International News

International News

တတိယကမ္ဘာစစ်ဖြစ်ပွားနိုင်သဖြင့် ဥရောပနိုင်ငံတွေက စစ်ရေးပြင်ဆင်မှုပြုလုပ်

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၅

 

တတိယကမ္ဘာစစ်ဖြစ်ပွားလာနိုင်မှုကြောင့် ဥရောပနိုင်ငံတွေအနေနဲ့ စစ်ရေးကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ Newsweek ဝက်ဆိုဒ်က ရေးသားထားပါတယ်။

လက်ရှိ ကမ္ဘာ့လုံခြုံရေးအခြေအနေ အပြောင်းအလဲကြောင့် တတိယကမ္ဘာစစ်ဖြစ်ပွားနိုင်ခြေကို ကြို တင်တွက်ချက်ကာ အရေးပေါ်တုန့်ပြန်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်ဆောင်နေတာ ဖြစ် တယ်လို့ အသိပေးထားတာပါ။

ရုရှား-ယူကရိန်းစစ်ပွဲ အခြေအနေ ပိုမိုပြင်းထန်နေချိန် NATO အဖွဲ့နဲ့အဖွဲ့ဝင်နိုင်ငံတွေဟာ စစ်ရေး အစီအစဉ်တွေကို တိုးမြှင့်ကာ စစ်ရေးဆိုင်ရာပူးပေါင်းမှုတွေ ခိုင်မာစေရေး ကြိုးပမ်းနေကြတယ်လို့ ဆိုပါတယ်။

 

ဥရောပနိုင်ငံတွေအနေနဲ့ စစ်ရေးအင်အား တိုးမြှင့်မှုအပြင် နျူကလီးယားလက်နက် အသုံးပြုမှုကို တရားဝင် လက်ခံထားတဲ့ ရုရှားရဲ့ အန္တရာယ်ကိုပါ တွက်ဆထားကြပါတယ်။

 

ဒါ့အပြင် စစ်ရေးနည်းပညာတွေ၊ လေကြောင်းကာကွယ်ရေးစနစ်တွေနဲ့ စက်မှုလက်မှု ထောက်ပံ့ရေး လုပ်ငန်းတွေကို အရှိန်အဟုန်အပြည့်နဲ့ တိုးတက်စေဖို့ အစိုးရတွေက ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နေ ကြတယ်လို့ သိရပါတယ်။

 

နိုင်ငံရေးသဘောကွဲလွဲမှုတွေလည်း အချိန်မရွေး အပြင်းအထန် ဖြစ်ပေါ်လာနိုင်တယ်လို့ အသိပညာ ရှင် အတတ်ပညာရှင်တွေနဲ့ စစ်ရေးအခဲခတ်လေ့လာသုံးသပ်သူတွေက သုံးသပ်နေကြတာပါ။

 

ဥရောပအနေနဲ့က တတိယကမ္ဘာစစ်ကို ရှောင်ရှားခဲ့ရင်တောင် စစ်မှုထောက်ပံ့ရေးနဲ့ အကာကွယ်ရေး စနစ်တွေကို တိုးမြှင့်ပြင်ဆင်ထားဖို့လိုတယ်လို့ Newsweek ဝက်ဆိုဒ်မှာ ရေးသားထားပါတယ်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
International News

International News

အာစီယံ၏ မြန်မာ့ရေးဆောင်ရွက်ချက်များအပေါ် စိတ်ပျက်မိဟု မြန်မာနိုင်ငံအတွက်အထူး အကြံ ပေးကောင်စီ - SAC – M ထုတ်ပြန်   သံလွင်မြန်မာသတင်း မေလ ၃၀   အာစီယံ၏ မြန်မာအရေးဆောင်ရွက်ချက်အပေါ် စိတ်ပျက်မိဟု မြန်မာနိုင်ငံအတွက် အထူးအကြံပေး ကောင်စီ - SAC-M က...