ့ဆုံပြီး လက်ရှိ မြန်မာ့ အရေးဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ဇွန်လ ၁၃ ရက်နေ့က ဩစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ ဩစတြေးလျနိုင်ငံအတွက် အရေးပါသော နိုင်ငံတကာရေးရာများတွင် ဩဇာကြီးသော သုတေသနစာတမ်းများ ရေးသားထုတ်ပြန်နေသည့် ထိပ်တန်းသုတေသနအဖွဲ့တခုဖြစ်သော Lowy Institute သို့ အမျိုးသားစည်းလုံးညီညွတ်ရေး အစိုးရ ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်အဖွဲ့ သွားရောက်ပြီး တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်ရာတွင် အင်စတီကျု့၏ အမှုဆောင်ဒါရိုက်တာ Dr Michael Fullilove AM က ကြို ဆိုခဲပြီး အင်စတီကျု့ အတွင်း လှည့်လည်ပြသ၍ သမိုင်းကြောင်းနှင့် အခန်းကဏ္ဍကို အသေးစိတ် ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

 

ထို့နောက် ၀န်ကြီးနှင့်အတူ သြစတြေးလျနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဒေါက်တာထွန်းအောင် ရွှေတို့သည် အင်စတီကျု့၏ သုတေသနညွှန်ကြားရေးမှူး Mr. Hervé Lemahieu ဦးဆောင်သော အဖွဲ့အား တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေ၊ NUG ၏ ရည်မှန်းချက် ဖြစ်သော စစ်အာ ဏာရှင် စနစ်ကို အဆုံးသတ်ရန်နှင့် မြန်မာနိုင်ငံတွင် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင် စု ကို ထူထောင်‌ရေး ကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့ခံထားရသည့် စစ်ကောင်စီလက်အောက်ခံ မြန်မာ့ UAB ဘဏ်ကို ဝန် ဆောင်မှုပေးသူအဖြစ် ဆောင်ရွက်နေသည့် ဂျပန်ငွေပေးချေရေးကုမ္ပဏီ JCB ကို ဆန်းစစ်ပေးရန် တောင်းဆို

နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့ခံထားရသည့် စစ်ကောင်စီလက်အောက်ခံ မြန်မာ့ UAB ဘဏ်ကို ဝန် ဆောင်မှုပေးသူအဖြစ် ဆောင်ရွက်နေသည့် ဂျပန်ငွေပေးချေရေးကုမ္ပဏီ JCB ကို ဆန်းစစ်ပေးရန် တောင်းဆို

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၆ နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့ခံထားရသည့် အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ မြန်မာ့ UAB ဘဏ်ကို ဝန်ဆောင်မှုပေးသူအဖြစ် ဆောင်ရွက်နေသည့် ဂျပန်ငွေပေးချေရေးကုမ္ပဏီ JCB ကို ဆန်း စစ်ပေးရန် တောင်းဆို Justice For Myanmar က တိုက်တွန်းတောင်းဆိုလိုက်သည်။ UAB ဘဏ်သည် နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုများ...