International News

International News

ဆီရီးယားနိုင်ငံက ထွက်ပြေးသွားတဲ့ သမ္မတဟောင်း ဘာရှာအယ်အာဆက် ရုရှားနိုင်ငံမှာ ရောက်ရှိ ခိုလှုံ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၉

 

ဆီးရီးယားနိုင်ငံက ထွက်ပြေးသွားတဲ့ သမ္မတဟောင်း ဘာရှာအယ်အာဆတ် ရုရှားနိုင်ငံမှာရောက်ရှိ ခိုလှုံနေတယ်လို့ ရိုက်တာသတင်းဌာနက ရေးသားထားပါတယ်။

 

မနေ့က ဒီဇင်ဘာလ ၈ နေ့က ဆီးရီးယားတော်လှန်ရေးအဖွဲ့တွေ ဆီးရီးယားမြို့တော် ဒမတ်စကဒ်ကို ရောက်ရှိသိမ်းပိုက်ချိန် သမ္မတ ဘာရှာအယ်အာဆတ်က လေယာဉ်နဲ့ထွက်ပြေးသွားတာြဖစ်ပါတယ်။

 

အာရှာအယ်အာဆတ် ရှရှားနိုင်ငံမော်စကိုမြို့ကို ရောက်ရှိနေတဲ့အကြောင်း ကရင်မလင်သတင်းရင်း မြစ်တစ်ခုက ရုရှားသတင်းအေဂျင်စီတစ်ခုကို အတည်ပြုပေးခဲ့တယ်လို့ သိရပါတယ်။

“ဆီးရီးယားသမ္မတ အာဆတ်နဲ့ သူ့မိသားစုတွေ မော်စကိုကို ရောက်လာပါပြီ။ ရုရှားက သူတို့ကို လူ သားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြောင်းပြချက်နဲ့ ခိုလှုံခွင့်ပေးထားပါတယ်” လို့ ပုဂ္ဂလိက ပိုင် Interfax သတင်းဌာနနဲ့ နိုင်ငံပိုင်မီဒီယာတို့က အမည်မဖော်လိုတဲ့ ကရင်မလင် သတင်းရင်းမြစ်ကို ကိုးကားဖော်ပြခဲ့ပါတယ်။

 

ဆီးရီးယားရှိတဲ့ ရုရှားစစ်အခြေစိုက်စခန်းတွေနဲ့ သံတမန်အဖွဲ့အစည်းတွေရဲ့ လုံခြုံရေးကို ဆီးရီးယား တော်လှန်ရေးတပ်ဖွဲ့တွေက အာမခံ သဘောတူခဲ့တယ်လို့လည်း သိရပါတယ်။

 

ဆီးရီးယားနိုင်ငံ Latakia ပြည်နယ်မှာ ရုရှားရဲ့ Hmeimim လေတပ်စခန်းနဲ့ ကမ်းရိုးတန်းမှာ Tartous ရေတပ် စခန်းတို့ ရှိနေတာပါ။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အရပ်သားပြည်သူလူထုအပေါ် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် စနစ်တကျသတ် ဖြတ်နေမှုကို ထုတ်ဖော်ပေးပါရန်အပါအဝင် အချက် ၅ ချက်ကို NUG၊ CRPH အပါအဝင် တော်လှန် ရေးအဖွဲ့အစည်း ၂၀ ခု က အာစီယံကို တောင်းဆို

အရပ်သားပြည်သူလူထုအပေါ် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် စနစ်တကျသတ် ဖြတ်နေမှုကို ထုတ်ဖော်ပေးပါရန်အပါအဝင် အချက် ၅ ချက်ကို NUG၊ CRPH အပါအဝင် တော်လှန် ရေးအဖွဲ့အစည်း ၂၀ ခု က အာစီယံကို တောင်းဆို

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၃ အရပ်သားပြည်သူလူထုအပေါ် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် စနစ်တကျသတ် ဖြတ်နေမှုကို ထုတ်ဖော်ပေးပါရန်အပါအဝင် အချက် ၅ ချက်ကို NUG၊ CRPH အပါအဝင် တော်လှန် ရေးအဖွဲ့အစည်း ၂၀ ခု က အာစီယံကို တောင်းဆိုလိုက်သည်။ အောက်တိုဘာလ ၁၁...