International News

International News

NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်နှင့် ဩစတေးလျနိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံပြီး မြန်မာပြည်သူများအတွက် ကူညီပံ့ပိုးပေးနိုင်မည့် လမ်းကြောင်းများ ဆွေးနွေး

 

D Day News

ဇွန်လ ၆

 

အမျိုးသားညီညွတ်ရေးအစိုးရ -NUG ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာ အောင်နှင့် ဩစတေးလျနိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံပြီး မြန်မာပြည်သူများအတွက် ကူညီပံ့ပိုးပေး နိုင်မည့် လမ်းကြောင်းများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ဇွန်လ ၄ ရက်နေ့က အရေးပါသည့် သံတမန်ရေးရာ ဆောင်ရွက်ချက်တရပ်အနေဖြင့် ဩစတေးလျ နိုင်ငံ၊ ကင်ဘာရာမြို့တွင် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြား ရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဩစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး H.E. the Hon Penny Wong တို့ တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေများကို အဓိကဆွေးနွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ထို့သို့ဆွေးနွေးရာတွင် ဩစတြေးနိုင်ငံအနေဖြင့် မြန်မာပြည်သူများအတွက် ကူညီပံ့ပိုးပေးမည့် လမ်း ကြောင်း များကို ဆွေးနွေးရှာဖွေခဲ့သည်ဟုဆိုသည်။

ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း လက်ရှိ နိုင်ငံရေးမတည်ငြိမ်မှုများနှင့် နိုင်ငံသားများ ရင်ဆိုင်ကြုံတွေ့နေရသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးကိစ္စရပ်များတွင် စိန်ခေါ်မှု များကို မီးမောင်းထိုးပြကာ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းနှင့်ပတ်သက်၍ ပြည့်ပြည့်စုံစုံ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

 

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ဖြေရှင်းနိုင်ရန်၊ လူ့အခွင့်အရေးကို ကာ ကွယ်စောင့်ရှောက်နိုင်ရန်နှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီအုပ်ချုပ်မှုကို ဖော်ဆောင် မြှင့်တင်နိုင်ရန်တို့ အတွက် နိုင်ငံတကာအကူအညီများအား အရေးတကြီး လိုအပ်လျက်ရှိကြောင်းကို အလေးထား ပြော ကြားခဲ့ကြောင်း သိရသည်။

 

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးနိုင်ရေး၊ စစ်ဘေးရှောင်ပြည်သူများအား ပံ့ပိုး ကူညီနိုင်ရေးနှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထူထောင်နိုင်ရေးတို့ အပါအဝင် ဩစတြေးလျ နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များနှင့်စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာ အောင်က ဆွေးနွေးခဲ့ပြီး၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို အထောက်အကူပြုသည့် ငြိမ်း ချမ်း၊ သာယာဝပြောသော ဒီမိုကရက်တစ် မြန်မာနိုင်ငံဖြစ်လာရေး အမျိုးသားညီညွတ်ရေးအစိုးရ၏ ကတိကဝတ်အား ထပ်လောင်း အတည်ပြုခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တရုတ်ကုမ္ပဏီ Geedge Networks နှင့် မြန်မာတယ်လီကွန်းကုမ္ပဏီများက အကြမ်းဖက်စစ်အုပ်စု၏ စစ်ဆင်ရေးနှင့် စစ်ရာဇဝတ်မှုများကို အားပေးကူညီနေ

တရုတ်ကုမ္ပဏီ Geedge Networks နှင့် မြန်မာတယ်လီကွန်းကုမ္ပဏီများက အကြမ်းဖက်စစ်အုပ်စု၏ စစ်ဆင်ရေးနှင့် စစ်ရာဇဝတ်မှုများကို အားပေးကူညီနေ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ တရုတ်ကုမ္ပဏီ Geedge Networks နှင့် မြန်မာတယ်လီကွန်းကုမ္ပဏီများက အကြမ်းဖက်စစ်အုပ်စု၏ စစ်ဆင်ရေးနှင့် စစ်ရာဇဝတ်မှုများကို အားပေးကူညီနေကြောင်း Justic For Myanmar က ထုတ်ပြန် သည်။ မြန်မာနိုင်ငံသို့ ရောင်းချ တပ်ဆင် အကောင်အထည်ဖော်ဆောင်ရာတွင် တရုတ်အစိုးရနှင့် ဆက်နွှယ် သည့်...