ကုလသမဂ္ဂအဖွဲ့အစည်းများ၏ ဆုံးဖြတ်ချက်များစွာကို ချိုးဖောက်နေသော အကြမ်းဖက်စစ်တပ်က နူကလီးယားစွမ်းအင်ကို လက်နက်အဖြစ် အသုံးပြုလိမ့်မည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း သတိပေး

ကုလသမဂ္ဂအဖွဲ့အစည်းများ၏ ဆုံးဖြတ်ချက်များစွာကို ချိုးဖောက်နေသော အကြမ်းဖက်စစ်တပ်က နူကလီးယားစွမ်းအင်ကို လက်နက်အဖြစ် အသုံးပြုလိမ့်မည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း သတိပေး

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၂၂

ကုလသမဂ္ဂအဖွဲ့အစည်းများ၏ ဆုံးဖြတ်ချက်များစွာကို ချိုးဖောက်နေသော အကြမ်းဖက်စစ်တပ်က နူကလီးယားစွမ်းအင်ကို လက်နက်အဖြစ် အသုံးပြုလိမ့်မည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက သတိပေးလိုက်သည်။

အောက်တိုဘာလ ၂၁ ရက်နေ့က ကျင်းပပြုလုပ်သည့် အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ၊ လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာ လုံခြုံရေးကော်မတီ (ပထမကော်မတီ) ၏ နျူက လီးယားလက်နက်ဖျက်သိမ်းရေးဘာသာရပ်မူဝါဒရေးရာ ဆွေးနွေးပြောကြားမှုအစီအစဉ်တွင် ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာ့အရေး အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ရပ်အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံး ဖြတ်ချက် (၂၆၆၉) အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းများ၏ ဆုံးဖြတ်ချက်များစွာကို ချိုးဖောက် နေသော အကြမ်းဖက်စစ်တပ်သည် IAEA ၏ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စည်းမျဉ်းများကို လည်း ချိုးဖောက်ပြီး နျူကလီးယားစွမ်းအင်ကို လက်နက်အဖြစ် အသုံးပြုလိမ့်မည် ဖြစ်ကြောင်း သတိပေးထားခြင်းဖြစ်သည်။

အကြမ်းဖက်စစ်အုပ်စုမှ အရပ်သားများအပေါ် ရာဇဝတ်မှုများနှင့် ပစ်မှတ်ခွဲခြားခြင်းမရှိသည့် လေ ကြောင်းတိုက်ခိုက်မှုများတိုးမြှင့်ကျူးလွန်လာနေချိန်တွင် စစ်အုပ်စုက နျူကလီးယား လက်နက် ပိုင်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံနှင့်ပူးပေါင်း၍ “နျူကလီးယားစွမ်းအင် အစီအစဉ်” ဟု အမည်တပ် ဆောင်ရွက်နေမှုအပေါ် အလေးအနက် စိုးရိမ်မိကြောင်း အသိပေးထားသည်။

နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရန်ဟူသော အယူအဆသည်အကြမ်းဖက်စစ် အုပ်စုနှ င့် အပြန်အလှန် ဆန့်ကျင်ဘက်ဖြစ်သည်ကို သတိပေးပြောကြားလိုကြောင်း၊ အပန်းဖြေရာတွင် အသုံး ပြုသည့် ပါရာမော်တာများကိုပင် အရပ်သားများအပေါ်လက်နက်အဖြစ် အသုံးပြုသည့် စစ်တပ်သည် နျူကလီးယားစွမ်းအင်ကိုလည်း လက်နက်အဖြစ် အသုံးပြုလိမ့်မည် ဖြစ်ကြောင်း ထောက်ပြထား သည်။

တရားမဝင် လက်နက်ဝယ်ယူရေးလုပ်ငန်းများကို လွယ်ကူစေရန် လုပ်ပေးနေသော စစ်အုပ်စုနှင့် ၎င်း ၏ လက်အောက်ခံများသည် တရားမဝင်နျူကလီးယားလုပ်ငန်းများကိုလည်း လွယ်ကူစွာ လုပ်ကြ လိမ့်မည်ဖြစ်ပြီး စစ်အုပ်စုမှ ပြုလုပ်ရန်စီစဉ်နေသည့် အတုအယောင်၊ အလိမ်အညာရွေးကောက်ပွဲကို ပံ့ပိုးမည့် မည်သည့် နိုင်ငံတကာအထောက်အပံ့ သို့မဟုတ် အကူအညီပေးမှုများသည် စစ်အုပ်စု၏ အန္တရာယ်ရှိသော နျူကလီးယား ရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်ရန် တစ်ဆင့်တိုး၍ နီးကပ်သွားစေမည်ကို ထပ်လောင်းပြောဆိုထားသည်။

သို့ဖြစ်ပါ၍ အကြမ်းဖက်စစ်တပ်ထံသို့ လက်နက်များ၊ စစ်လက်နက်ပစ္စည်းများ၊ တိုက်လေယာဉ်ဆီ၊ အခြားစစ်ဖက်-အရပ်ဖက်နှစ်မျိုးသုံးပစ္စည်းများနှင့်ဆက်စပ်နည်းပညာများ စီးဆင်းမှုကို ဖြတ်တောက် ကြပါရန် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအားလုံးထံ တောင်းဆိုထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အကြမ်းဖက်မြန်မာစစ်တပ်က KK Park အပါအဝင် နိုင်ငံတကာရာဇဝတ်စီးပွားဂိုဏ်းကို အသက်သွင်း ပြီး ငွေကြေး ရှာဖွေနေ

အကြမ်းဖက်မြန်မာစစ်တပ်က KK Park အပါအဝင် နိုင်ငံတကာရာဇဝတ်စီးပွားဂိုဏ်းကို အသက်သွင်း ပြီး ငွေကြေး ရှာဖွေနေ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၂ အကြမ်းဖက် မြန်မာစစ်တပ်က KK Park အပါအဝင် နိုင်ငံတကာ ရာဇဝတ်စီးပွားဂိုဏ်းကို အသက် သွင်းပြီး ငွေကြေးရှာဖွေနေကြောင်း Justice For Myanmar – JFM က ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့က မြန်မာစစ်အုပ်စုသည် နာမည်ဆိုးဖြင့်ကျော်ကြားသော KK...