သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၂၂
စစ်အုပ်စုမှ အရပ်သား ပြည်သူများအပေါ် ဆင့်ကဲကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် တ ရားဥပဒေ စိုးမိုးမှုပျက်သုဉ်းခြင်းတို့ကြောင့် မြန်မာနိုင်ငံအခြေအနေမှာ အလွန်ဆိုးရွားနေပြီး မြင်တွေ့ သူအဖို့ စိတ်နှလုံးကြေကွဲဖွယ်ရာဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆိုသည်။
အောက်တိုဘာလ ၂၂ ရက် မွန်းလွဲပိုင်းက ကုလသမဂ္ဂလူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ) တွင် အလွန်အမင်း ဆင်းရဲနွမ်းပါးမှုနှင့် လူ့အခွင့် အရေး (Extreme Poverty and Human Rights) ခေါင်းစဉ်ဖြင့် အပြန်အလှန်ဆွေးနွေးပြောကြားမှု အစီအစဉ်တွင်း ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း မတရား စစ်အာဏာသိမ်းမှုဖြစ်စဉ်၏ ရလဒ်နှင့် စစ်အုပ်စုမှ အရပ် သား ပြည်သူများအပေါ် ဆင့်ကဲကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် တရားဥပဒေ စိုးမိုးမှု ပျက်သုဉ်းခြင်းတို့ကြောင့် မြန်မာနိုင်ငံအခြေအနေမှာ အလွန်ဆိုးရွားနေပြီး ပြည်သူများ ကြုံတွေ့နေရ သည့် ဒုက္ခဆင်းရဲမှာ မြင်တွေ့သူအဖို့ စိတ်နှလုံးကြေကွဲဖွယ်ရာပင်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေ တွင် မြန်မာနိုင်ငံရှိ လူဦးရေထက်ဝက်ကျော်မှာ ဆင်းရဲနွမ်းပါးမှုအတွင်းသို့ ကျရောက်နေပြီ ဖြစ် ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြော ကြားသည်။
စစ်အုပ်စုက လူမှုရေးသဘောတူညီချက်အစား ၎င်းမှ အကြမ်းဖက်နိုင်ရေးနှင့် အချို့အုပ်စုများ အား ရည်ရွယ်ချက်ရှိရှိ ဖယ်ကျဉ်ရေး ဦးတည်ချက်တို့ကို ဦးစားပေးလုပ်ဆောင်လျက်ရှိသောကြောင့် ၃.၆ သန်းသော ပြည်သူများမှာ ပြည်တွင်း နေရာအနှံ့အပြားသို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး ၂၂ သန်းခန့်သော ပြည်သူများမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အရေးတကြီး လိုအပ်လျက်ရှိကြောင်း သိရသည်။
ခန့်မှန်းခြေအားဖြင့် ၂၀၂၂ ခုနှစ်တွင် ၅၃ ရာခိုင်နှုန်းသော ကလေးသူငယ်များမှာ အမျိုးသားရေး အ ဆင့် ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်သို့ကျရောက်နေပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေ၏ ၃၀ ရာခိုင်နှုန်းမှာ စားနပ်ရိက္ခာမဖူလုံမှုပြဿနာနှင့် ရင်ဆိုင်နေရကြောင်း၊ ယင်းညွှန်းကိန်းအရ ကမ္ဘာ့စား နပ်ရိက္ခာ မဖူလုံသည့်နိုင်ငံများအနက် မြန်မာနိုင်ငံသည် အဆင့် (၅) ၌ ရှိနေသည်ဟု ဆိုနိုင်ကြောင်း အသိပေးထားသည်။
ထို့ပြင် စစ်အုပ်စု၏ လက်ချက်ကြောင့် ဖြစ်ပေါ်လာသော ငတ်မွတ်ခေါင်းပါးမှုနှင့် ဆာလောင်မှု တို့ ကြောင့် မြန်မာပြည်သူများ၊ အထူးသဖြင့် အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် လူငယ် လူရွယ် တို့မှာ အွန်လိုင်းလိမ်လည်လှည့်ဖြားမှု၊ လူနှင့် မူးယစ်ဆေးဝါးကုန်ကူးမှု စသည့် နယ်စပ်ဖြတ်ကျော် မှုခင်းများအတွက် လူကုန်ကူးခံရနိုင်သည့် အန္တရာယ် အလွန်မြင့်မားလျက်ရှိပြီး အချို့မှာ ယင်းရာဇ ဝတ် မှုများ၏ သားကောင်များပင် ဖြစ်နေပြီဖြစ်ကြောင်း ထပ်မံအသိပေးထားသည်။
ထိုသို့သော ဆိုးရွားသည့် အခြေအနေဆိုးမှ လွတ်မြောက်အောင် ဆောင်ရွက်နိုင်သည့်နည်းလမ်းမှာ လူ့အခွင့်အရေးအပေါ် အခြေခံသည့် လူမှုကာကွယ်ရေးသည် အာဏာရှင်ဆန်သော လူကြိုက်များ ဝါဒအား တားဆီးကာကွယ်ရန် မရှိမဖြစ်လိုအပ်သည့် အကာအကွယ်ပင် ဖြစ်ကြောင်း ကုလသမဂ္ဂ ဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းစေရေး ဝိုင်းဝန်းကူညီပေးကြရန်၊ စစ်အုပ်စု အား ၎င်းတို့ မြန်မာပြည်သူလူထုအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး ဝိုင်းဝန်းကူညီပေးကြရန် တောင်းဆိုထားသည်။
Thanlwin Myanmar Media