အကြမ်းဖက်မြန်မာစစ်တပ်က KK Park အပါအဝင် နိုင်ငံတကာရာဇဝတ်စီးပွားဂိုဏ်းကို အသက်သွင်း ပြီး ငွေကြေး ရှာဖွေနေ

အကြမ်းဖက်မြန်မာစစ်တပ်က KK Park အပါအဝင် နိုင်ငံတကာရာဇဝတ်စီးပွားဂိုဏ်းကို အသက်သွင်း ပြီး ငွေကြေး ရှာဖွေနေ

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၂၂

အကြမ်းဖက် မြန်မာစစ်တပ်က KK Park အပါအဝင် နိုင်ငံတကာ ရာဇဝတ်စီးပွားဂိုဏ်းကို အသက် သွင်းပြီး ငွေကြေးရှာဖွေနေကြောင်း Justice For Myanmar – JFM က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က မြန်မာစစ်အုပ်စုသည် နာမည်ဆိုးဖြင့်ကျော်ကြားသော KK Park ဆိုက် ဘာငွေလိမ်ခြံဝန်းကြီးအား အယောင်ပြစီးနင်းမှုတစ်ရပ် လုပ်ဆောင်ခဲ့ပြီး အဆိုပါအယောင်ပြ ဝင် ရောက်ဖမ်းဆီးမှုအတွင်း KK Park အတွင်းမှ Starlink စက် အလုံး ၃၀ နှင့်အတူ အလုပ်လုပ်နေသူ များ သို့မဟုတ် ပိတ်မိနေသူအားလုံး၏ အစွန်းထွက်ပမာဏသာရှိသည့် အလုပ်သမား ၂၁၉၈ ဦးအား တွေ့ရှိရသည်ဟု ဆိုကြောင်း၊ ယင်းဝင်ရောက်စီးနင်းမှုသည် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ အချိန်ကိုက်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများနှင့် လူကုန်ကူးမှုများတွင် ပါဝင် နေသည့် စစ်အုပ်စုနှင့် လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်တို့၏ အဓိကအခန်းကဏ္ဍကို အာရုံ ပြောင်းလှည့်စားရန် နောက်ထပ်ကြိုးပမ်းမှုတစ်ရပ် ဖြစ်ပုံရရကြောင်း အသိပေးထားသည်။

မြန်မာစစ်တပ်သည် ရာဇဝတ်စီးပွားလုပ်ငန်းကွန်ရက်ကြီးတစ်ခုကို ကြီးကြပ်လည်ပတ်နေပြီး၎င်းကွပ် ကဲမှုအောက်ရှိ ကရင်နယ်ခြားစောင့်တပ်နှင့် ရာဇဝတ်စီးပွားကုမ္ပဏီများကိုလည်း လက်သပ်မွေး ပြုစု ပျိုး ထောင်ထားကြောင်း၊ ၎င်းတို့အတူ ပူးပေါင်း၍ နိုင်ငံဖြတ်ကျော် ရာဇဝတ်စီးပွားဂိုဏ်း ကွန်ရက် တစ်ခုကို အသက်သွင်းလုပ်ဆောင်နေပြီး၊ KK Park အပါအဝင် ယင်းကွန်ရက်သည် လက်ရှိကျူး လွန် လျက်ရှိသည့် နိုင်ငံတကာရာဇဝတ်မှုများအတွက် ငွေကြေးများကို ရှာဖွေပေးနေကြောင်း ထောက်ပြ ထားသည်။

၎င်းတို့သည် မြေယာထိန်းချုပ်မှု၊ စီးပွားရေးလိမ်လည်မှုများကျူးလွန်ရာ အဆောက်အအုံများတွင် အ ကျိုးစီးပွားရယူမှု၊ အခွန်ကောက်ခံမှု၊ လုံခြုံရေးဝန်ဆောင်ပေးမှု၊ တရားမဝင်ကုန်သွယ်မှု၊ လူကုန်ကူး မှု နှင့် လူသုံးကုန် ထိန်းချုပ်ရောင်းချမှုတို့မှတဆင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများမှ အကျိုးအမြတ် များ ရရှိနေခြင်းဖြစ်ကြောင်း သိရသည်။

ယခုနှစ်အစောပိုင်းက ကရင်နယ်ခြားစောင့်တပ်/ ကရင်အမျိုးသားတပ်အပေါ် အမေရိကန်ပြည် ထောင်စု၏ ဒဏ်ခတ်ပိတ်ဆို့မှုများတွင် ယင်းပြည်သူ့စစ်အဖွဲ့မှ တပ်ဖွဲ့ဝင်များသည် KK Park ကို လုံခြုံရေးပေးနေကြောင်း အစီရင်ခံထားသည်။

ယင်းအစီရင်ခံမှုမတိုင်မီ ၂၀၂၄ ခုနှစ် Deutsche Welle သုတေသနတွင်လည်း ကရင်နယ်ခြားစောင့် စစ်သည်များကို KK Park တွင် လုံခြုံရေးချထားကြောင်း ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်နှစ်က ချမှတ်ခဲ့သည့် ဥရောပသမဂ္ဂ၏ ဒဏ်ခတ်ပိတ်ဆို့မှုများတွင်လည်း ကရင်နယ်ခြား စောင့်တပ် ဒုဗိုလ်မှူးကြီးစောမုတ်သုန်နှင့် ဗိုလ်မှူးစောတင်ဝင်းတို့နှစ်ဦးအား KK Park တွင် ပါဝင် ပတ်သက်သူ၊ အကျိုးအမြတ်ရရှိသူများအဖြစ် သတ်မှတ်ဖော်ပြ၍ ဒဏ်ခတ်ပိတ်ဆို့ခဲ့ကြောင်း သိရသည်။

မြန်မာစစ်တပ်၏ ကွပ်ကဲမှုအောက်ရှိ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများအတွင်း ကရင်နယ်ခြားစောင့် တပ်နှင့် ခေါင်းဆောင်များ၏ ပါဝင်ပတ်သက်မှုသည် KK Park ထက်ပင် များစွာကျော်လွန်ကျယ်ပြန့် ကြောင်း သိရသည်။

ဥပမာအားဖြင့် စောချစ်သူနှင့် ၄င်း၏ သားသမီးများသည် ကရင်နယ်ခြားစောင့်တပ် ကုမ္ပဏီကိုးခုကို အတူတကွ ပိုင်ဆိုင်ကြကြောင်း၊ ယင်းတို့အနက် ကုမ္ပဏီနှစ်ခုကို ဆိုက်ဘာငွေလိမ်ခြံကြီးများအတွက် ရင်းနှီးမြှုပ်နှံထားပြီး ထိုကုမ္ပဏီများမှာ Myanmar Apolo International Investment Company Limited (Apollo Park) နှင့် Yulong Bay Resort Tourism Development Company Limited (Yulong Bay Park) တို့ ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဆိုက်ဘာငွေလိမ်လုပ်ငန်းများအား ကိုင်တွယ်ဖြေရှင်းမည့် နိုင်ငံတကာအရေးယူဆောင် ရွက်မှုများ သည် မြန်မာစစ်တပ်နှင့် ယင်း၏ ပြည်သူ့စစ်အဖွဲ့များအား ကျယ်ပြန့်စွာ ပစ်မှတ်ထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း JFM က အသိပေးထားသည်။

မြန်မာစစ်တပ်သည် ပြည်တွင်းဥပဒေဖြင့်လည်းကောင်း၊ နိုင်ငံတကာဥပဒေပါ ဖွင့်ဆိုချက်ဖြင့် လည်း ကောင်း အကြမ်းဖက်အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး စစ်အုပ်စုသည် မြန်မာပြည်သူများအား မြန်မာ နိုင်ငံအတွင်းနှင့် ဒေသဖြတ်ကျော် လူအစုလိုက်အပြုံလိုက် အဓမ္မဖိအားပေးရွှေ့ပြောင်းစေမှုကြီးအ တွက် တာဝန်ရှိသူဖြစ်သလို၊ အိမ်နီးချင်းနိုင်ငံများထိပါ ကူးစက်သက်ရောက်စေခဲ့သော ကာလရှည် စီးပွားရေးအကျပ်အတည်းကြီး ဖြစ်စေခဲ့သည့် ဒေသတွင်းမတည်ငြိမ်မှု၏ အဓိကရေသောက်မြစ် လက်သည်တရားခံလည်း ဖြစ်ကြောင်း ဆက်လက် ပြောဆိုထားသည်။

စစ်တပ်၏ တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း အာဆီယံသည် စစ်အုပ်စုအား နိုင်ငံရေး တရားဝင်မှု မှားယွင်းစွာပေးအပ်ခဲ့ပြီး၊ မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က နိုင်ငံတကာရာဇဝတ်မှုများနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို အပြစ်ပေးအရေးယူခံရမှု လွတ်ကင်းစွာဖြင့် ကျူးလွန်လျက်ရှိနေ စဥ် ယင်းအဖွဲ့အစည်းများကို ထောက်လှမ်းရေးသတင်းအချက်အလက်များနှင့် လေ့ကျင့်သင်ကြားမှု များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ အာဆီယံ၏ စစ်အုပ်စုအား နိုင်ငံရေးတရားဝင်မှု မှားယွင်စွာ ပေးအပ်ခြင်းသည် ယင်းရာဇဝတ် စီးပွားကွန်ရက်အား ပိုမိုအတင့်ရဲစေခဲ့သည်သာမက၊ စစ်အုပ်စုအား နိုင်ငံတကာဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မှုများကို ရှောင်ရှားရန်ကူညီပေးနိုင်သည့် အသိပညာများ ပေးအပ်ခဲ့ခြင်းဖြင့် နယ်စပ်ဖြတ်ကျော်ပြစ်မှုများအတွက် နိုင်ငံတကာတုန့်ပြန်မှုများကိုပါ ထိခိုက်စေခဲ့ကြောင်း ထောက် ပြထားသည်။

လာမည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် အစိုးရများအနေဖြင့် စစ်အုပ်စုနှင့် ၄င်းတို့ကို တရားဝင် မှု ရရှိစေရန် ကြိုးပမ်းသည့် အတုအယောင်ရွေးကောက်ပွဲအား ပြတ်သားစွာ ဆန့်ကျင်ရပ်တည်ရမည် ဖြစ်ကြောင်း JFM က တောင်းဆိုထားသည်။

ထိုအပြင် အစိုးရများအနေဖြင့် အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆိုထားသည့်အတိုင်း စစ်အုပ်စု၏ ဘဏ္ဍာငွေ၊ စစ်လက်နက်နှင့် လေယာဥ်ဆီလမ်းကြောင်းများကို ဖြတ်တောက်ရမည်ဖြစ်ပြီး၊ လူမျိုး တုန်း သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများအတွက် နိုင်ငံတကာအရေးယူတာဝန်ခံစေမှုရရှိစေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဆက်လက်တောင်း ဆိုထားသည်။

စစ်တပ်ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် မြန်မာပြည်သူများ၏ ရုန်းကန် လှုပ်ရှားမှုကို ပံ့ပိုးကူညီခြင်းဖြင့်သာ အာဆီယံနှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ဆိုက်ဘာပြစ် မှုအကျပ်အတည်းနှင့် မြန်မာ့အကျပ်အတည်းတို့အား အပြီးတိုင် အမြတ်ပြတ် ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဂျနီဗာမြို့ရှိ နိုင်ငံတကာပါလီမန်များ ညီလာခံတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုနှင့် အကြမ်းဖက်မှုများကို တင်ပြ

ဂျနီဗာမြို့ရှိ နိုင်ငံတကာပါလီမန်များ ညီလာခံတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုနှင့် အကြမ်းဖက်မှုများကို တင်ပြ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၂ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ ကျင်းပလျက်ရှိသည့် နိုင်ငံတကာပါလီမန်များညီလာခံတွင် အကြမ်း ဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် အကြမ်းဖက်မှုများကို တင်ပြခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ -CRPH က ထုတ်ပြန်သည်။ အောက်တိုဘာလ ၂၁ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ ကျင်းပလျက်ရှိသည့် (၁၅၁) ကြိမ် မြောက်...