သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၁၀
အန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၊ လုံးလေခရိုင်အတွင်းတွင် ရခိုင်အမျိးသားကုန်သည်တစ်ဦးကို အငှား ကား မောင်းကာ လိုက်ပို့ပေးသူက ဓားပြအဖွဲ့နှင့်ပူးပေါင်းကာ ဓားပြတိုက်သွားသဖြင့် ရူပီးငွေ ၁၀ သိန်းကျော်ပါသွားကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်နေ့ ည ၈ နာရီနှင့် ၉ နာရီးကြားက၌ မီဇိုရမ်ပြည်နယ်၊ လုံးလေ ခရိုင် Haulawng ရွာ နဲ့ Zotuitlangရွာအကြား၌ ရခိုင်အမျိုးသားကုန်သည်၊ စကားပြန်နှင့် အငှားကား မောင်းပို့သူ တို့ ၃ ဦးကို မျက်နှာဖုံးစွပ်ထားသော အမျိုးသား ၅ ဦးက ပစ္စတို၊ ဓားများဖြင့် ခြိမ်းခြောက် ကာ ဓားပြတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရူပီးငွေ ၁၀ သိန်းကျော်ပါသွားခြင်းဖြစ်ကြောင်း သိရသည်။
Photo – ရဲတပ်ဖွဲ့ (ထွက်ပြေး လွတ်မြောက်နေသော တရားခံနှစ်ဦး)
ဓားပြတိုက်ခံရသူများမှ မီဇိုရမ်ပြည်နယ်၊ တောင်တလိုင်ခရိုင်မှ အိန္ဒိယပြည်မ၊ Silchar ဘက်သို့ သွား ရောက်ခြင်းဖြစ်ပီး အသက် ၆၂ နှစ်အရွယ် ရခိုင်အမျိုးသားကုန်သည် Mongkhoisu ၊ စကားပြန်ဖြစ် သူ အသက် ၄၅ နှစ်အရွယ် Teatei Mong Tongchangya နှင့် အငှားကားမောင်းပေးသူ အသက် ၃၆ နှစ်အရွယ် Sandip Kumar Chakma တို့ဖြစ်ကြောင်း ၊ ဓားပြတိုက်ခံရမှုကြောင့် Mongkhoisu ထံမှ ရူပီး ၁၀ သိန်း၊ Teatei Mong Tongchangya ဆီကနေ ရူပီး ၁ သောင်း နှင့် Sandip Kumar Chakma ထံမှ ရူပီး ၅ ထောင်၊ မိုဘိုင်းဖုန်းတစ်လုံးတို့ပါသွားကြောင်း သိရသည်။
အဆိုပါ ဓားပြတိုက်ခံရမှုနှင့်ပတ်သက်၍ လုံးလေခရိုင်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့ရာ အငှားကား လိုက်ပို့ ပေးသူသည် ဓားပြအဖွဲ့နှင့် ပူးပေါင်းကာ ကြိုတင်စီစဉ်ခြင်းဖြစ်ပြီး ၎င်းနှင့်အတူ အသက် ၂၁ နှစ်အရွယ် Sandip Kumar Chakma ၊ အသက် ၄၀ အရွယ် Udalthana-I; Subaranta တို့ ၃ ဦးကို ဖမ်းဆီးရရှိထားကြောင်း သိရသည်။
ထို့အပြင် ပစ္စည်းများနှင့်အတူ Santi Prasad နှင့် Niramodin Chakma တို့လွတ်မြောက်နေပြီး ၎င်းတို့ကို ဖမ်းဆီးရရှိရေးအတွက် မီဇိုရမ်ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန် ရဲတပ် ဖွဲ့က တိုက်တွန်းထားထုတ်ပြန်ထားသည်။
Thanlwin Myanmar Media