International News

International News

တောင်ကိုးရီးယားနိုင်ငံ စစ်အာဏာသိမ်းရန် ကြိုးပမ်းမှု မအောင်မြင်

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၄

 

တောင်ကိုးရီးယာသမ္မတက စစ်တပ်အာဏာသိမ်းစေရန် ကြိုးစားခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ပေ။

မနေ့က (ဒီဇင်ဘာလ ၃ ရက်) ည ၁၀ နာရီ မိနစ် ၂၀ က တောင်ကိုရီးယား သမ္မတYoon Suk-Yeok က စစ်အာဏာ သိမ်းဖို့ ရုတ်တရက် ထုတ်ပြန်ကြေညာခဲ့ရာ ပါလီမန်အဆောက်အအုံကို စစ်တပ်က နေရာယူထိန်း ချုပ်ခဲ့ပါတယ်။

 

ဒါပေမယ့် ပါလီမန်အကြီးအကဲအရေး အရေးပေါ်လွှတ်တော်ခေါ်ယူခဲ့ရာ အမတ် ၁၉၀ တက်ရောက်ခဲ့ ပြီး အားလုံးက တညီတညွတ်တည်း စစ်အာဏာသိမ်းမှုကို ကန့်ကွက်မဲပေးခဲ့အတွက် စစ်အာဏာ သိမ်းမှုမအောင်ပဲ တောင်ကိုရီးယား သမ္မတ Yoon Suk Yeol ရဲ့ စစ်အုပ်ချုပ်ရေးကြေညာမှုကို ပြန် လည်ဖျက်သိမ်းပေးခဲ့ရပါတယ်။

ဒါဟာ ၅၀ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် အံ့အားသင့်စရာ အဖြစ်အပျက်တစ်ခုဖြစ်သွားခဲ့ ရပါတယ်။

 

သမ္မတ Yoon Suk Yeol က “နိုင်ငံတော် ဆန့်ကျင်ရေး အဖွဲ့များ” နဲ့ မြောက်ကိုရီးယားရဲ့ အန္တရာယ် ကို အကြောင်းပြချက် ပေးခဲ့မယ့် တကယ်တမ်းက ကိုယ်ပိုင်နိုင်ငံရေးအခက်ခဲတွေကြောင့် ဒီလိုလုပ် ဆောင်ခဲ့တာဖြစ်ပါတယ်။

 

သူ့ရဲ့ကြေညာချက်ကြောင့် ပြည်သူထောင်ပေါင်းများစွာနဲ့ စစ်တပ်က လွှတ်တော်အဆောက်အအုံကို စုရုံးရောက်ရှိခဲ့ကြပြီး ဆန္ဒပြခဲ့ပါတယ်။

 

ဒါ့အပြင် တောင်ကိုးရီးယား သမ္မတ Yoon Suk Yeol ရဲ့ မိခင်ပါတီဖြစ်တဲ့ People Power ပါတီက လည်း သမ္မတရဲ့ စစ်အုပ်ချုပ်ရေး ကြေညာချက်ဟာ မှားယွင်းတယ်လို့ ချက်ချင်းထုတ်ပြန်ပြီး အတိုက် အခံ လွှတ်တော်အမတ်တွေနဲ့ ပူးပေါင်းကာ လွှတ်တော်အရေးပေါ်အစည်းအဝေးမှာ တညီတညွတ် တည်းကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။

လွှတ်တော်မှာ လွှတ်တော်အမတ်ပေါင်း ၃၀၀ ရှိတဲ့အနက် အရေးပေါ်လွှတ်တော်ကို လွှတ်တော် အမတ်ပေါင်း ၁၉၀ တက်ရောက်ကန့်ကွက်ခဲ့ရာက စစ်အုပ်ချုပ်ရေးအမိန့် ပြက်ပျယ်သွားခြင်းဖြစ် ပါတယ်။

 

အခုတော့ စစ်တပ်ကလည်းလွှတ်တော်အဆောက်အအုံကနေ ထွက်ခွာသွားပြီဖြစ်သလို ကိုရီးယား သမ္မတကိုယ်တိုင်လည်းလည်း လွှတ်တော်ဆုံးဖြတ်ချက်ကိုလက်ခံကာ စစ်အာဏာသိမ်းမှုကို ရုတ် သိမ်းပေးလိုက်ရပါပြီ။

 

တောင်ကိုရီးယားရဲ့ ၆ နာရီအတွင်း အဖြစ်အပျက်ဟာ ကမ္ဘာ့ထိပ်တန်းသတင်းတစ်ခုဖြစ်သွားသလို သမိုင်းမှတ်တမ်းတစ်ခုလည်းဝင်သွားခဲ့ပါပြီ။

 

ဤဖြစ်ရပ်ကတော့ နိုင်ငံအတွင်းရှိ နိုင်ငံရေးဖိအားတွေနဲ့အတူ ဒီမိုကရက်တစ်စနစ်ကို ကာကွယ်ဖို့ ပြည်သူတွေရဲ့ အလျှင်အမြန်တုံ့ပြန်နိုင်မှုကြောင့် အောင်ပွဲရရှိခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

တကယ်တမ်းကျတော့ တောင်ကိုရီးယားသမ္မတဟာ ဇနီးဖြစ်သူရဲ့ အကျင့်ပျက်ချစားမှု၊ ဝန်ကြီးတွေ အကျင့်ပျက်ခြစားမှုတွေကို စုံစမ်းဆေးပေးရန် ပျက်ကွက်ခဲ့တာအပြင် လွှတ်တော်မှာ တင်တောင်းတဲ့ နိုင်ငံတော်ဘတ်ဂျက်ခွဲဝေရာမှာ အတိုက်အခံတွေဘက်က အားသာနေတဲ့အတွက် တဖက်သတ်စွပ်စွဲ ကာ စစ်အုပ်ချုပ်ရေးကြေညာခဲ့ခြင်းဖြစ်ပါတယ်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
International News

International News

တမူးပကဖအဖွဲ့ဝင်များ၏ ရုပ်အလောင်းများကို တောင်းဆိုရာတွင် အိန္ဒိယနယ်နမိတ်အတွင်း ဝင် ရောက်ကာ စတင်တိုက်ခိုက်မှုကြောင့် နှိမ်နင်းခံရခြင်းနှင့်နောက်နောင် အိန္ဒိယနိုင်ငံနယ်နိမိတ်ခြံ စည်းရိုးခတ်မှုကို မကန့်ကွက်ရန် ဖိအားပေးခြင်းခံခဲ့ရဟု NUG ထုတ်ပြန်   သံလွင်မြန်မာသတင်း မေလ ၂၀   စစ်ကိုင်းတိုင်း၊ တမူးခရိုင်ပကဖ အဖွဲ့ဝင် ၁၀ ဦးကို ဖမ်းဆီးသတ်ဖြတ်ခံရပြီးနောက်...