ပြည်တွင်းနှင့် နိုင်ငံတကာမှ လွှဲပြောင်းရရှိလာသည့် စိုးရိမ်ဖွယ်ရာ လက်နက်များကြောင့် မြန်မာနိုင်ငံ တွင် လူပေါင်း ၇,၄၀၀ နီးပါး သေဆုံး

ပြည်တွင်းနှင့် နိုင်ငံတကာမှ လွှဲပြောင်းရရှိလာသည့် စိုးရိမ်ဖွယ်ရာ လက်နက်များကြောင့် မြန်မာနိုင်ငံ တွင် လူပေါင်း ၇,၄၀၀ နီးပါး သေဆုံး

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၂၅

တရားမဝင် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြည်တွင်းနှင့် နိုင်ငံတကာမှ လွှဲပြောင်းရရှိလာသည့် စိုးရိမ်ဖွယ်ရာလက်နက်များကြောင့် မြန်မာနိုင်ငံတွင် လူပေါင်း ၇,၄၀၀ နီးပါး အသက် သေဆုံးခဲ့ရ ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

အောက်တိုဘာလ ၂၄ ရက်နေ့က နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပပြုလုပ်သည့် အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာ လုံခြုံ ရေးကော်မတီ(ပထမကော်မတီ) ၏ “သမားရိုးကျလက်နက်များ” ခေါင်းစဉ်ဖြင့် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးမှုတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းနှင့် နိုင်ငံတကာမှရရှိသော သမားရိုးကျ လက်နက်များသည် တရားမဝင် စစ် အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားပြည်သူလူထုကို အကြမ်းဖက် တိုက်ခိုက်ခြင်း၊ ဖိနှိပ်ခြင်း အတွက်သာ စစ်အုပ်စုက အသုံးပြုနေကြောင်း၊ ပြည်တွင်းနှင့် နိုင်ငံတကာမှ လွှဲပြောင်းရရှိလာသည့် စိုးရိမ်ဖွယ်ရာလက်နက်များကြောင့် မြန်မာနိုင်ငံတွင် လူပေါင်း ၇,၄၀၀ နီးပါး အသက် သေဆုံးခဲ့ရ ကြောင်း အသိပေးထားသည်။

မြန်မာနိုင်ငံရှိ လက်နက်ထုတ်လုပ်ရေးကဏ္ဍတစ်ခုလုံးကို စစ်အုပ်စုကသာ ထိန်းချုပ်ခဲ့ပြီး ရွေး ကောက်ခံ အရပ်သားအစိုးရလက်ထက်တွင်ပင် စစ်တပ်သည် ယင်း ထုတ်လုပ်ရေးကို ဆက်လက် လက်ဝါးကြီးအုပ်ထားကာ မည်သည့်အရပ်ဘက် ကြီးကြပ်မှုကိုမဆို ငြင်းပယ်ခဲ့ကြောင်း ထောက်ပြ ထားသည်။

ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးညွှန်ကြားရေးမှူးရုံးအောက်တွင် စစ်အုပ်စုသည် အသေးစားနှင့် အပေါ့စားလက်နက်များ၊ အမြောက်ကျည်များ၊ လူသတ်မိုင်းများ၊ လက်နက်တပ်ဒရုန်းများ၊ ဆင့်ကဲ ပေါက်ကွဲ စေတတ်သည့် လက်နက်များကိုထုတ်လုပ်ကြောင်း၊ ယင်းတို့ကို တိုင်းရင်းသားလူနည်းစု များအပါအဝင် အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ရန်အတွက် အသုံးပြုကြောင်း အသိပေးထားသည်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့က အကြမ်းဖက်စစ်တပ်ထံသို့ ကုန်ကြမ်းပစ္စည်းများ၊ လက်နက်များ၊ ခဲယမ်းမီး ကျောက်များနှင့် ဆက်စပ်နည်းပညာများအား ရရှိနေခြင်းကြောင့် စစ်အုပ်စု၏ ပြည်တွင်း ထုတ် လက်နက် များကို ပိုမိုအားဖြစ်နေစေကြောင်း၊​ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လ မှ ၂၀၂၃ ခုနှစ် မေလအထိကာလအတွင်း စစ်အုပ်စုမှ လက်နက်တင်သွင်းမှုသည် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ နီးပါး တန်ဖိုးရှိခဲ့ကြောင်း၊ သိရသည်။

စစ်အုပ်စုထံ လက်နက်တင်ပို့လွှဲပြောင်းသည့် အဖွဲ့ဝင်နိုင်ငံအချို့၏လုပ်ရပ်များသည် စစ်အုပ်စု ၏ လူသတ်မှုများကို ရှင်းလင်းပြတ်သားစွာ ထောက်ခံအားပေးသည့်လုပ်ရပ်များအဖြစ် မြန်မာပြည်သူ များက ရှုမြင်ကြကြောင်း၊ ထို့ကြောင့် တစ်ကမ္ဘာလုံးက စစ်အုပ်စုထံ လက်နက်ရောင်းချမှု ပိတ်ပင် ခြင်းကို အကောင် အထည်ဖော်ရန်နှင့် ပြည်သူများ၏ အသက်များကို ကယ်တင်နိုင်ရန်အတွက် တိုက် လေယာဉ်ဆီ၊ အခြား စစ်ဖက်-အရပ်ဖက် နှစ်မျိုးသုံးပစ္စည်းများနှင့် ဆက်စပ်နည်းပညာများ စစ်အုပ်စု ထံသို့ ဆက်လက်စီးဆင်းခြင်းကို တားဆီးပေးရန် မြန်မာပြည်သူလူထုကိုယ်စား နိုင်ငံတကာအသိုက် အဝန်းသို့ တောင်းဆိုပါကြောင်း ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦး ကျော်မိုးထွန်းက ပြောဆိုသည်။

စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်တပ်ကို လက်နက်သုံး၍ လူ့အခွင့်အရေး ချိုး ဖောက်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများ ပိုမိုကျူးလွန်နိုင်ရေး ဆက်လက်လုပ်ခွင့်သာ ပေးစေမည် ဖြစ်ကြောင်း၊ ထို့ကြောင့် အရပ်သား ပြည်သူများ၏ အသက်ကို ကာကွယ်စောင့် ရှောက်ရန်အတွက် စစ်အုပ်စု၍ လှည့်ဖြားသည့်လုပ်ငန်းစဉ်ကို ပြတ်ပြတ်သားသား ပယ်ချရန် နိုင်ငံတကာအသိုက်အဝန်း ကို တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်အာဏာသိမ်းမှုကြောင့် ပညာရေးကဏ္ဍ ပြိုလဲသွားခဲ့ရပြီး မျိုးဆက်တစ်ဆက်စာ ဆုံးရှုံးရမည့် အခြေအနေ ကြုံတွေ့နေရ

စစ်အာဏာသိမ်းမှုကြောင့် ပညာရေးကဏ္ဍ ပြိုလဲသွားခဲ့ရပြီး မျိုးဆက်တစ်ဆက်စာ ဆုံးရှုံးရမည့် အခြေအနေ ကြုံတွေ့နေရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၅ စစ်အာဏာသိမ်းမှုကြောင့် ပညာရေး ကဏ္ဍပြိုလဲသွားခဲ့ရပြီး မျိုးဆက်တစ်ဆက်စာ ဆုံးရှုံးရမည့် အခြေအနေ ကြုံတွေ့နေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ် ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။ အောက်တိုဘာလ ၂၄ ရက် နံနက်ပိုင်းက နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် ကုလသမဂ္ဂ လူမှုရေး၊...