သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၂
မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ ပြသနာကို ဖြေရှင်းရတွင် စစ် အာဏာရှင် စနစ်ကို ချုပ်ငြိမ်းနိုင်မှသာ ရလဒ်ကောင်းဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။
စက်တင်ဘာလ ၃၀ ရက်နေ့က နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် မြန်မာနိုင်ငံ ရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားသော လူနည်းစုများ၏ အခြေအနေဆိုင်ရာ အဆင့်မြင့် ကွန်းဖရင့် (High-level Conference on the Situation of Rohingya Muslims and Other Minorities) ကျင်းပရာတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားသော လူနည်းစုများ၏ အခြေအနေအား ဖြေရှင်း ရာတွင် ပြဿနာ၏ ဇစ်မြစ်အား မဖြေရှင်းဘဲ မဖြစ်နိုင်ကြောင်း၊ စစ်အာဏာရှင်စနစ်၊ ၎င်းတို့ မတရား သိမ်းယူထားသည့် အာဏာနှင့် ၎င်းတို့ အစဉ်တစိုက် အကျိုးခံစားခွင့်ရရှိနေသည့် ပြစ်ဒဏ်ကင်းလွတ် ခွင့်အား ချုပ်ငြိမ်းနိုင်မှသာလျှင် ရလဒ်ကောင်း ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုထားခြင်းဖြစ်သည်။
အားလုံးအနေဖြင့် ရိုဟင်ဂျာများအပါအဝင် မြန်မာပြည်သူတစ်ရပ်လုံး ခံစားနေရသည့် ဒုက္ခ ဆင်းရဲ များကို ကောင်းစွာ သိရှိနားလည်ပြီးဖြစ်သဖြင့် စစ်တပ်အား နိုင်ငံရေး၊ စစ်ရေးနှင့် ငွေကြေး အရ ထောက်ခံမှု မပေးရန်နှင့် ၎င်းတို့ စီစဉ်နေသည့် အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲ အား ပြင်းပြင်းထန်ထန် ဝိုင်းဝန်း ဆန့်ကျင် ကန့်ကွက်ကြရန် အကြံပြုကြောင်း ၎င်းက ဆက်လက်ပြော ဆိုထားသည်။
ထို့အပြင် လူ့အခွင့်အရေး၊ တရားမျှတမှုနှင့် လူသားဆန်မှုတို့ တိုက်ခိုက်ခံနေရချိန်တွင် နိုင်ငံတကာ အသိုင်းအဝန်းအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအား စစ်မှန်စွာ ဖော်ဆောင်နေသည့် ကြိုး ပမ်းအားထုတ်မှုများကို ဝိုင်းဝန်း ပံ့ပိုးပေးကြရန် တောင်းဆိုပါကြောင်း၊ ရိုဟင်ဂျာအကျပ်အတည်း အ တွက် စစ်မှန်ရိုးရှင်းသော၊ အားလုံးပါဝင်သော ဖက်ဒရယ် ဒီမိုကရေစီ ကသာလျှင် အလားအလာ ကောင်းမွန်သော၊ ရေရှည်တည်တံ့သော ဖြေရှင်းနည်းကို ဆောင်ကြဉ်း ပေးနိုင်မည်ဖြစ်ကြောင်း အသိ ပေးထားသည်။
ထို့ကြောင့် အဆင့်မြင့် ကွန်းဖရင့်အနေဖြင့် အဆိုပါ ရည်မှန်းချက်ကို ရရှိအောင် လုပ်ဆောင်နိုင်ရမည် ဖြစ်ကြောင်း၊ ထို့နည်းတူ ယခု အဆင့်မြင့် ကွန်းဖရင့်မှ တိကျပြတ်သားသော ဆုံးဖြတ်ချက်နှင့် ထိ ရောက်သော လုပ်ဆောင်မှုတို့မှတစ်ဆင့် ရိုဟင်ဂျာများ အပါအဝင် မြန်မာပြည်သူများ အတွက် ၎င်း တို့ နှင့် အတူတကွရပ်တည်သည်ဟူသော သတင်းစကားနှင့် မျှော်လင့်ချက်ကို ပေးရန်လိုအပ်ပါ ကြောင်း ကုသသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုထားသည်။
Thanlwin Myanmar Media