သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၉
စစ်တပ်ဆက်နွှယ် စီးပွားရေးလုပ်ငန်းများမှ ဒေါ်လာသန်းရာချီသော ရင်းနှီးမြှုပ်နှံမှုများ ပြန် လည်ရုပ် သိမ်းခဲ့ကြသလို၊ ပစ်မှတ်ထားဒဏ်ခတ်အရေးယူမှုများကလည်း စစ်အုပ်စု၏ကမ္ဘာလုံးဆိုင်ရာအသက် သွေးကြောများကို ဖြတ်တောက်ပေးနေပြီဖြစ်ကြောင်းနှင့် ကျွန်ုပ်တို့ ညီညွတ်လျှင် မြန်မာ စစ်ရာဇ ဝတ်ဂိုဏ်းအား ဖျက်သိမ်းနိုင်မည်ဖြစ်ကြောင်း Justice For Myanmar က ယမန်နေ့ အောက်တိုဘာ လ ၈ ရက်နေ့က ထုတ်ပြန်ထားသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာစစ်တပ်က တရားမဝင် အာဏာသိမ်းကြိုးပမ်းမှုစတင်ခဲ့သည့် အချိန်မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူလူထုအပေါ် အကြမ်းဖက်လှုပ်ရှားမှုများ ကျူး လွန်လာခဲ့ကြောင်း အသိပေးထားသည်။
သို့ရာတွင် မြန်မာပြည်သူအပေါင်းသည် အကြမ်းဖက် စစ်ရာဇဝတ်ဂိုဏ်းကို ဖြိုခွင်းရန် နှင့် အာဏာ ရှင် ကင်းစင်သော အနာဂတ်နိုင်ငံကို တည်ဆောက်ရန် တို့အတွက် အသက်အန္တရာယ်ကို ပဓာန မထားဘဲ သတ္တိရှိစွာ ခုခံတွန်းလှန် တိုက်ပွဲဝင်လျက်ရှိကြောင်း JFM က ပြောဆိုသည်။
စစ်တပ်သည် နိုင်ငံတကာစီးပွားရေးကွန်ရက်များ၊ သဘာဝသယံဇာတ အရင်းအမြစ်များကို တရား မဝင်ကုန်သွယ်မှုများနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ မှတစ်ဆင့်ဝင်ငွေရရှိနေသည့် ရာဇဝတ်ဂိုဏ်း တစ်ခုသဖွယ် လုပ်ဆောင်နေပြီး ကော်ပိုရေးရှင်းလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံသူများသည် အမြတ် အစွန်းရရှိရေးအလို့ငှာ စစ်အုပ်စု၏ ရာဇ၀တ်မှုများကို လောင်စာမီးထိုးကာ အားပေး ထောက် ကူနေ ကြသည်ဟု ဆိုသည်။
Justice For Myanmar အနေဖြင့် အဆိုပါရာဇဝတ်ဂိုဏ်းကို ဖော်ထုတ်ဖြိုဖျက်နိုင်ရန်အတွက် စုံစမ်း စစ်ဆေးမှုတစ်ခုချင်းစီဖြင့် တကြိမ်ပြီးတကြိမ် လုပ်ဆောင်နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံ အနှံ့အပြား နှင့် ကမ္ဘာအနှံ့မှ ပြည်သူလူထုအပေါင်းက စုပေါင်းလုပ်ဆောင်မှုများ၏ရလဒ်အဖြစ် နိုင်ငံစုံကော်ပိုရေးရှင်း များသည် စစ်တပ်ဆက်နွှယ် စီးပွားရေးလုပ်ငန်းများမှ ဒေါ်လာသန်းရာချီသော ရင်းနှီးမြှုပ်နှံမှုများ ပြန် လည်ရုပ်သိမ်းခဲ့ကြသလို၊ ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမှုများကလည်း စစ်အုပ်စု၏ ကမ္ဘာလုံး ဆိုင် ရာ အသက်သွေးကြောများကို ဖြတ်တောက်ပေးနေပြီဖြစ်ကြောင်း အသိပေးထားသည်။
ထို့ကြောင့် မြန်မာစစ်တပ်နှင့် စီးပွားရေးချိတ်ဆက်ပတ်သက်နေသည့် စီးပွားရေးလုပ်ငန်းများကို ဖော်ထုတ်၍ ကုမ္ပဏီများအပေါ် ဖိအားပေးခြင်းဖြင့် စစ်တပ်ထံ ဘဏ္ဍာငွေစီးဆင်းနေမှုအား ဖြတ် တောက်ရန် နှင့် အစိုးရများကို ဒဏ်ခတ်အရေးယူမှုများ ချမှတ်အကောင်အထည်ဖော်ရန် ဖိအားပေး ရမည်ဖြစ်ကြောင်း JFM က တောင်းဆိုထားသည်။
ထိုသို့ လုပ်ဆောင်ခြင်းအားဖြင့် စစ်အုပ်စု၏ ရန်ပုံငွေများ၊ လက်နက်များ၊ လေယာဥ်လောင်စာဆီနှင့် အခြားပံ့ပိုးမှုအလုံးစုံကို ဖြတ်တောက်ကာ စစ်ရာဇဝတ်ဂိုဏ်းအား ဖျက်သိမ်း၍ မြန်မာပြည်သူလူထု နှင့် အတူ ရပ်တည်ပေးပါ ဆက်လက်တောင်းဆိုထားသည်။
Thanlwin Myanamr Media