International News

International News

ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲအနိုင်ရရှိရေး နည်းပညာရှင်ဘီလီယံနာသူဌေး အီလွန်မာ့စ်က အမေရိကန် ဒေါ်လာ သန်း ၂၇၀ သုံးစွဲကူညီ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၈

 

အမေရိကန်နိုင်ငံရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့်အနိုင်ရရှိရေးအတွက် နည်းပညာရှင် ဘီလီယံနာ သူဌေး အီလွန်မာ့စ်က အမေရိကန်ဒေါ်လာ သန်း၂၇၀ သုံးစွဲကူညီခဲ့တယ်လို့ AFP သတင်းဌာနက ရေးသားထားပါတယ်။

 

နည်းပညာရှင် ဘီလီယံနာ အီလွန်မာ့စ်ဟာ ဒေါ်နယ်ထရမ့်အား အမေရိကန်သမ္မတ ရွေးကောက်ပွဲ အနိုင်ရရှိရေးအတွက် အကူအညီပေးဖို့ အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း ၂၇၀ ကို သုံးစွဲခဲ့တဲ့ အတွက် အမေရိကန်နိုင်ငံရဲ့ အကြီးဆုံး နိုင်ငံရေးလှူဒါန်းသူဖြစ်လာတယ်ဆိုတာ ဖက်ဒရယ် မှတ် တမ်း အသစ်များအရ သိရှိရတယ်လို့ AFP သတင်းဌာနက ရေးသားထားတာပါ။

 

SpaceX နဲ့ Tesla ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ အီလွန်မာ့စ်ဟာ သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ် ထရမ်းအနိုင်ရရှိရေးအတွက် အ​ရေးကြီး လုပ်ငန်းတွေမှာ ပိုက်ဆံရင်းနှီးပေးကာ ထရမ့်ရဲ့ မိန့်ခွန်း ပွဲ တွေ မှာလည်း ပါဝင် ဆွေးနွေးခဲ့ပေးခဲ့တယ်လို့ သိရပါတယ်။

 

ဖက်ဒရယ်ရွေးကောက်ပွဲကော်မရှင် (Federal Election Commission) ရဲ့ နောက်ဆုံး မှတ်တမ်းတွေ အရ အီလွန်မာ့စ်ဟာ ဒေါ်နယ်ထရမ့်ကို ထောက်ခံရန် တည် ထောင်ထားတဲ့ America PAC ကို အမေ ရိ ကန်ဒေါ်လာ  ၂၃၈ သန်းကို လှူဒါန်းခဲ့သလို RBG PAC ကိုလည်း ဒေါ်လာ သန်း ၂၀ ထည့်ဝင် ကာ ထရမ့်ရဲ့ မဲဆွယ်ပွဲတွေမှာ ဖျက်ဆီးရေးဆိုင်ရာ အကြမ်းဖက်မှု ပြသနာတွေ လျော့နည်းစေရန် ခေါင်းစဉ်နဲ့ အားပေးခဲ့ပါတယ်။

ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲ အနိုင်ရရှိရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၂၇၀ သုံးစွဲခဲ့သူ အီလွန်မက်စစ် – Elon Reeve Musk ကို ကနေဒါနိုင်ငံသူ မိခင်နဲ့ တောင်အာဖရိကနိုင်ငံသား ဖခင်တို့ က ၁၉၇၁ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့မှာ တောင်အာဖရိကနိုင်ငံ၊ ပရီတိုးရီးယားဒေသ၌ မွေးဖွားခဲ့ပါ တယ်။

 

အသက် ၁၇ နှစ်အရွယ်မှာ ကနေဒါနိုင်ငံ ကိုပြောင်းရွှေ့ကာ Queen’s University ကို တက် ရောက်ခဲ့ ပါတယ်၊ ၂ နှစ်ကြာအကြာမှာတော့ ပင်နဆင်ဗေးနီးယားတက္ကသိုလ်သို့ ပြောင်းခဲ့ပါတယ်။

 

Speacex ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိနှင့်ဒီဇိုင်နာခေါင်းဆောင် တစ်ဦးဖြစ်ကာ Tesla ကုမ္ပဏီရဲ့ ထုတ်ကုန်ဗိသုကာပညာရှင်၊ Paypal နဲ့ Neuralink တို့ကို ပူးတွဲတည်ထောင်သူလည်းဖြစ်ပါတယ်။

 

စတန်းဖို့တက္ကသိုလ်မှာ အသုံးချရူပဗေဒနဲ့ သိပ္ပံဘာသာရပ်ဖြင့် ပါရဂူဘွဲ့ကို တက်ရောက်ခဲ့ပေမယ့် စီးပွားရေးလုပ်ငန်းအတွက် ထွက်လိုက်ကာ X.com ဟူသော အွန်လိုင်းဘဏ်ကို လုပ်ဆောင်ခဲ့ပါ တယ်။

၂၀၀၂ ခုနှစ်မှာ  eBay ကို အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံနဲ့ ဝယ်ယူလိုက်ပြီးနောက် နာမည်ကြီး အွန်လိုင်း ဘဏ်ဝန်ဆောင်မှု လုပ်ငန်း PayPal ဖြစ်လာခဲ့ပါတယ်။

 

၂၀၀၂ ခုနှစ် မေလမှာ SpaceX ဟူသော လေကြောင်းဆိုင်ရာ ထုတ်လုပ်ရေးနှင့် အာကာသ သယ်ယူပို့ ဆောင်ရေး ကုမ္ပဏီအား ထူထောင်လိုက်ပြီး လျှပ်စစ်ကား ထုတ်လုပ်တဲ့ Tesla ကုမ္ပဏီအားလည်း ထောက်ပံ့ခဲ့ရာက ၂၀၀၄ ခုနှစ်မှာ ထုတ်ကုန်ဗိသုကာရှင် ဖြစ်လာခဲ့ပြီး ၂၀၀၈ အောက်တိုဘာလမှာ CEO ဖြစ်လာခဲ့ပါတယ်။

၂၀၀၆ ခုနှစ်မှာ SolarCity ဟူသည့် နေရောင်ခြည်စွမ်းအင်သုံး ဝန်ဆောင်မှုပေးသော ကုမ္ပဏီ (ယခု တက်စလာ၏လက်အောက်ခံကုမ္ပဏီ)ကို ထူထောင်ခဲ့ပါတယ်။

 

၂၀၁၅ မှာ ပိုမိုကောင်းမွန်တဲ့ ဥာဏ်ရည်တုကို မြှင့်တင်နိုင်ဖို့ ရည်ရွယ်ကာ အကျိုးအမြတ်မယူတဲ့ သုတေသန ကုမ္ပဏီ ဖြစ်တဲ့ OpenAI ကို ပူးတွဲတည်ထောင်ခဲ့ပါတယ်။

 

၂၀၁၆ ခုနှစ်၊ ဇူလိုင်လမှာ ဉာဏ်ရေးတု နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးကို အထူးပြုလုပ် ဆောင်နေတဲ့ Neuralink ကုမ္ပဏီ ကိုပူးတွဲတည်ထောင်ခဲ့သလို ၂၀၁၆ ခုနှစ်မှာပဲ အဆောက်အဦနှင့် လှိုဏ်ခေါင်း ဖောက် ကုမ္ပဏီ ဘိုရင်းကုမ္ပဏီကိုလည်း ထူထောင်လိုက်ပါတယ်။

 

မက်စ်ဟာ သူရဲ့ ပင်မစီပွားရေး လုပ်ငန်းတွေအပြင် Hyperloop လို့ ခေါ်တဲ့ မြန်နှုန်းမြင့် သယ်သူပို့ ဆောင်ရေး စနစ်ကို အောင်မြင်ဖို့ မျှော်လင့်နေပါတယ်။  Hpyerloop ဟာ တစ်ဖြောင့်တည်း ရှိနေ သော (သို့မဟုတ်) အထူးပြုထားသော ပြွန်ခေါ် အထူးကြီးမားသော ပိုက်ကြီးအတွင်းမှ ဖိအား တစ်ခု ကို အသုံးချကာ လူလိုက်ပါနိုင်တဲ့ ယာဉ်ကို အထူးမြန်နှုန်းဖြင့် တွန်းပို့နိုင်သော ခေတ်သစ် သယ်ယူပို့ ဆောင်ရေး စနစ် တစ်မျိုးဖြစ်ပါတယ်။

 

အခုလာမယ့် ဒေါ်နယ်ထရမ့်အစိုးရသစ်လက်ထက်မှာ အသစ်ထူထောင်မဲ့ အစိုးရအကျိုး ထိရောက် မှုဌာန (Department of Government Efficiency) မှာ သူက (အီလွန်မက်စ်) ဦးဆောင်မှာ ဖြစ်ပါ တယ်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
International News

International News

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအနေဖြင့် ထိုင်းနိုင်ငံရေး ဆန္ဒပြပွဲများ၊ ထိုင်းနိုင်ငံရေးလှုပ်ရှားမှုများ တွင် ပါဝင်ခြင်းမပြုကြရန် NUG အစိုးရက မေတ္တာရပ်ခံ   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂   ထိုင်းနိုင်ငံအတွင်း ရောက်ရှိခိုလှုံနေထိုင်ကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် လက်ရှိဖြစ်ပေါ်နေ သော ထိုင်းနိုင်ငံရေးဆန္ဒပြပွဲများ၊ ထိုင်းနိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခြင်းမပြုကြရန် NUG အစိုးရ...