မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တရားရုံးများအပေါ် ပြည်သူလူထုက ယုံကြည်မှု မရှိတော့ဟု ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆို

မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တရားရုံးများအပေါ် ပြည်သူလူထုက ယုံကြည်မှု မရှိတော့ဟု ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆို

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၂၆

မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တရားရုံးများအပေါ် ပြည်သူလူထုက ယုံကြည်မှု မရှိတော့ကြောင်း ကုလ သမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

အောက်တိုဘာလ ၂၁ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ကုလသမဂ္ဂဌာနချုပ်တွင် ကျင်း ပသည့် အကြိမ် (၈၀) မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဥပဒေရေးရာကော်မတီ (ဆဋ္ဌမ ကော် မတီ) ၏ အစီအစဉ်အမှတ် (၈၅) “ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် သဘောတရား၏ အကျုံးဝင် သည့်နယ်ပယ်နှင့် ကျင့်သုံးမှု” ခေါင်းစဉ်အောက်မှ အထွေထွေဆွေးနွေးမှုတွင်၎င်းက ထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။

မြန်မာပြည်သူအများစုအတွက် ရဲတပ်ဖွဲ့နှင့် တရားရုံးများသည် ဘေးကင်းလုံခြုံရေးနှင့် တရားမျှတမှု ဖော်ဆောင်ပေးနိုင်သည့်နေရာများမဟုတ်ဟု ရှု့မြင်ကြကြောင်း၊ ပြည်သူလူထု၏ ယုံကြည်မှု ပျက် ပြားခြင်းသည် တရားဥပဒေစိုးမိုးမှု လုံးဝပျက်စီးခြင်းကို ထင်ဟပ်စေကာ ဆက်လက်ဖြစ်ပွားနေသော ရက်စက်ကြမ်းကြုတ်မှုများနှင့် ရင်ဆိုင်ရာတွင် ပြစ်မှုကျူးလွန်ခံရသူများကို အထီးကျန်ဖြစ်စေကာ ၎င်းတို့ကို နှုတ်ဆိတ်စေခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းတရားစီရင်ရေး ယန္တရားများအနေဖြင့် တရားမျှတမှု ဖော်ဆောင်ပေးရန် ဆန္ဒမရှိခြင်း သို့မဟုတ် စွမ်းဆောင်နိုင်စွမ်း မရှိသည့် ယခုကဲ့သို့သော အခြေအနေမျိုးတွင် နိုင်ငံတကာ အသိုက်အဝန်းသည်လည်း မြန်မာပြည်သူများ၏ အသက်များနှင့် ၎င်းတို့၏ အနာဂတ်များကို ကယ် တင်ရန် ဆောင်ရွက်ရမည့် တာဝန်ရှိကြောင်း ဆက်လက်ထောက်ပြထားသည်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ၏ ၂၀၂၅ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာ (A/HRC/60/18)တွင် အကြမ်းဖက်မြန်မာစစ်တပ်သည် နိုင်ငံတစ်ဝန်း တွင် စစ်ရာဇဝတ် မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများကို မကြာခဏ ဆိုသလို ပိုမို ရက်စက် စွာ ဆက်လက်ကျူးလွန်လျက်ရှိကြောင်း၊ အဆိုပါ အစီရင်ခံစာ၌ အရပ် သားများအပေါ် ခွဲခြားမှုမရှိ လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုများ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ၊ ညှဉ်းပန်း နှိပ်စက်မှုများ၊ လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြု အကြမ်းဖက်မှုများ၊ ကျောင်းများ၊ ဆေးရုံများနှင့် ဘာသာရေးအဆောက်အအုံများ အပါအဝင် အရပ်သားပိုင်အဆောက်အဦများကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးမှုများကို အသေးစိတ်ဖော်ပြထားကြောင်း သိရသည်။

ထို့အပြင် အဆိုပါလုပ်ရပ်များသည် အရပ်သားပြည်သူများအပေါ် ကျယ်ကျယ် ပြန့်ပြန့်နှင့် စနစ်တ ကျ တိုက်ခိုက်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အဆိုပါရာဇဝတ်မှုများကို အပြစ်ပေးအရေးယူခံရခြင်း အလျဉ်းမရှိဘဲ ကျူးလွန်လျက်ရှိသည်ကို မီးမောင်းထိုးပြထားကြောင်း သိရသည်။

IIMM ၏တွေ့ရှိချက်များအရ အဆိုပါလုပ်ရပ်များအနေဖြင့် နိုင်ငံတကာ ဓလေ့ထုံးတမ်းဥပဒေအရ ကြီးလေးသော အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုများ ဖြစ်ကြောင်းနှင့် ထိုရာဇဝတ်မှုများသည် ကမ္ဘာလုံး ဆိုင်ရာ တရားစီရင်ပိုင်ခွင့်သဘောတရားအရ တရားစွဲဆိုခြင်းခံရနိုင်ကြောင်း ရှင်းလင်းစွာ သက်သေ ပြလျက်ရှိပါကြောင်း သိရသည်။

အလားတူ မြန်မာနိုင်ငံတွင် ပြည်သူလူထု က တရားစီရင်ရေးစနစ် အပေါ် ယုံကြည်မှု ပြိုလဲသွားပြီး ရာဇဝတ်မှုကျုးလွန်ခံခဲ့ရသည့် လူငယ်များ ၏ ၈၀ ရာခိုင်နှုန်း ကျော်သည် တရားစီရင်ရေးစနစ် အပေါ် ယုံကြည်မှုကင်းမဲ့ခြင်းကြောင့် ၎င်းတို့၏ မိသားစုများကို အသိပေးခြင်းမှအပ မည်သည့်အခါမျှ တိုင် ကြားခြင်း မပြုတော့ကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

ရာဇဝတ်မှုများကို လျစ်လျူရှု၍ အပြစ်ဒဏ် မပေးဘဲ မျက်ကွယ်ပြုခဲ့မည်ဆိုပါက ကျူးလွန်သူများ သည် နောက်ထပ် ရက်စက်ကြမ်းကြုတ်မှုများကို ပိုမို လက်ရဲဇာတ်ရဲ ကျူးလွန်လာကြမည် ဖြစ် ကြောင်း၊ ထို့ကြောင့် အပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရရှိနေသည့် ယဉ်ကျေးမှုကို အဆုံးသတ်ရမည်ဖြစ် ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် ပြစ်မှုကျူးလွန်သူများကို ယုံကြည် စိတ်ချရသော နိုင်ငံတကာတရားစီရင်ရေးယန္တရားများမှတစ်ဆင့် တာဝန်ခံစေရမည် ဖြစ်ပါကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်အာဏာသိမ်းမှုကြောင့် ပညာရေးကဏ္ဍ ပြိုလဲသွားခဲ့ရပြီး မျိုးဆက်တစ်ဆက်စာ ဆုံးရှုံးရမည့် အခြေအနေ ကြုံတွေ့နေရ

စစ်အာဏာသိမ်းမှုကြောင့် ပညာရေးကဏ္ဍ ပြိုလဲသွားခဲ့ရပြီး မျိုးဆက်တစ်ဆက်စာ ဆုံးရှုံးရမည့် အခြေအနေ ကြုံတွေ့နေရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၅ စစ်အာဏာသိမ်းမှုကြောင့် ပညာရေး ကဏ္ဍပြိုလဲသွားခဲ့ရပြီး မျိုးဆက်တစ်ဆက်စာ ဆုံးရှုံးရမည့် အခြေအနေ ကြုံတွေ့နေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ် ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။ အောက်တိုဘာလ ၂၄ ရက် နံနက်ပိုင်းက နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် ကုလသမဂ္ဂ လူမှုရေး၊...