သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၁၀
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုက်တွေ့ဆုံခွင့် ရရှိရေး သားဖြစ်သူ ကိုထိန်လင်းက တောင်းဆိုလိုက်ပြီး မိခင်ဖြစ်သူကို အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမှာကို မဖြစ်စေချင်ကြောင်း ၎င်းက ပြောဆိုသည်။
အကြမ်းဖက်စစ်တပ် ပြောခွင့်ရ ပုဂ္ဂိုလ်က “ဒေါ်ဆောင်ဆန်းစုကြည်နေမကောင်းဘူး” ဆိုသည့် သ တင်း မှာ မှန်ကန်မှုမရှိဟု ငြင်းဆိုထားကြောင်း သိရသည်။
ထို့ကြောင့် မိခင်ဖြစ်သူ ဒေါ်ဆောင်ဆန်းစုကြည်နှင့် တိုက်ရိုက်တွေ့ဆုံခွင့်ရလိုပြီး ထို့သို့ ဆက်သွယ် ခွင့်မရရှိပါက ယုံကြည်လက်ခံ၍ မရကြောင်း ကိုထိန်းလင်းက ပြောဆိုထားသည်။
“စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက “မေမေ နေမကောင်းဘူး”ဆိုတာ မမှန်ကန်တဲ့သတင်းလို့ ဆို တယ်။ ဒါဆိုရင် မေမေ့ ကျန်းမာရေးအခြေအနေ အတိအကျကို အတည်ပြုဖို့ မေမေနဲ့ တိုက်ရိုက် ဆက်သွယ်ခွင့်ကို ကျွန်တော် တောင်းဆိုပါတယ်။ ဒီလိုဆက်သွယ်ခွင့်မရှိရင် သူတို့ပြောဆိုချက်ကို လက်ခံယုံကြည်လို့ မရပါဘူး။ မေမေ့ကို အထီးကျန်ထားပြီး မိသားစုဝင်တွေ၊ တရားဥပဒေရေးရာ ဘက်ကသူတွေ၊ ပြင်ပက ဆရာဝန်တွေနဲ့ တွေ့ခွင့်ကို တင်းကျပ်ထားပြီး၊ ငြင်းဆိုနေတာဟာ လုံးဝ မလက်ခံနိုင်ပါ။” ဟု ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူကိုထိန်းလင်းက ပြောကြားသည်။
အသက် ၈၀ အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးချုပ်နှောင်ထားသော အကျဉ်းထောင်သည် ကျန်းမာရေး ထိခိုက်စေမည်ဖြစ်ပြီး မြန်မာပြည်သူများနှင့် ကမ္ဘာတဝန်းရှိ ပြည်သူ၊လူထုက ဒေါ် အောင်ဆန်းစုကြည်၏ အမှန်တကယ်အခြေအနေကို သိခွင့်ရှိခွင့်ကြောင်း ထောက်ပြထားသည်။
“အသက် ၈၀ အရွယ် ကျွန်တော်မေမေကို ဖမ်းဆီးချုပ်နှောင်ထားတဲ့ အကျဉ်းထောင် အခြေအနေ တွေက မေမေ့ရဲ့ ကျန်းမာရေးကို ထိခိုက်စေမှာ အသေအချာပါ။ မေမေဟာ သူ့ရဲ့အခြေခံ လူ့အခွင့် အရေးတွေကို ပိတ်ဆို့ခံနေရပါတယ်။ မြန်မာပြည်သူတွေ၊ မေမေ့ရဲ့ မိသားစုတွေနဲ့ ကမ္ဘာတဝှမ်းက မေမေ့အကြောင်းသိလိုသူတွေဟာ မေမေရဲ့ အမှန်တကယ် အခြေအနေကို သိခွင့်ရှိတယ်။ မေမေ့မှာ လဲ အမှန်တရား၊ လွတ်လပ်ခွင့်၊ လူ့ဂုဏ်သိက္ခာနဲ့ နေထိုင်ဖို့ အခွင့်အရေးရှိတယ်။ ဒီအခြေခံ အခွင့် အရေးတွေကို ပိတ်ပင်ထားတာဟာ ငြင်းမရတဲ့ ရက်စက်မှုကြီး ဖြစ်တယ်။” ဟု ကိုထိန်းလင်းက ပြောဆိုသည်။
အဖိုးဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်လွတ်လပ်ရေးအတွက် အသက်စွန့်လွှတ်ခဲ့ရပြီး မိခင်ဖြစ်သူမှာလည်း တိုင်းပြည် ငြိမ်းချမ်းမှု၊ တရားမျှတမှုနှင့် ဒီမိုကရေစီ ရရှိရေးအတွက် ကြိုးစား လျက်ရှိရာ အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမည်ကို မဖြစ်စေချင်ကြောင်း ပြောဆိုထားသည်။
“ကျွန်တော်ရဲ့ ဖိုးဖိုးက လွတ်လပ်ရေးရဖို့အတွက် သူရဲ့အသက်ကို စွန့်ခဲ့တယ်။ တိုင်းပြည်အတွက် ငြိမ်းချမ်းမှု၊ တိုးတက်မှု၊ တရားမျှတမှုနဲ့ ဒီမိုကရေစီ ရဖို့ကြိုးစားနေတဲ့ မေမေ့ကို မတရားဖမ်းဆီး ချုပ်နှောင်ထားတဲ့ ထောင်ထဲမှာ သေဆုံးသွားမှာ မဖြစ်စေချင်ဘူး။” ဟု ကိုထိန်လင်းက ပြောကြား သည်။
Thanlwin Myanmar Media