သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၂၀
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်အနီးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂတွင် ဆက်လက်တည်ရှိရေး ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့၌ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်ရုံးအနီး၊ Dag Hammerskjold Plaza တွင် Global Action for Credential Campaign 2025 အဖြစ် The New York City Burmese Communityက ဦးဆောင်၍ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂ တွင် ဆက်လက်တည်ရှိရေးအတွက် လူထုထောက်ခံချီတက်ပွဲဆန္ဒပြပွဲကျင်းပခဲ့ကြောင်း သိရသည်။
“သံအမတ်ကြီးက ကျနော်တို့ရဲ့ CDM သူရဲကောင်းပါ။ ကုလသမဂ္ဂအထွေထွေညီလာခံမှာ လက်သုံး ချောင်းထောင်ပြီးCDM ဝင်ခဲ့တဲ့ ကျနော်တို့ရဲ့ CDMသူရဲကောင်းဖြစ်ပါတယ်။ ကျနော်တို့ CDM တွေ ကိုလည်းဂုဏ်ပြုစကားများ ပြောကြားခဲ့ကြတယ်။ သံအမတ်ကြီးလို အလားတူ CDM သူရဲကောင်း အမြောက်အများလည်း ရှိနေကြပါတယ်။ သူတို့ဟာ ကျနော်တို့ရဲ့တော်လှန်ရေး အစ ကတည်းက အခုချိန်ထိကို ပါဝင်နေကြတာ ဖြစ်တဲ့အတွက်ကြောင့် သူတို့ကိုလည်းတတ်နိုင်သမျှ ကူညီပံ့ပိုးပေး ကြဖို့၊ သူတို့ကိုအသိမှတ်ပြုဖို့လည်း အင်မတန်မှအရေးကြီးပါတယ်။”ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးက ပြောကြားသည်။
ယင်းဆွေးနွေးပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ ဆက်သွယ်ရေးသတင်းအချက်အလက်နှင့် နည်း ပညာ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်၊ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့တက်ရောက်ကာ အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါဆန္ဒထုတ်ဖော်ပွဲတွင် Our UN Ambassador U Kyaw Moe Tun – True Voice of Myanmar ကြွေးကြော်သံများဖြင့် UN ရုံးချုပ်ရှေ့မှ နယူးယောက်မြို့လယ်ရှိ Time Square ရင်ပြင်အနီးသို့ နယူး ယောက်မြို့လယ်ကိုဖြတ်သန်းကာ ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြောင်း၊ ချီတက်ဆန္ဒထုတ်ဖော်ပွဲသို့ အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီးရှိ မြန်မာပြည်ဖွားတိုင်းရင်းသားများ ထောင်ချီ ပါဝင် ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media