International News

International News

မြန်မာနိုင်ငံတွင် စာသင်ကျောင်း၊ တက္ကသိုလ်နှင့် ပညာရေးဆိုင်ရာ အ ဆောက်အအုံများ တိုက်ခိုက်ခံရ မှု ပိုမိုဆိုးရွာလာပြီး ကလေးငယ်များ၊ ကျောင်းသား၊ကျောင်းသူ များနှင့် ဆရာ၊ ဆရာများသည် သားကောင်များဖြစ်နေရဟု EU ထုတ်ပြန်

 

D Day News

စက်တင်ဘာလ ၉

 

မြန်မာနိုင်ငံတွင် စာသင်ကျောင်း၊ တက္ကသိုလ်နှင့် ပညာရေးဆိုင်ရာ အ ဆောက် အအုံများ တိုက်ခိုက်ခံရ မှု ပိုမိုဆိုးရွာလာပြီး ကလေးငယ်များ၊ ကျောင်းသား၊ကျောင်းသူ များနှင့် ဆရာ၊ ဆရာများသည် သားကောင်များဖြစ်နေရကြောင်း EU ကထုတ်ပြန်သည်။

 

“ပညာရေးကိုတိုက်ခိုက်ခြင်းမှကာကွယ်ရေး နိုင်ငံတကာအထိမ်းအမှတ်နေ့” တွင် ကလေးများ အား လုံးသည် ပညာသင်ကြားခွင့်နှင့် ကျောင်းနှင့်ကျောင်းပတ်၀န်းကျင်တွင် ဘေးကင်းလုံခြုံမှုရရှိစေရန် အခွင့်အရေးရှိကြောင်းကို အားလုံး သတိမူသင့်ပါကြောင်း၊ သို့သော်လည်း ပဋိပက္ခများနှင့် လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေများက သန်းပေါင်းများစွာသော ကလေးများ ကို အရည်အသွေးပြည့်ဝသော သင်ယူခြင်းကိုရရှိနိုင်မှုမှ တားဆီးလျက်ရှိပြီး၊ အခြေအနေတော်တော် များများတွင် စာသင်ကျောင်းများကို ပစ်မှတ်ထားလာသည့်အခါ ကလေးများသည် အသက်အန္တရာယ် နှင့် ကြုံတွေ့နေရကြောင်း EU က ပြောဆိုသည်။

 

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းချိန်မှစ၍ ပညာရေးဆိုင်ရာ အ ဆောက်အဦများကို တိုက်ခိုက်ခြင်းများနှင့် စာသင်ကျောင်းများ၊ တက္ကသိုလ်များနှင့် အခြားပညာရေး ဆိုင်ရာ အဆောက်အဦများကို စစ်ရေးအရ အသုံးပြုခြင်းများသည် ပိုမိုဆိုးရွားလာခဲ့ပြီး ကလေးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် တမင်ရည်ရွယ်သည့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သော တိုက်ခိုက်မှုများ၏ သားကောင်များဖြစ်နေကြရကြောင်း EU ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပညာရေးကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမှ ကာကွယ်ရန် ကမ္ဘာလုံးဆိုင်ရာမဟာမိတ်အ‌ဖွဲ့ The Global Coalition to Protect Education from Attack (GCPEA) က မြန်မာနိုင်ငံတွင် ပညာရေးကို တိုက်ခိုက်မှုများနှင့် စစ်ရေးအရအသုံးပြုမှုများ၏ အကျိုးသက်ရောက်မှုများကို အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ရာ ယနေ့ထက်တိုင် အသုံး၀င်နေသည့် အကြံပြုချက်များစွာကို ဖော်ပြထားကြောင်း သိရ သည်။

 

ဥရောပသမဂ္ဂ (EU) သည် ကလေးတိုင်း၏ လုံခြုံသောပတ်ဝန်းကျင်တွင် ကြီးပြင်းရန်နှင့် အရည်အ သွေး ပြည့်မီသော ပညာရေးကို လက်လှမ်းမီနိုင်စေရန်အတွက် ခိုင်မာပြီး မယိမ်းယိုင်သော ကတိ ကဝတ်များကို ထပ်လောင်းအတည်ပြုပါကြောင်း၊ မြန်မာနိုင်ငံရှိ ဆောင်ရွက်ချက်များမှတစ်ဆင့် ကလေးများအား သင်ယူမှုတွင် ပြန်လည်ပါဝင်လာစေရန်နှင့် မတူညီသောသင်ယူမှုလမ်းကြောင်း များတစ်လျှောက် အဓိကအခြေခံပညာရေးအောင်မြင်မှုမှတ်တိုင်ကောင်းများရရှိစေရန် ပံ့ပိုးပေး လျက်ရှိကြောင်း အသိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍာငွေ ပံ့ပိုးခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးရန် JFM တိုက်တွန်း

ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍာငွေ ပံ့ပိုးခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးရန် JFM တိုက်တွန်း

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၅ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း၌ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍငွေကြေး ပံ့ပိုးကူညီခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးပါရန် Justice For Myanmar – JFM က တိုက်တွန်း ထားသည်။ ယနေ့ ဩဂုတ်လ ၂၅ ရက်နေ့တွင်...