နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့ခံထားရသည့် စစ်ကောင်စီလက်အောက်ခံ မြန်မာ့ UAB ဘဏ်ကို ဝန် ဆောင်မှုပေးသူအဖြစ် ဆောင်ရွက်နေသည့် ဂျပန်ငွေပေးချေရေးကုမ္ပဏီ JCB ကို ဆန်းစစ်ပေးရန် တောင်းဆို

နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့ခံထားရသည့် စစ်ကောင်စီလက်အောက်ခံ မြန်မာ့ UAB ဘဏ်ကို ဝန် ဆောင်မှုပေးသူအဖြစ် ဆောင်ရွက်နေသည့် ဂျပန်ငွေပေးချေရေးကုမ္ပဏီ JCB ကို ဆန်းစစ်ပေးရန် တောင်းဆို

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၆

နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့ခံထားရသည့် အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ မြန်မာ့ UAB ဘဏ်ကို ဝန်ဆောင်မှုပေးသူအဖြစ် ဆောင်ရွက်နေသည့် ဂျပန်ငွေပေးချေရေးကုမ္ပဏီ JCB ကို ဆန်း စစ်ပေးရန် တောင်းဆို Justice For Myanmar က တိုက်တွန်းတောင်းဆိုလိုက်သည်။

UAB ဘဏ်သည် နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုများ ခံထားရသော ခရိုနီပိုင်ဘဏ်တစ်ခုဖြစ်ပြီးMekong Watch နှင့် ဂျပန်အဖွဲ့အစည်းများနှင့်အတူ Justice For Myanmar တို့က JCB ထံ ဇူလိုင် လ ၁၇ ရက်နေ့ ရက်စွဲဖြင့် စာတစ်စောင်ရေးသားပေးပို့ခဲ့ရာ အကြောင်းပြန်ကြားခြင်း မရှိဟုဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်က JCB ၏ မိတ်ဖက်ဖြစ်သူ UAB ဘဏ်သည် စစ်အုပ်စုထံ လေယာဉ်ဆီ ရောင်းချမှုများအတွက် ငွေပေးချေရာတွင် အသုံးပြုသည့် ဘဏ္ဍာရေး အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်သည်ဟု သတ်မှတ်ဖော်ပြခဲ့ကြောင်း ထောက်ပြထားသည်။

အီးယူမှ ဒဏ်ခတ်ပိတ်ဆို့ထားသော အရေးပါသည့် မြန်မာခရိုနီစီးပွားရေးလုပ်ငန်းစုကြီး IGE Group နှင့် UAB ဘဏ်သည် နက်ရှိုင်းလေးနက်သည့် ဆက်နွှယ်မှုများရှိခဲ့ပြီး IGEနှင့် ယင်း၏ တည်ထောင် သူနှင့် ဥက္ကဌ နေအောင်သည် မြန်မာစစ်အုပ်စုနှင့် အလွန်နီးကပ်သည့် စီးပွားဆက်နွှယ်မှုများ တည် ဆောက်ထားကြောင်း သိရသည်။

IGE သည် ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်အုပ်စု၏ ၂၀၁၇ နယ်မြေရှင်းလင်းစစ်ဆင်ရေးတွင်လည်း ငွေကြေးလှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အီးယူဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်အပြီး ရက်ပိုင်းအတွင်း နေအောင်သည် UAB ဘဏ်၏ ဘုတ် အဖွဲ့မှ နုတ်ထွက်ခဲ့ပြီး ၎င်းနှင့် ဇနီးဖြစ်သူတို့က ၎င်းတို့၏ ရှယ်ယာများကို ဟန်ပြကုမ္ပဏီများထံ လွှဲပြောင်းခဲ့ကြောင်း၊ ယင်းကုမ္ပဏီများမှာ ကိုယ်စားရှယ်ယာရှင်များ ဖြစ်နိုင်ကြောင်း JFM က သုံးသပ်ထားသည်။

သက်သေအထောက်အထားများအရ နေအောင်၊ UAB ဘဏ်နှင့် IGE တို့ကြား ဆက်နွှယ်မှုများ အခိုင် အမာရှိနေဆဲဖြစ်ကြောင်း တွေ့ရပြီး ယင်းဆက်နွှယ်မှုများ ရှိနေသည့်အခြေအနေတွင် JCB ၏ နှုတ်ဆိတ်နေမှုသည် အလွန်စိုးရိမ်ဖွယ်ရာပင် ဖြစ်ကြောင်း အသိပေးထားသည်။

ဇူလိုင်လ ၁၇ ရက်နေ့က ပေးပို့ခဲ့သော စာအရ JCB ကို မေးမြန်းထားသည်မှာ ၂၀၂၁ ခုနှစ် အာဏာ သိမ်း ကြိုးပမ်းမှုနောက်ပိုင်း လူ့အခွင့်အရေးဆိုင်ရာ တင်ကြိုစိစစ်မှုများ လုပ်ဆောင်ခဲ့ခြင်း ရှိ/မရှိ ၊ UAB ဘဏ်နှင့် ယင်း၏ ဆက်ဆံမှုကြောင့် နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါဖြစ်နိုင်မှုကို ဆန်း စစ် ရန်နှင့် လျှော့ချရန်အတွက် တစ်စုံတစ်ရာ ဆောင်ရွက်ခဲ့ခြင်း ရှိ/မရှိ ၊ UAB ဘဏ် နှင့် မိတ်ဖက် ဆောင် ရွက်မှုကို အဆုံးသတ်/မသတ်တို့ ဖြစ်ကြောင်း သိရသည်။

ထိုသို့မေးမြန်းခဲ့သော်လည်း JCB အနေဖြင့် မည်သည့်မေးခွန်းကိုမျှ ဖြေကြားခဲ့ခြင်း မရှိခဲ့ကြောင်း၊ JCB အနေဖြင့် မြန်မာနိုင်ငံတွင်း ၎င်းတို့ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိ ရမည်ဖြစ်ပြီး၊ မြန်မာစစ်အုပ်စုကျူးလွန်ထားသည့် ရာဇဝတ်မှုကြီးများအား အားပေးကူညီနေသည့် UAB နှင့် ခရိုနီများနှင့် ဆက်နွှယ်မှုများကို အဆုံးသတ်ရမည် ဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အကြမ်းဖက်စစ်ကော်မရှင်အဖွဲ့ဝင်အားလုံး ဒဏ်ခတ်ပိတ်ဆို့မှုခံထားရပြီး SSPC အဖွဲ့အား ဒဏ်ခတ် ပိတ်ဆို့မှု ချမှတ်ထားခြင်းမရှိသည်က စိုးရိမ်ဖွယ်ရာ ကယ်ပေါက်ဖြစ်နေ

အကြမ်းဖက်စစ်ကော်မရှင်အဖွဲ့ဝင်အားလုံး ဒဏ်ခတ်ပိတ်ဆို့မှုခံထားရပြီး SSPC အဖွဲ့အား ဒဏ်ခတ် ပိတ်ဆို့မှု ချမှတ်ထားခြင်းမရှိသည်က စိုးရိမ်ဖွယ်ရာ ကယ်ပေါက်ဖြစ်နေ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၂ မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်ကော်မရှင် (နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်းချမ်းရေး ကော်မရှင် (SSPC)” အဖွဲ့ဝင်အားလုံး ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခံထားရပြီး SSPC အဖွဲ့အား ဒဏ်ခတ် ပိတ်ဆို့မှု ချမှတ်ထားခြင်းမရှိသည်က စိုးရိမ်ဖွယ်ရာ ကယ်ပေါက်ဖြစ်နေကြောင်း JMF က ထုတ်ပြန်သည်။ တရားမဝင်မြန်မာစစ်အုပ်စုသည် ၎င်းတို့၏ တရားမဝင်အာဏာသိမ်းကြိုးပမ်းမှု၏...