အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများ၊ ကလေးငယ်များအပါအဝင် ပြည်သူများကို လူသား ဒိုင်းကာအဖြစ် အသုံးပြုခြင်း၊ မိုင်းကွင်းများဖြတ်ခိုင်းခြင်းသည် ဂျနီဗာကွန်းရှင်းကို ချိုးဖောက်ခြင်းဖြစ် ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ပြ

အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများ၊ ကလေးငယ်များအပါအဝင် ပြည်သူများကို လူသား ဒိုင်းကာအဖြစ် အသုံးပြုခြင်း၊ မိုင်းကွင်းများဖြတ်ခိုင်းခြင်းသည် ဂျနီဗာကွန်းရှင်းကို ချိုးဖောက်ခြင်းဖြစ် ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ပြ

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၂၄

အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများ၊ ကလေးငယ်များအပါအဝင် ပြည်သူများကို လူသား ဒိုင်းကာအဖြစ် အသုံးပြုခြင်း၊ မိုင်းကွင်းများဖြတ်ခိုင်းခြင်းသည် ဂျနီဗာကွန်းရှင်းကို ချိုးဖောက်ခြင်းဖြစ် ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထောက်ပြထားသည်။

အောက်တိုဘာလ ၂၃ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် အကြိမ် ၈၀ မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ အထူးနိုင်ငံရေးနှင့် ကိုလိုနီနယ် မြေများ လွတ်မြောက်ရေးကော်မတီ (စတုတ္ထကော်မတီ) ၏ “Assistance in Mine Action” ခေါင်းစဉ်ဖြင့် ဆွေးနွေးမှု အစီအစဉ်တွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်အုပ်စုသည် အရပ်သားများ၊ ကလေးငယ်များ အပါအဝင် ပြည်သူများကို လူသားဒိုင်း များ အဖြစ်အသုံးပြုကာ မိုင်းကွင်းများထဲ၌ အတင်းအကျပ် ဖြတ်လျှောက်စေခိုင်းမှုများ ရှိနေသည်ဟု သတင်းရင်းမြစ်များစွာက ဖော်ထုတ်ထားကြောင်း၊ ဤယုတ်မာရိုင်းစိုင်းသော အကြမ်းဖက်စစ်အုပ်စု ၏ လုပ်ရပ်များသည် ဂျီနီဗာကွန်ဗင်းရှင်းကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်ပြီး အရပ်သားပြည်သူ လူထုကို အစုလိုက်အပြုံလိုက် ထိခိုက် နာကျင်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ထောက်ပြထား သည်။

စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုဒဏ်ကို မြန်မာကလေးငယ်များက အဆိုးရွားဆုံး ခံစားနေရပြီး ၂၀၂၄ ခုနှစ် တစ်နှစ်တည်းတွင်ပင် ကလေးငယ် ၈၀၀ ကျော် သေဆုံး/ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းတို့ အနက် အနည်းဆုံး ၃၀၀ ခန့်သည် မိုင်းများနှင့် ပေါက်ကွဲစေတက်သော စစ်ကြွင်းစစ်ကျန်များကြောင့် ဖြစ် ကြောင်း၊ ဤအရေအတွက်သည် ကမ္ဘာပေါ်ရှိမြေမြှုပ်မိုင်းကြောင့် ထိခိုက်မှုများထဲတွင် အမြင့်ဆုံး စာရင်း ဖြစ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများမှာ အချို့ သော အဖွဲ့ဝင်နိုင်ငံများမှ စစ်အုပ်စုထံ စစ်လက်နက်ပစ္စည်းများ၊ တိုက်လေယာဉ်များ၊ တိုက်လေ ယာဉ်ဆီ၊ စစ်ဖက်-အရပ်ဖက်နှစ်မျိုးသုံးပစ္စည်းများနှင့် နည်းပညာများရောင်းချခြင်း သို့မဟုတ် လွှဲ ပြောင်းပေးခြင်းတို့ကြောင့် ဆက်လက်တည်မြဲနေခြင်းသာဖြစ်ကြောင်း အသိပေးထားသည်။

ထို့ကြောင့် အဆိုပါအဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်အုပ်စုအား ဘဏ္ဍာရေးနှင့် စစ်ရေးအကူအညီ ပေး ခြင်းကို ချက်ချင်းရပ်တန့်ရန်၊ အခြားအဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့်လည်း လက်နက်များ၊ ဘဏ္ဍာငွေများ၊ တိုက်လေယာဉ်ဆီများနှင့် စစ်ဖက်-အရပ်ဖက် နှစ်မျိုးသုံးပစ္စည်း များအား စစ်အုပ်စုထံသို့ စီးဆင်းမှုကို ဖြတ်တောက်ခြင်းဖြင့် မြန်မာပြည်သူများကို ကူညီပေးရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆို ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အာဆီယံအနေဖြင့် မြန်မာစစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါပတ်သက်နေမှုကို အဆုံးသတ်ပြီး အတုအယောင်ရွေးကောက်ပွဲအား ငြင်းပယ်ရမည်ဖြစ်ကြောင်း JFM တောင်းဆို

အာဆီယံအနေဖြင့် မြန်မာစစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါပတ်သက်နေမှုကို အဆုံးသတ်ပြီး အတုအယောင်ရွေးကောက်ပွဲအား ငြင်းပယ်ရမည်ဖြစ်ကြောင်း JFM တောင်းဆို

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၄ အာဆီယံအနေဖြင့် မြန်မာစစ်အုပ်စုက ကျူးလွန်လျက်ရှိသည့် နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာ ပါပတ်သက်နေမှုအား အဆုံးသတ်ရန်နှင့် မှားယွင်းသောနိုင်ငံရေးတရားဝင်မှု ဖန်တီးရန်အတွက်ပြု လုပ်ရန်ပြင်ဆင်နေသည့် အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင်ရွေးကောက်ပွဲကို Justice For Myanmar က တောင်းဆိုလိုက်သည်။ ယခုတောင်းဆိုမှုသည် ကွာလာလမ်ပူမြို့တော်တွင် မလေးရှားနိုင်ငံက လက်ခံကျင်းပမည့် ၄၇...