International News

International News

အာစီယံအနေဖြင့် စစ်အုပ်စုနှင့် စီးပွားရေး၊ စစ်ရေး အပါအဝင် ထိတွေ့ဆက်ဆံမှုအားလုံးကို အဆုံး သတ်ပြီး မြန်မာနိုင်ငံ၏ တရားဝင်ကိုယ်စားလှယ်များနှင့်သာ တရားဝင်ထိတွေ့ဆောင်ရွက်ရန်အရပ် ဖက်အဖွဲ့အစည်းများ တိုက်တွန်း

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၈

 

အာစီယံအနေဖြင့် အာစီယံအနေဖြင့် စစ်အုပ်စုနှင့် စီးပွားရေး၊ စစ်ရေး အပါအဝင် ထိတွေ့ဆက်ဆံမှု အားလုံးကို အဆုံး သတ်ပြီး မြန်မာနိုင်ငံ၏ တရားဝင်ကိုယ်စားလှယ်များနှင့်သာ တရားဝင်ထိတွေ့ ဆောင်ရွက်ရန်အရပ် ဖက်အဖွဲ့အစည်းများ တိုက်တွန်းတောင်းဆိုလိုက်သည်။

 

အာဆီယံ၏ “မြန်မာပိုင်၊ မြန်မာဦးဆောင် ဖြေရှင်းမှု” ရည်ရွယ်ချက်အပေါ် အရပ်ဘက် အဖွဲ့အစည်း များက အကြံပြုတိုက်တွန်းလိုက်ခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံအကျပ်အတည်းအတွက် မြန်မာပြည်သူများ ဦးဆောင်သော ပြည်သူကိုဗဟိုပြုသည့် ဖြေ ရှင်းချက် ရရှိနိုင်ရန် ဘုံသဘောတူညီချက် ၅ ရပ်ကို ကျော်လွန်ဆောင်ရွက်ရမည်ဖြစ်ပြီး အာဆီယံ၏ “မြန်မာပိုင်၊ မြန်မာဦးဆောင်” ချဉ်းကပ်မှုသည် မြန်မာပြည်သူများ၏ စုပေါင်းဆန္ဒကို ထောက်ခံပံ့ပိုး ပေးသည့် စစ်မှန်သောနိုင်ငံရေးဆန္ဒဖြင့် ကျောထောက်နောက်ခံပြုရန်လိုအပ်ကြောင်း ထောက်ပြ ထားသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ တော်လှန်ရေး အင်အားစုများနှင့် အရပ်ဘက်လူထုအဖွဲ့အစည်းများအပေါ် ဖိအားပေးမှုအားလုံးကို ရပ်တန့်၍ စစ်အုပ်စုအား လုံးလုံးလျားလျား ဖယ်ထုတ်ထားသည့်ပြည်တွင်းနိုင် ငံရေး ဆွေးနွေးညှိ နှိုင်းမှု လုပ်ငန်းစဉ်ကို ထောက်ခံအားပေးရန်လိုအပ်သည်ဆိုသည်။

 

စစ်အုပ်စုနှင့် စီးပွားရေး၊ စစ်ရေး အပါအဝင် ထိတွေ့ဆက်ဆံမှုအားလုံးကို အဆုံးသတ်ပြီး မြန်မာနိုင်ငံ ၏ တရားဝင်ကိုယ်စားလှယ်များနှင့် တရားဝင်ထိတွေ့ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို လူသိရှင်ကြား ရှုတ်ချပြီး ထောက်ခံမှုများ သို့မဟုတ် ထောက်ခံမည့် အစီအစဉ်အားလုံးကို ရပ်တန့်ရမည်ဖြစ်ကြောင်း အသိပေးထားသည်။

 

တရားဝင်မှုရှိသော သက်ဆိုင်သူများ၊ အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ပြည်တွင်း နေရပ် စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ (IDP) များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ များကိုလည်း နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများမှတစ်ဆင့် ပေးအပ်ရန် အရပ်ဘက် အဖွဲ့အစည်းများက တောင်းဆိုထားသည်။

 

စစ်ရာဇ၀တ်မှုများ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇ၀တ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှု ဆိုင် ရာ ကျူးလွန်မှုများအတွက် နိုင်ငံတကာဥပဒေအောက်တွင် မြန်မာစစ်တပ်ကို တာဝန်ခံစေရန်အ တွက် နိုင်ငံတကာနှင့် မြန်မာပြည်သူများ၏ ကြိုးပမ်းမှုများတွင် ပူးပေါင်းပါဝင်ပေးရန် ဆက်လက် တောင်းဆိုထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ ပြသနာကို ဖြေရှင်းရာတွင် စစ်အာဏာရှင် စနစ် ကို ချုပ်ငြိမ်းနိုင်မှသာလျှင် ရလဒ်ကောင်းဖော်ဆောင်နိုင်မည်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြော

ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ ပြသနာကို ဖြေရှင်းရာတွင် စစ်အာဏာရှင် စနစ် ကို ချုပ်ငြိမ်းနိုင်မှသာလျှင် ရလဒ်ကောင်းဖော်ဆောင်နိုင်မည်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြော

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ ပြသနာကို ဖြေရှင်းရတွင် စစ် အာဏာရှင် စနစ်ကို ချုပ်ငြိမ်းနိုင်မှသာ ရလဒ်ကောင်းဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။ စက်တင်ဘာလ ၃၀ ရက်နေ့က နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင်...