သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၁၃
အရပ်သားပြည်သူလူထုအပေါ် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် စနစ်တကျသတ် ဖြတ်နေမှုကို ထုတ်ဖော်ပေးပါရန်အပါအဝင် အချက် ၅ ချက်ကို NUG၊ CRPH အပါအဝင် တော်လှန် ရေးအဖွဲ့အစည်း ၂၀ ခု က အာစီယံကို တောင်းဆိုလိုက်သည်။
အောက်တိုဘာလ ၁၁ ရက်နေ့က အာဆီယံ မြန်မာ့အရေး သက်ဆိုင်သူများ အားလုံးပါဝင်သော အ စည်းအဝေးကျင်းပခြင်း – ဘုံသဘော တူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ဆောင်ခြင်း၊ ဒီမို ကရေစီကို ထိန်းသိမ်းခြင်းနှင့် စစ်တပ်၏ အ တုအယောင် ရွေးကောက်ပွဲများကို ပယ်ချခြင်းဆိုင်ရာ ထုတ်ပြန်ချက် ထုတ်ပြန်ရာတွင် ထည့်သွင်းတောင်းဆိုထားခြင်းဖြစ်သည်။
အာဏာသိမ်းစစ်အုပ်စုမှ စီစဉ်သော ရွေးကောက်ပွဲများသည် ဘုံသဘောတူညီချက်ငါးရပ် သို့မဟုတ် နိုင်ငံတကာ စံနှုန်းများအရ တရားဝင်မှု လုံးဝ မရှိသောကြောင့် ထိုသို့သော မည်သည့် ရွေးကောက် ပွဲများ ကိုမဆို ငြင်းပယ်ရန် နှင့် အသိအမှတ်ပြုခြင်းကို ငြင်းဆိုရမည်ဖြစ်ကြောင်း ပြောဆိုထားသည်။
ထို့အပြင် လေကြောင်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုများကို ရပ်တန့်ခြင်း၊ စောင့်ကြည့်ခြင်း နှင့် သတင်းပို့ တိုင်ကြားခြင်း ယန္တရားများကို အားကောင်းစေခြင်း၊ ပြည်တွင်း၊ ဒေသခံနှင့် နယ်စပ် ဖြတ်ကျော် လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အကာအကွယ်ပေးရေး ကွန်ရက်များကို ပံ့ပိုး ပေး ခြင်းအပါ အဝင်အရပ် သားများအပေါ်အကြမ်းဖက်မှုများမှ ကာကွယ်ရန် လက်ငင်းအစီအမံများ ဆောင်ရွက်ပေးရန် ဆက်လက်တောင်းဆိုထားသည်။
ထို့အပြင် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေနှင့် လူ့အခွင့်အရေးဥပဒေကို ပြင်းထန်စွာ ချိုးဖောက်မှုများ မြောက်သည့် စနစ်တကျ လေကြောင်းတိုက်ခိုက်မှုများ၊ အစုလိုက် အပြုံလိုက် သတ် ဖြတ်ခြင်းများနှင့် အရပ်သားများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အ လုပ်သမားများ အား တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စု၏ လက်ရှိ ဖြစ်ပေါ်နေသော ရက်စက် ကြမ်းကြုတ်မှုများ အပေါ် နှုတ်ဆိတ်နေခြင်းကို အဆုံးသတ်ပေးရန်လည်းပါဝင်သည်။
အကြမ်းဖက်စစ်တပ်က ဥပဒေမဲ့ ဖမ်းဆီး ထိန်းသိမ်း ခံထားရသော သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သတင်းထောက်များ၊ တက်ကြွလှုပ်ရှားသူများနှင့် ရပ် ရွာခေါင်းဆောင်များ အပါ အဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေး ရန် တောင်းဆိုပေးရမည်ဟု ဆိုသည်။
အလားတူ လိုက်နာခြင်းနှင့် တာဝန်ခံမှုကို အားဖြည့်ပေးသည့် သံတမန် အစီအမံများ၊ အာဆီယံ အ စည်း အဝေးများ တက်ရောက်ခွင့်ကို ဆိုင်းငံ့ခြင်း၊ ညှိနှိုင်းဆောင်ရွက်သော နိုင်ငံတကာ လုပ်ဆောင် ချက်များမှတဆင့်အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်၏ ဆက်လက် လိုက်နာမှု မရှိခြင်းနှင့် ဖီဆန်ခြင်းအတွက် စစ်အုပ်စုအား တာဝန်ခံစေရန် လုပ်ဆောင်ပေးပါရန် တောင်းဆိုထားသည်။
၂၀၂၅ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌဖြစ်သော မလေးရှားနိုင်ငံသည် အာဆီယံ၏အခြေခံမူများကို ထပ်မံ အတည်ပြုပြီး ဒေသတွင်း ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကတိကဝတ် များကို အထိအခိုက်မခံရအောင် ပြတ်ပြတ်သားသား ဆက်လက် ဦးဆောင်နိုင်မည်ဟု မျှော်လင့်ပါ ကြောင်း၊ မူကို အခြေခံပြီး စုပေါင်းဆောင်ရွက်သော လုပ်ဆောင်ချက်သာလျှင် အာဆီယံနှင့် နိုင်ငံတ ကာအသိုက်အဝန်းသည် မြန်မာနိုင်ငံ၏ အရပ်သားများအပေါ်အကြမ်းဖက်မှုများကို အဆုံးသတ်စေပြီး ငြိမ်းချမ်းသော၊ အားလုံးပါဝင်မှုရှိသော ဖက်ဒရယ်ဒီမိုကရေစီအနာဂတ်ဆီသို့ လမ်းကြောင်း ဖွင့်ပေး နိုင်ဖြစ်ကြောင်း အသိပေးထားသည်။
အဆိုပါ တိုက်တွန်းထုတ်ပြန်ချက်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ၊ အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တ လေး) ၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ၊ Critical Movement အဖွဲ့၊ စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း ၊ Kachin Political Interim Coordination Team (KPICT) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)/ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ၊ မကွေး ဒေသ တော်လှန်ရေး အင် အား စုများ ကွန်ရက် ၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင် လူမျိုးစုများ အတိုင်ပင်ခံ ကော်မတီ (MMMCC) ၊ အမျိုးသား ညီ ညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP(AD) ၊ ပအိုဝ်း အမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ၊ ရိုဟင်ဂျာ အတိုင်ပင်ခံ ကောင်စီ (ယာယီ) (RCC) နှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တို့ဖြစ်ကြောင်း သိရသည်။
Thanlwin Myanma Media