သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၂၃
အကြမ်းဖက်စစ်အုပ်စုက သတင်းအချက်အလက်များ ထိန်းချုပ်ရန် ဒီဂျစ်တယ်အာဏာရှင်စနစ်ကို ကျင့်သုံးနေပြီး သတင်းအမှားများ ဖြန့်ချိပေးမည့် သတင်းဌာနများကိုလည်းဖွင့်လှစ်ထားကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန် ကုသမဂ္ဂအစည်း အဝေးတွင် တင်ပြလိုက်သည်။
အောက်တိုဘာလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပပြု လုပ်သည့် ကုလသမဂ္ဂလူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ) တွင် လွတ်လပ်စွာ ထင်မြင်ချက်ပေးခွင့်နှင့် ထုတ်ဖော်ပြောကြားခွင့် (Freedom of Opinion and Expression) နှင့်စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးပြောကြားမှုအစီအစဉ်တွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
စစ်အုပ်စုက အွန်လိုင်းဝက်ဘ်ဆိုဒ်များကို ပိတ်ပင်ထားပြီး အင်တာနက်ကိုလည်းဖြတ်တောက်ထား ကာ အွန်လိုင်းလှုပ်ရှားမှုများကို စောင့်ကြည့်ထောက်လှမ်းသည့် စနစ်များပင် တွင်တွင် ကျယ်ကျယ် တပ်ဆင်အသုံးပြုနေကြောင်း၊ ထို့ပြင် စစ်အုပ်စုအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ဝေဖန်သူ များအား ဖမ်းဆီးနိုင်မည့် တိကျမှုမရှိဘဲ ကန့်သတ်သည့် ဥပဒေများကိုလည်း ထုတ်ပြန်ထားကြောင်း အသိပေးထားသည်။
ထို့အတူ သတင်းအချက်အလက်များအား ထိန်းချုပ်ရန် ဒစ်ဂျစ်တယ် အာဏာရှင်စနစ်အား ကျင့်သုံး နေပြီး လွတ်လပ်သော သတင်းဌာနများကိုလည်း ပိတ်ဆို့ထားကြောင်း၊ ယင်းအစား ၎င်းတို့ ကျူးလွန် သည့် ရက်စက်ကြမ်းကြုတ်မှုများအား ဖုံးကွယ်ပေး၍ ဒီမိုကရေစီ အားပေးသည့်အသံများအား နှောင့် ယှက်၊ ထိပါး၊ လက်တုံ့ပြန်နိုင်ရန် ၎င်းတို့ကိုယ်စား သတင်းအမှား ဖြန့်ချိပေးမည့် သတင်းဌာနများ ဖွင့် လှစ်ထားကာ ဝါဒဖြန့်ချိပေးမည့် လူပုဂ္ဂိုလ်များကိုလည်း ခန့်အပ်တာဝန်ပေးထားကြောင်း ဆက်လက် အသိပေးထားသည်။
အာဏာသိမ်း စစ်အုပ်စုသည် လူ့အခွင့်အရေး ကြေညာစာတမ်းကို ပြောင်ပြောင်တင်းတင်း မျက်ကွယ် ပြုသည့်အပြင် လွတ်လပ်စွာ ထင်မြင်ချက်ပေးခွင့်နှင့် ထုတ်ဖော်ပြောကြားခွင့်တို့အား ချိုးဖောက်နေ ပြီး အသက်သေစေနိုင်သည့် လက်နက်များဖြင့် အမှန်တရားကို ဆိတ်သုဉ်းစေလျက်ရှိကြောင်း၊ ၎င်း တို့၏ လက်အောက်တွင် သတင်းထောက်များအနေဖြင့် ထိပါးနှောင့်ယှက်ခံရခြင်း၊ ဖမ်းဆီး ထိန်းသိမ်း ခံရခြင်း၊ အကြမ်းဖက်ခံရခြင်းနှင့် တခါတရံ အသက်သေဆုံးသည်အထိ ကြုံတွေ့နေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြေကြား သည်။
သို့ဖြစ်ရာ လက်ရှိအနေအထားတွင် စစ်အုပ်စုအားဝေဖန်သည့် မည်သူမဆို သို့မဟုတ် ဒီမိုကရေစီ အ ရေး ထောက်ခံသူများအနေဖြင့် ထောင်ဒဏ်နှင့် အကြမ်းဖက်မှုတို့နှင့် ရင်ဆိုင်ရနိုင်သည့် အန္တရာယ် မြင့်မားလျက်ရှိကြောင်း၊ တစ်ဖက်တွင်လည်း စစ်အုပ်စုက “ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေး ကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေ” အမည်ခံ ဥပဒေ တစ်ရပ်ကိုလည်း ယခုနှစ် ဇူလိုင်လအတွင်းက ထုတ်ပြန်ခဲ့ပြီး ၎င်းတို့၏ အတုအယောင် ရွေးကောက် ပွဲအား တရားဝင်မှု ရှိစေရန် အသုံးချလျက်ရှိကြောင်း သိရသည်။
အဆိုပါ အမည်ခံဥပဒေတွင် ထောင်ဒဏ်မှသည် သေဒဏ်အထိ ကြီးလေးသော ပြစ်ဒဏ်များ ပါဝင်ပြီး လူအများအပြားမှာ ယင်း အမည်ခံဥပဒေအောက်မှ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရခြင်း သို့မဟုတ် ဖမ်း ဆီးခံရခြင်းများရှိကြောင်း၊ အကြောင်းမှာ ပြည်သူလူထုအပေါ် အကြောက်တရား ရိုက်ထည့်ရန်ဖြစ် ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ထင်မြင်ချက်ပေးခွင့်နှင့် ထုတ်ဖော်ပြော ကြားခွင့်တို့အပါအဝင် အခြေခံ လူ့အခွင့်အရေးများ ပြန်လည်အသက်သွင်းရန် စစ်အာဏာရှင်စနစ်နှင့် ၎င်းတို့ အကျိုးခံစားနေသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကိုပါ မဖြစ်မနေ အပြီးတိုင် ချုပ်ငြိမ်းစေရမည်ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအား တည်ထောင်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စား လှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုသည်။
မြန်မာပြည်သူများအနေဖြင့် စစ်အာဏာရှင်အား ဆန်းသစ်သော၊ အကြမ်းမဖက်သော နည်းလမ်း အ မျိုးမျိုးတို့ဖြင့် ဆန့်ကျင်ကန့်ကွက်ဆန္ဒထုတ်ဖော်ပြသခဲ့ပြီး အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှား မှု၊ အထင်ကရဖြစ်သော ဆန္ဒထုတ်ဖော်မှုများနှင့် အွန်လိုင်းတက်ကြွမှုတို့မှာ အချို့သော သာဓက များ ဖြစ်ကြောင်း၊ သတင်းထောက်များကလည်း နိုင်ငံရပ်ခြားမှနေ၍ လည်းကောင်းသို့မဟုတ် မြေအောက် လှုပ်ရှားမှု ပုံစံတို့ဖြင့်လည်းကောင်း စစ်အုပ်စု ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် လူ့အခွင့် အရေးချိုးဖောက်မှုများကို ထုတ်ဖော်လျက်ရှိကြောင်း သိရသည်။
မြန်မာပြည်သူများအနေဖြင့် ၎င်းတို့၏ မယိုင်မနဲ့သော ကတိကဝတ်နှင့် သန္နိဋ္ဌာန်တို့အား မချွင်း မချန် ရှင်းလင်းမြင်သာစွာ ထုတ်ဖော်ပြသခဲ့ပြီးဖြစ်သောကြောင့် နိုင်ငံတကာအနေဖြင့်လည်း ပြည်သူများ အား ခိုင်ခိုင်မာမာ ကူညီပံ့ပိုးအားဖြည့်ပေးရန်နှင့် စစ်အုပ်စုအပေါ် ပေါင်းစည်း ညီညွတ်မှုရှိသော၊ ပြင်း ထန်ထိရောက်သော လုပ်ဆောင်ချက်များ ချမှတ် အကောင်အထည်ဖော် လုပ်ဆောင်ရန် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုထားသည်။
Thanlwin Myanmar Media