မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေး ပျက်သုန်းမှုသည် ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေး၊ လုံခြုံရေးတို့ကို ခြိမ်းခြောက်လျက်ရှိ

မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေး ပျက်သုန်းမှုသည် ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေး၊ လုံခြုံရေးတို့ကို ခြိမ်းခြောက်လျက်ရှိ

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၁၁

မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးရေး ပျက်သုန်းမှုသည် ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေး၊ လုံခြုံရေးတို့ကို ခြိမ်းခြောက်လျက်ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

အောက်တိုဘာလ ၉ ရက်နံနက်ပိုင်းက နယူးယောက်မြို့၊ ကုလသမဂ္ဂဌာချုပ်ရုံးတွင် ပြုလုပ်သည့် အ ကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ဥပဒေရေးရာဆိုင်ရာကော်မတီ (ဆဋ္ဌမကော်မတီ) ၏ အစီအစဉ်အမှတ် (၈၄) ပြည်တွင်းနှင့် နိုင်ငံတကာအဆင့်များ၌ တရားဥပဒေ စိုးမိုးရေး ” (The Rule of Law at the National and International Levels)” ခေါင်းစဉ်အောက်မှ အထွေ ထွေ ဆွေးနွေးမှု အစီအစဉ်တွင် ၎င်းကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် တရားမဝင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ အကြမ်းဖက်စစ်တပ်က လွတ်လပ်သော အဖွဲ့အစည်းများကို ဖြိုဖျက်ကာ တရားရုံးများကို လက်နက်သဖွယ် အသုံးချ၍ ၎င်းတို့ အကြမ်းဖက်မှု များဆောင်ရွက်နိုင်ရန် အမိန့်၊ ဥပဒေများကို ထုတ်ပြန်ခဲ့ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ တရား ဥပဒေစိုးမိုးရေး လုံးလုံး လျားလျား ပြိုလဲ ပျက်စီးခဲ့သည့် အခြေအနေသို့ ရောက်ရှိနေကြောင်းထောက် ပြ ထားသည်။

တရားဥပဒေစိုးမိုးရေး ပြိုလဲမှုကြောင့် မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းငွေလိမ် ဂိုဏ်းများ၊ လူကုန်ကူး မှုနှင့် မူးယစ်ဆေးဝါးကုန်ကူးမှုအပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ အခြေပြုပေါက်ပွားရာ နေရာ ဒေသ ဖြစ်လာစေခဲ့ပါကြောင်း၊ ဤရာဇဝတ်မှုများ၏သားကောင်များ မှာ မြန်မာနိုင်ငံရှိ ပြည်သူ များ သာမက ဒေသတွင်းနှင့် ကမ္ဘာအနှံ့ရှိ အဖွဲ့ဝင်နိုင်ငံများမှ ပြည်သူ များပါ ပါဝင်ကြပါကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ တရားဥပဒေစိုးမိုးရေး ပျက်သုန်းမှုသည် ဒေသတွင်း တည်ငြိမ်ရေး၊ ဒစ်ဂျစ်တယ် လုံခြုံ ရေးနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ တရားဥပဒေစိုးမိုးရေး ပျက်စီးခြင်းသည် နိုင်ငံအားလုံး၏ စုပေါင်း လုံခြုံရေးကို ထိ ခိုက် စေသည်မှာ ထင်ရှားပါကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ် ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် လက်ရှိအခြေအနေမှန်ကို ဆက်လက်လျစ်လျူရှု၍ အရေးယူ ရန် ပျက်ကွက်နေမည်ဆိုပါက အပြစ်ဒဏ်ကင်းလွတ်မှုနှင့် ရာဇဝတ်မှုများသည် မိမိတို့ဒေသကို ကျော် လွန်ပြီး ကူးစက်ရောဂါ သဖွယ်ပျံ့နှံ့သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောဆိုထားသည်။

ထိုကဲ့သို့ ကြီးလေးသော ဥပဒေချိုးဖောက်မှုများမှာ ကိန်းဂဏန်းများ သက်သက်မျှသာ မဟုတ်ဘဲ ယင်းတို့ သည် တရားမျှတမှုနှင့် တရားဥပဒေ၏ ကာကွယ်စောင့်ရှောက်မှု လုံးဝကင်းမဲ့နေသည့် မြန် မာ ပြည်သူလူထု၏ နိစ္စဓူဝ လက်တွေ့ဘဝများပင် ဖြစ်ပါကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲ တမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

ပြီးခဲ့သည့် ၄ နှစ်ကျော်ကာလအတွင်း အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတစ်ဝှမ်းရှိ အရပ်သားပြည်သူ များအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို နေ့စဉ် နှင့် အမျှ မရေမတွက်နိုင်အောင် ကျူးလွန်လျက်ရှိပါကြောင်း၊ အရပ်သားပြည်သူများအပေါ် လေ ကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ တရားမဲ့သတ် ဖြတ်ခြင်း၊ ကျောင်းများ၊ ဆေးရုံများနှင့် ဘာသာရေးဆိုင်ရာ သာသနိက အဆောက်အအုံများကို ဖျက် ဆီး ခြင်း၊ ဆန္ဒပြသူများအား အကြမ်းဖက် ဖမ်းဆီးခြင်း၊ အတင်းအကျပ် ခိုင်းစေခြင်း၊ အတင်းအကျပ် စစ်သားစုဆောင်းခြင်း နှင့် အတင်းအကျပ် နေရပ်စွန့်ခွာစေခြင်းတို့လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ တရားဥပဒေစိုးမိုးရေး ပြိုလဲမှုကို အသိသာဆုံး ထင်ဟပ်စေသည်မှာ အကြမ်းဖက် စစ် တပ်က ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ ကျူးလွန်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှု များပင် ဖြစ်ပါကြောင်း၊ မြန်မာပြည်သူလူထု တစ်ရပ်လုံးအနေဖြင့် လေကြောင်းမှ ဗုံးကြဲတိုက် ခိုက်မှုများ၊ ရွာများကို မီးရှို့ဖျက်ဆီးမှုများနှင့် အတင်းအကြပ် နေရပ်စွန့်ခွာစေမှုများဖြင့် စစ်ပွဲနှင့် သက်ဆိုင်ခြင်း မရှိသည့် အရပ်သားပြည်သူများအပေါ် စုပေါင်းပြစ်ဒဏ်ပေးသည့် ပုံစံမျိုးဖြင့် ပြုလုပ်နေကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်အုပ်စုက မျိုးဆက်တစ်ဆက်လုံး၏ အစွမ်းအစများနှင့် အနာဂတ်ကို ဖြုန်းတီးနေပြီး နည်လမ်းမျိုးစုံ ဖြင့် ရပ်တန့်ပစ်ရမည်ဖြစ်ကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းတင်ပြ

စစ်အုပ်စုက မျိုးဆက်တစ်ဆက်လုံး၏ အစွမ်းအစများနှင့် အနာဂတ်ကို ဖြုန်းတီးနေပြီး နည်လမ်းမျိုးစုံ ဖြင့် ရပ်တန့်ပစ်ရမည်ဖြစ်ကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းတင်ပြ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၀ အကြမ်းဖက်စစ်အုပ်စုက မျိုးဆက်တစ်ဆက်လုံး၏ အစွမ်းအစများနှင့် အနာဂတ်ကို ဖြုန်းတီးပစ်နေ ပြီး နည်းလမ်းမျိုးစုံဖြင့် ရပ်တန့်ပစ်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စား လှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအစည်းအဝေးတင်ပြပြောဆိုလိုက်သည်။ အောက်တိုဘာလ ၈ ရက်နေ့က နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပခဲ့သော အကြိမ် (၈၀)...