စစ်ကောင်စီတပ်က စာသင်ကျောင်းများကို ပစ်မှတ်ထားကာ တိုက်ခိုက်နေသောကြောင့် အရေး တကြီး ကာကွယ်စောင့်ရှောက်ရန်လိုအပ်နေဟု UN CHOA ထုတ်ပြန်

စစ်ကောင်စီတပ်က စာသင်ကျောင်းများကို ပစ်မှတ်ထားကာ တိုက်ခိုက်နေသောကြောင့် အရေး တကြီး ကာကွယ်စောင့်ရှောက်ရန်လိုအပ်နေဟု UN CHOA ထုတ်ပြန်

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၂၄

အကြမ်းဖက်စစ်ကောင်စီတပ်က စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်နေမှုကြောင့် ကာ ကွယ်စောင့်ရှောက်ရန် အရေးတကြီးလိုအပ်လျက်ရှိဟု UN OCHA က ယနေ့ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်သည်။

မြန်မာနိုင်ငံ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများစွာရှိ စာသင်ကျောင်းများကို ထိခိုက်စေသည့် ဖြစ်ရပ်များ ကြောင့် ကျောင်းသားများနှင့် ဆရာ၊ ဆရာမများ ထိခိုက်သေဆုံးရခြင်း၊ စာသင်ချိန်ပျက်ရခြင်းနှင့် ကလေးသူငယ်များအတွက် အန္တရာယ်ကြုံတွေ့နိုင်ခြေ ပိုများလာသဖြင့် ပညာရေး အဆောက်အဦ များကို တိုက်ခိုက်ခြင်းမှ ကာကွယ်စောင့်ရှောက်ပေးရန် အရေးတကြီး လိုအပ်လျက်ရှိကြောင်း အသိ ပေးထားသည်။

နေရာအနှံ့ဖြစ်ပွားနေသည့် ပဋိပက္ခကြောင့် နေ့စဉ်နီးပါး အရပ်သား ထိခိုက်သေဆုံးမှုများရှိနေပြီး အ ရပ်သား စောင့်ရှောက်ကာကွယ်ရေးဆိုင်ရာ ကိစ္စများ ပိုမို ဆိုးရွားလာလျက်ရှိကာ ထိခိုက်လွယ်သော ရပ်ရွာလူထုအတွက် အကြမ်းဖက်မှုနှင့် အခက်အခဲများကို တိုး၍ရင်ဆိုင်နေရသည်ဟု ဆိုသည်။

နိုင်ငံတစ်ဝန်းတွင် လူဦးရေ ၃ ဒသမ ၆ သန်း နီးပါးခန့် နေရပ်စွန့်ခွာနေထိုင်လျက်ရှိ သည်ဟု ခန့်မှန်း ရပြီး  စက်တင်ဘာလအတွင်း ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာထွက် ပြေးရမှု များ ပိုမိုများပြားလာကာ ယခင်ကပင် ဆိုးရွားနှင့်ပြီးဖြစ်သည့် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများကို ပိုမို ခက်ခဲစေကြောင်း ထောက်ပြထားသည်။

၂၀၂၅ ခုနှစ် ပထမ နှစ်ဝက်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများသည် ကဏ္ဍပေါင်း စုံတွင် လူဦးရေ အနည်းဆုံး ၃ ဒသမ ၅ သန်းကို အရေးပေါ်အကူအညီပေးနိုင်ခဲ့ကြောင်း သိရသည်။

သို့ရာတွင် များပြားလာသော လိုအပ်ချက်များနှင့် ရန်ပုံငွေ အကြီးအကျယ် မလုံလောက်မှုကြောင့် လူ သန်းပေါင်းများစွာကို လူမှုဘ၀ရှင်သန်ရေး အကူအညီများ ရေရှည်ပေးအပ်နိုင်ခြင်းမရှိဟု ဆိုသည်။

လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ သွားရောက်ပေးအပ်နိုင်ရေးအတွက် ကန့်သတ်ချက်များ ရှိနေဆဲဖြစ်ပြီး အထူးသဖြင့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့တွင် အကူ အညီများ ဖြန့်ဖြူးခြင်းအတွက် ကန့်သတ်မှုများရှိနေကြောင်း၊ အဓိကအရေးပါသည့် ဝန်ဆောင်မှုများ လိုအပ်နေသည့် လူထုအတွက်လည်း ဘေးကင်းလုံခြုံစွာသွားလာနိုင်ခွင့်လည်းဆုံးရှုံးနေကြောင်း UN OCHA က အသိပေးထားသည်။

မြန်မာနိုင်ငံသည် လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေလိုအပ်ချက် ပြည့်မီမှု အနည်းဆုံးကမ္ဘာ့နိုင်ငံများ ထဲမှ တစ်နိုင်ငံ ဖြစ်ပြီး ၂၀၂၅ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေး အစီအ စဉ် (HNRP) အတွက် ယနေ့အချိန်ထိ ရန်ပုံငွေ ၁၂ ရာခိုင်နှုန်းသာ ရရှိထားကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ ပြသနာကို ဖြေရှင်းရာတွင် စစ်အာဏာရှင် စနစ် ကို ချုပ်ငြိမ်းနိုင်မှသာလျှင် ရလဒ်ကောင်းဖော်ဆောင်နိုင်မည်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြော

ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ ပြသနာကို ဖြေရှင်းရာတွင် စစ်အာဏာရှင် စနစ် ကို ချုပ်ငြိမ်းနိုင်မှသာလျှင် ရလဒ်ကောင်းဖော်ဆောင်နိုင်မည်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြော

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ ပြသနာကို ဖြေရှင်းရတွင် စစ် အာဏာရှင် စနစ်ကို ချုပ်ငြိမ်းနိုင်မှသာ ရလဒ်ကောင်းဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။ စက်တင်ဘာလ ၃၀ ရက်နေ့က နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင်...