International News

International News

အိန္ဒိယအစိုးရက ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြသော ခေါင်းဆေင်အချို့နှင့်တွေ့ဆုံအပေါ် ကြိုဆိုလိုက်ပြီး ပြည်သူများလိုလားသော နိုင်ငံရေး၊ ငြိမ်းချမ်းရေး ရလဒ်များထွက်ပေါ်သည်အထိ ဦးဆောင်ကူညီပေးရန် တိုက်တွန်း

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၅

 

အိန္ဒိယအစိုးရက ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြသော ခေါင်းဆောင်အချို့နှင့် တွေ့ဆုံမှုအပေါ် ကြိုဆိုလိုက်ပြီး ပြည်သူများလိုလားသော နိုင်ငံရေး၊ ငြိမ်းချမ်းရေရလဒ်များထွက်ပေါ်လာသည်အထိ ဦးဆောင်ကူညီပေးပါရန် အရပ်ဖက်အဖွဲ့အစည်း ၄ ဖွဲ့က ယနေ့ ဒီဇင်ဘာလ ၅ ရက်‌နေ့စွဲဖြင့် ထုတ် ပြန် တိုက်တွန်းထားသည်။

 

၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာစစ်အုပ်စုမှ ဒီမို ကရေစီ နည်းလမ်းကျ ရွေးချယ်ထားသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရအား မတရား အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် မြန်မာပြည်တွင်းပဋိပက္ခ ဖြေရှင်းနိုင်ရေး၊ ငြိမ်းချမ်း ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် အိန္ဒိယအစိုးရအနေဖြင့် အလေးထားစဉ်းစား၍ ကူညီ ပံ့ပိုး ပေးရန် သက်ဆိုင်ရာ တာဝန်ရှိခေါင်းဆောင်တချို့နှင့် စတင်စကားပြောဆိုခြင်းအပေါ် မိမိတို့အ နေဖြင့် မြန်မာပြည်သူများနှင့် တော်လှန်ရေး အင်အားစုများကိုယ်စား လှိုက်လှဲစွာ ကြိုဆိုထောက်ခံပါ ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

အိန္ဒိယအစိုးရမှ မြန်မာ့နိုင်ငံရေး ပြဿနာ ဖြေရှင်းရာတွင် သက်ဆိုင်ရာ တာဝန်ရှိ ခေါင်းဆောင်တချို့ နှင့် တွေ့ဆုံ စကားပြောဆိုမှုများသည် ကောင်းမွန်သည့် ချဉ်းကပ်မှုဖြစ်သည်ဟု မှတ်ယူပါကြောင်း၊ သို့သော် အိန္ဒိယအစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း ပဋိပက္ခဖြေရှင်းနိုင်ရေး၊ ငြိမ်းချမ်ရေး နှင့် ဖက် ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် ကြိုးပမ်းရာတွင် အကြမ်းဖက် စစ်အုပ်စု၊ ၎င်းနှင့် နီးစပ်သော အဖွဲ့ အစည်းများကို တရားဝင်ဖိတ်ကြားမှုဖြင့် တွေ့ဆုံပြီး ပြည်သူ့တော်လှန်ရေး အင်အားစု တချို့အား တရားဝင်မဟုတ်သော နည်းလမ်းဖြင့် တွေ့ဆုံမှုသည် လုံးဝမှားယွင်းသော ချဉ်းကပ်မှု ဖြစ်သည်ဟု ယူဆပါကြောင်း ဆက်လက်ဖော်ပြထားသည်။

လက်ရှိမြန်မာနိုင်ငံအတွင်း ကြုံတွေ့နေရသော ပဋိပက္ခဖြေရှင်းနိုင်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ဒီမို ကရေစီ ရရှိနိုင်ရေး အတွက် အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအစိုးရများအနေဖြင့် ကူညီပံ့ပိုး လိုပါက ပြည်သူ့တော်လှန်ရေး အင်အားစုများနှင့် အကြမ်းဖက်စစ်အုပ်စု၊ ၎င်းနှင့် နီးစပ်သော အဖွဲ့ အစည်းများအကြား “မျှတသောဆက်ဆံခြင်း” ကို အခြေခံမူအဖြစ် မဖြစ်မနေ လိုက်နာကျင့်သုံးရန် လိုအပ်ကြောင်း ထောက်ပြထားသည်။

 

သို့ဖြစ်ပါ၍ အိန္ဒိယအစိုးရအနေဖြင့် မြန်မာ့ပဋိပက္ခ ကူညီဖြေရှင်းမှု အောင်မြင်နိုင်ရေးအတွက် မျှတ သော ဆက်ဆံခြင်းအား ခိုင်မာသော မူတရပ်အဖြစ်ထည့်သွင်းပြီး မြန်မာနိုင်ငံအရေးတွင် တိုက်ရိုက် ဖြစ် စေ၊ သွယ်ဝိုက်ဖြစ်စေ ပါဝင်ပက်သက်နေသော ပြည်တွင်း၊ ပြည်ပ အင်အားစုအားလုံးနှင့် လက် တွဲကာ မြန်မာပြည်သူများလိုလားသော နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး ရလဒ်များ ပေါ်ထွက်လာသည် အထိ ဦးဆောင်ကူညီပေးပါရန် အလေးအနက် တိုက်တွန်းတောင်းဆိုထားသည်။

 

အဆိုပါ တိုက်တွန်းတောင်းဆိုမှုကို India For Myanmar ၊ Blood Money Campaign (BMC) ၊ Defend Myanmar Democracy (DMD)နှင့် Generations Solidarity Coalition of Nationalities (GSCN)တို့ဖြစ်ကြောင်း သိရသည်။

Thinlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
International News

International News

အာစီယံ၏ မြန်မာ့ရေးဆောင်ရွက်ချက်များအပေါ် စိတ်ပျက်မိဟု မြန်မာနိုင်ငံအတွက်အထူး အကြံ ပေးကောင်စီ - SAC – M ထုတ်ပြန်   သံလွင်မြန်မာသတင်း မေလ ၃၀   အာစီယံ၏ မြန်မာအရေးဆောင်ရွက်ချက်အပေါ် စိတ်ပျက်မိဟု မြန်မာနိုင်ငံအတွက် အထူးအကြံပေး ကောင်စီ - SAC-M က...