သမ္မတသက်တမ်းကုန်တော့မည့် ဂျိုးဘိုင်ဒင်က သားဖြစ်သူ ရာဇဝတ်သားအကျဉ်းသား Hunter Biden ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေး
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၃
သမ္မတသက်တမ်းကုန်ဆုံးတော့မည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သားဖြစ်သူ ရာဇဝတ်သား အကျဉ်းသား Hunter Biden ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်လို့ BBC သတင်းဌာနက အင်္ဂလိပ် ပိုင်းမှာ ရေးသားထားပါတယ်။
လွန်ခဲ့တဲ့ ရက်သတ္တတပတ်အတွင်း အာဖရိက ခရီးစဉ်မသွားမီအချိန်က သက်တမ်းကုန်ဆုံးတော့မည့် သမ္မတဂျိုးဘိုင်ဒင်က သားဖြစ်သူ ရာဇဝတ်သား Hunter Biden အပေါ် စွပ်စွဲထားတဲ့ မူးယစ်ဆေးဝါး မှု၊ အခွန်ပေးဆောင်ရန် ပျက်ကွက်မှုတွေနဲ့ စွပ်စွဲထားချက်တွေက ကင်းလွှတ်ခွင့်ပေးလိုက်တာဖြစ်ပါ တယ်။
ဒီလိုလွတ်ငြိမ်းခွင့်ပေးလိုက်တာဟာ လက်ရှိ သမ္မတ ဂျိုးဘိုင်ဒင်က သူ့သားအမှုနဲ့ပတ်သက်ပြီး လွတ် ငြိမ်းခွင့်အာဏာကို အသုံးမချဘူးလို့ အကြိမ်ကြိမ်ပြောခဲ့ပေမယ့် ခုချိန်မှာတော့ သူကိုယ်တိုင် အသုံးချ သွားတာဖြစ်တယ်လို့ ဆိုပါတယ်။
သမ္မတ ဂျိုးဘိုင်ဒင်ရဲ့သား ဟန်တာဘိုင်ဒင်ဟာ အရင်လအစောပိုင်းက ပုဒ်မနှခုနဲ့ တရားရင်ဆိုင်နေရ တာ ဖြစ်ပြီး သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ကင်းလွတ်ခွင့်က လွန်ခဲ့တဲ့ ဆယ်စုနှစ် အတွင်း သူ့သားကျူးလွန်ခဲ့ နိုင်တဲ့ ပြစ်မှုအားလုံးအပေါ် သက်ရောက်မှုရှိသွားစေပါတယ်။
လတ်တလော ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရီပတ်ပလီကန်အမတ်တွေကတော့ ဒီလို လုပ် တာဟာ တရားမျှတမှုကို ချ်ုးဖောက်ခြင်း အလွဲသုံးစားလုပ်ခြင်း ဖြစ်တယ်လို့ အပြင်းအထန် စွပ်စွဲပြစ် တင်လိုက်ပါတယ်။
သမ္မတ ဂျိုးဘိုင်ဒင်ဟာ သူ့ရဲ့ပြိုင်ဘက်တွေကို နှိပ်ကွက်ဖို့ တရားရေးဌာနကို လက်နက်သဖွယ်အသုံး ပြုလာတယ်လို့လည်း ဒေါ်နယ်ထရမ့်နဲ့ ရီပတ်ပလီကန် ဘက်တော်သားတွေက တလျှောက်လုံး စွပ်စွဲ ပြောဆိုခဲ့တာ တွေ့ရပါတယ်။
ဒီနှစ် ဂျွန်လမှာပဲ Delaware က တရားရေးအဖွဲ့က ဟန်တာဟာ မူးယစ်ဆေးသုံးစွဲမှုအပါအဝင် စွပ်စွဲ ချက် သုံးခုမှာ ပြစ်မှုထင်ရှားကြောင်း ကြောညာခဲ့တာဖြစ်ပြီး ဟန်တာဟာ လက်ရှိသမ္မတရဲ့ ပြစ်မှုထင် ရှားတဲ့ ပထမဆုံးသားတယောက်ဖြစ်လာတာပါ။
ဒါအပြင် သူဟာ အခွန်ပေးဆောင်ရန် ပျက်ကွက်မှု ရှောင်လွှဲမှု လိမ်လည်မှု စတာတွေမှာပါ အပြစ်ရှိ ကြောင်း ဝန်ခံထားရပါတယ်။
ဒါပေမယ့် လက်ရှိသမ္မတဂျိုင်ဘိုင်ဒင်က သူ့သားအပေါ် စွပ်စွဲမှုတွေဟာ မတရားဘူးလို့ ယတိပြတ် ပြောဆိုထားပါတယ်။
“ဒါက သမ္မတ ဂျိုးဘိုင်ဒင်ပြောသလို နိုင်ငံရေးအရ သူ့အပေါ်အသရေဖျက်မှုမဟုတ်ပါဘူး ပြီးတော့ သူ့သား ဟန်တာမှာ ပြစ်မှုထင်ရှားကြောင်းကိုလည်း တရားရေးအဖွဲ့က စီရင်ဆုံးဖြတ်ပြီးဖြစ်ပါတယ်” လို့ ဒီမိုကရက်တစ် လွှတ်တော်အမတ် Greg Stanton က သမ္မတဂျိုင်းဘိုင်ဒင်ရဲ့ ပြောဆိုချက်ပတ် သက်လို့ ချေပထားပါတယ်။
“သူ့သားကိစ္စမှာ ကင်းလွတ်ခွင့်ပေးမှာ မဟုတ်ကြောင်း သူ့ရဲ့ မဲဆွယ်ကာလ တလျှောက်လုံး ပြော လာခဲ့ပြီးမှ ခုဒီလို လုပ်တယ်ဆိုတော့ သမ္မတ ဂျိုးဘိုင်ဒင်ဟာ ရိုးသားမှု မရှိပါဘူး ခုလိုကင်းလွတ်ခွင့် ပေးဖို့ အစကတည်းကစ အကွက်ချ စီစဥ်ထားပြီးသားပါ ” လို့ ပြည်ထောင်စု အစိုးရ ရှေ့နေဟောင်း Neama Rahmani ဘီဘီစီသတင်းဌာနကို ပြောဆိုထားပါတယ်။
သမ္မတဂျိုးဘိုင်ဒင်အနေနဲ့ ဇန်နဝါရီလမှာ သမ္မတတာဝန်ကို ရွေးကောက်ပွဲ အနိုင်ရရှိသူ ဒေါ်နယ် ထနမ့်ထံ လွှဲပြောင်းပေးရတော့မှာဖြစ်ပါတယ်။
“တဦးတယောက်အပေါ် ကင်းလွတ်ခွင့်ပေးန်ုင်တဲ့ သမ္မတရဲ့ အာဏာဟာ လုံးဝ အကြွင်းမဲ့ ဖြစ်လွန်း လှပါတယ်။ ဒီကင်းလွတ်ခွင့်ကို ဖျက်သိမ်းဖို့ ဒေါနယ်ထရမ့် နှင့် သူ့အပေါင်းအပါတွေလည်း ထိုင်ကြည့် နေရုံကလွဲလို့ ဘာမှတတ်န်ုင်ကြမှာ မဟုတ်ပါဘူး ” လို့ Mr. Rahmani က ဆက်လက် ပြောကြားသွား ခဲ့ပါတယ်။
Thanlwin Myanmar Media