International News

International News

မင်းအောင်လှိုင်အပါအဝင် အကြမ်းဖက်စစ်အုပ်စုအားလုံးကို အရေးယူပေးရန် Justice For Myanmar တောင်းဆို

 

သံလွင်မြန်မာသတင်း

နိုဝင်ဘာလ ၂၉

 

စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင်အကြမ်းဖက်စစ်အုပ်စုအားလုံးကို အရေးယူပေးရန် Justice For Myanmar ကတောင်းဆိုလိုက်တယ်။

 

လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဖြစ်တဲ့ ရိုဟင်ဂျာတွေကို နိုင်ငံအတွင်းကနေ နှင် ထုတ်မှု၊ နှိပ်စက်ညှဥ်းပန်းမှုတွေအတွက် မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ရန် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ရှေ့နေရဲ့ လျှောက်ထားချက်ကို Justice For Myanmar က ကြိုဆိုတယ်လို့ ပြောပါတယ်။

 

အခုကိစ္စဟာ ရိုဟင်ဂျာတွေနဲ့ မြန်မာနိုင်ငံအတွက် တရားမျှတမှု ရှာဖွေရာမှာ အရေးပါတဲ့ ခြေလှမ်း တစ်ရပ်ဖြစ်သလို ဖမ်းဝရမ်းအတွက် လျှောက်ထားချက်ဟာ ကျူးလွန်ခံရသူတွေနဲ့ ၎င်းတို့ ရှေ့နေတွေ ရဲ့ ရဲဝံ့စွာ လုပ်ဆောင်မှုတွေကြောင့် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်တယ်လို့ ပြောပါတယ်။

မင်းအောင်လှိုင်က မြန်မာနိုင်ငံတဝန်း နိုင်ငံတကာရာဇဝတ်မှုတွေကို တိုးမြှင့်ကျူးလွန်လျက်ရှိတဲ့ အ တွက် ဖမ်းဝရမ်းကို အမြန်ဆုံးထုတ်ပေး ကာ အရေးယူတာဝန်ခံစေရေး ဆောင်ရွက်ပေးဖို့ Justice For Myanmar က အကြိုကြားနာရေးရုံးကို တောင်းဆိုထားပါတယ်။

 

နောက်ထပ်ဖမ်းဝရမ်းတွေအတွက် လျှောက်ထားမှုတွေ လုပ်ဆောင်မှာဖြစ်တယ်လို့ ICC ရှေ့နေရဲ့ ကတိစကားကိုလည်း ထပ်လောင်းကြိုဆိုတယ်လို့ Justice For Myanmar က ဆက်လက်ပြောဆို ထားပါတယ်။

 

အားပေးကူညီခဲ့ကြတဲ့ ခရိုနီတွေ၊ စစ်လက်နက်ပွဲစားတွေအပါအဝင် မြန်မာစစ်အုပ်စုရဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို ကျူးလွန်သူအားလုံးအား မဖြစ်မနေ အပြစ်ပေးအရေးယူရမှာဖြစ်တယ်လို့ ဆိုပါ တယ်။

 

ဒီလိုအရေးယူလိုက်မှာသာ ဆယ်စုနှစ်ပေါင်းများစွာ ပြစ်ဒဏ်ခံရခြင်းကနေ ကင်းလွတ်နေမှုက မြန်မာ စစ်အုပ်စုကိုလက်မရွံ့ ရဲတင်းစေခဲ့တဲ့ ကိစ္စကို အပြီးသတ် ရပ်တန့်နိုင်မှာဖြစ်တယ်လို့ Justice For Myanmar က ထုတ်ပြန်ထားပါတယ်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နစကမှ နလက အမည်ပြောင်းလဲခြင်းသည် နိုင်ငံတကာ ဒဏ်ခတ် ပိတ်ဆို့မှုကို ကျော်လွှားနိုင်ရန် မလိမ့်တပတ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း JFM ပြောဆို

နစကမှ နလက အမည်ပြောင်းလဲခြင်းသည် နိုင်ငံတကာ ဒဏ်ခတ် ပိတ်ဆို့မှုကို ကျော်လွှားနိုင်ရန် မလိမ့်တပတ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း JFM ပြောဆို

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၂ တရားမဝင်မြန်မာစစ်အုပ်စုက ၎င်း၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးအဖွဲ့ “နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ (နစက)” ၏ အမည်ကို “နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းရေးကော်မရှင် (နလက)” အဖြစ် ပြောင်းလဲလိုက်ခြင်းသည် နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုများအား ကျော်လွှား နိုင်ရန် မလိမ့်တပတ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Justic For...