ဂျနီဗာမြို့ရှိ နိုင်ငံတကာပါလီမန်များ ညီလာခံတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုနှင့် အကြမ်းဖက်မှုများကို တင်ပြ

ဂျနီဗာမြို့ရှိ နိုင်ငံတကာပါလီမန်များ ညီလာခံတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုနှင့် အကြမ်းဖက်မှုများကို တင်ပြ

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၂၂

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ ကျင်းပလျက်ရှိသည့် နိုင်ငံတကာပါလီမန်များညီလာခံတွင် အကြမ်း ဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် အကြမ်းဖက်မှုများကို တင်ပြခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ -CRPH က ထုတ်ပြန်သည်။

အောက်တိုဘာလ ၂၁ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ ကျင်းပလျက်ရှိသည့် (၁၅၁) ကြိမ် မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်နေသော မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါက်တာဝင်းမြတ်အေးက ညီလာခံ၏ General Debate အစီအစဉ်၊ “Safeguarding humanitarian action in times of armed conflict” ခေါင်း စဉ်ဖြင့် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေအား လေး စား လိုက်နာရေးမြှင့်တင်မှုကော်မတီ၏ အစည်းအဝေးတို့ကို တက်ရောက်ခဲ့ကာ ရှင်းလင်း ပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းအစည်းအဝေးတွင် “ပဋိ့ပက္ခကြောင့် နေရပ်စွန့်ခွာနေရမှုများ၊ အကြမ်းဖက်မှုများ ခံစားနေရမှု များ၊ လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ လိုအပ်နေမှုများ၊ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက် မှုများအပါအဝင် အကြမ်းဖက်မှုများ လုပ်ဆောင်နေမှုများ၊ ယင်းအကြမ်းဖက် လုပ်ရပ်များကြောင့် ဆေးရုံ၊ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အအုံများ ပျက်စီးနေမှု များ၊ အကြမ်းဖက် စစ်တပ်က လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပိတ်ဆို့နေမှုများ” ကို မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါက်တာဝင်းမြတ်အေးက ရှင်းလင်းတင်ပြခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အကြမ်းဖက်စစ်တပ်၏ အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှု စည်းမျဉ်းများ ချိုးဖောက်နေမှုများကို ထောက်ပြခဲ့ကြောင်း သိရသည်။

မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ဘရာဇီး၊ ဘယ်လ်ဂျီယံ၊ ပိုလန်၊ ဖိလစ်ပိုင်နိုင်ငံတို့မှ လွှတ်တော်ကိုယ်စားလှယ်များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ အလားတူ ယနေ့ အောက် တိုဘာလ ၂၂ ရက်နေ့တွင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ဒုတိယခေါင်းဆောင် ဒေါ်ဇင်မာ အောင် သည် ညီလာခံ၏ General Debate အစီအစဉ်တွင် မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖမ်းဆီးခံထားရသူများ၏ အခြေအနေများနှင့် ၎င်းတို့ရောက်ရှိနေသည့်နေရာများအား မသိရှိစေရန် စစ်တပ်က မိသားစုများနှင့် ရှေ့နေများကို အဆက်အသွယ် ဖြတ်တောက်ထား

ဖမ်းဆီးခံထားရသူများ၏ အခြေအနေများနှင့် ၎င်းတို့ရောက်ရှိနေသည့်နေရာများအား မသိရှိစေရန် စစ်တပ်က မိသားစုများနှင့် ရှေ့နေများကို အဆက်အသွယ် ဖြတ်တောက်ထား

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၂ ဖမ်းဆီးခံထားရသူများ၏ အခြေအနေများနှင့် ၎င်းတို့ရောက်ရှိနေသည့်နေရာများအား မသိရှိစေရန် စစ်တပ်က မိသားစုများနှင့် ရှေ့နေများကို အဆက်အသွယ် ဖြတ်တောက်ထားကြောင်း ကုလသမဂ္ဂ ဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။ အောက်တိုဘာလ ၂၁ ရက်နံနက်ပိုင်းက အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ ကုလသမဂ္ဂ လူမှုရေး၊...