နွေဦးတော်လှန်ရေးကာလအတွင်း အကြမ်းဖက်စစ်တပ်က အမျိုးသမီး ၂၄၀၀ ဦး ကျော်သတ်ထားပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဆက်လက်မြင့်တက်နေ

နွေဦးတော်လှန်ရေးကာလအတွင်း အကြမ်းဖက်စစ်တပ်က အမျိုးသမီး ၂၄၀၀ ဦး ကျော်သတ်ထားပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဆက်လက်မြင့်တက်နေ

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၁၂

နွေဦးတော်လှန်ရေးကာလအတွင်း အကြမ်းဖက်စစ်တပ်က အမျိုးသမီး ၂၄၀၀ ကျော်သတ်ဖြတ်ထားပ ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုလည်း ဆက်လက်မြင့်တက်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက နယူးယောက်မြို့၊ ကုလသမဂ္ဂဌာချုပ်တွင် ကျင်းပသည့် ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယ ကော်မတီ) တွင် အမျိုးသမီးများကဏ္ဍမြှင့်တင်မှု (Advancement of Women) ခေါင်းစဉ်ဖြင့် အပြန် အလှန် ဆွေးနွေးမှုအစီအစဉ်တွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့အထိ အကြမ်းဖက်စစ် တပ်က သတ်ဖြတ်ခဲ့သည့် အမျိုးသမီး ၂၄၁၀ ဦးရှိပြီး ယင်းအညွှန်းကိန်းမှာ သေဆုံးသူ စုစုပေါင်း၏ ၂၂ ဒသမ ၈ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ထို့အပြင်အကြမ်းဖက်စစ်တပ်က အမျိုးသမီးများအပေါ် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုများကိုလည်း စစ်နည်းဗျူဟာသဖွယ်လုပ်ဆောင်လျက်ရှိပြီး ဆက်လက်မြင့် တက်လျက်ရှိကြောင်း အသိပေးထားသည်။

ထိုသို့ လုပ်ဆောင်မှုများသည် CEDAW နှင့် လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အဆို ၁၃၂၅ အပါ အဝင် နိုင်ငံတကာစာချုပ်စာတမ်းများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေခြင်းဖြစ်ကြောင်း ထောက် ပြထားသည်။

အကြမ်းဖက်စစ်တပ်အနေဖြင့် မြန်မာနိုင်ငံ ပြည်သူ့တော်လှန်ရေး၏ ရှေ့တန်းမှ မားမားမတ်မတ် ရပ် တည် ပါဝင်နေသည့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ နိုင်ငံရေး လှုပ်ရှားမှုနှင့် တိုင်းပြည်၏ အနာဂတ် ဒီမိုကရေစီတည်ဆောက်ရေးတွင် ပါဝင်ခွင့်ရှိသည့် အခွင့်အရေးတို့ကို ချေမှုန်းရန် အတွက် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် တရားလက်လွတ် အကျဉ်းချခြင်း တို့ကို ရည်ရွယ်ချက်ရှိစွာ လုပ်ဆောင်လျက်ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စား လှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

ထို့ပြင် စစ်အုပ်စုက ကျူးလွန်ဆဲ ၊ကျူးလွန်မြဲဖြစ်သည့် လေကြောင်းတိုက်ခိုက်မှုများ၊ ဗုံးကြဲ တိုက် ခိုက်မှုများ၊ ဥပဒေမဲ့စီးနင်းဝင်ရောက် တိုက်ခိုက်မှုများနှင့် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်စေခြင်း များကြောင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် လူကုန်ကူးမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက် မှုနှင့် အဓမ္မထိမ်းမြားလက်ထပ်စေခြင်းစသည့် အန္တရာယ်များဆီသို့ တွန်းပို့ခံနေရကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

စစ်အုပ်စုက အမျိုးသမီး တက်ကြွလှုပ်ရှားသူများနှင့် လူ့အခွင့်အရေး ကာကွယ်သူများ၏ လှုပ်ရှားမှု များကို စောင့်ကြည့်ရန်၊ နောက်ယောင်ခံရန်နှင့် ခြိမ်းခြောက်ရန် နည်းပညာမြင့်မားလာသော ဒစ်ဂျစ် တယ်ပစ္စည်းများကို အသုံးချလျက်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် အများပြည်သူအကြား ထင်ရှားသော အမျိုးသမီး လူပုဂ္ဂိုလ်များ၏ ယုံကြည်ရသော ပုံရိပ်နှင့် ဆန္ဒတို့အား ဖျက်ဆီးရန် ကျားမအခြေပြု အရှက်ခွဲခြင်းနှင့် အွန်လိုင်း အလွဲသုံးစားပြုမှုများကို မကြာခဏ အားထားလေ့ရှိကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေး ပျက်သုန်းမှုသည် ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေး၊ လုံခြုံရေးတို့ကို ခြိမ်းခြောက်လျက်ရှိ

မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေး ပျက်သုန်းမှုသည် ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေး၊ လုံခြုံရေးတို့ကို ခြိမ်းခြောက်လျက်ရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၁ မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးရေး ပျက်သုန်းမှုသည် ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေး၊ လုံခြုံရေးတို့ကို ခြိမ်းခြောက်လျက်ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။ အောက်တိုဘာလ ၉ ရက်နံနက်ပိုင်းက နယူးယောက်မြို့၊ ကုလသမဂ္ဂဌာချုပ်ရုံးတွင် ပြုလုပ်သည့် အ ကြိမ်...