တရုတ်သမ္မတရှီကျင့်ပင်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာမိုဒီတို့က အကြမ်းဖက်စစ်ခေါင်း ဆောင်မင်းအောင်လှိုင် ကျူးလွန်နေသည့် စစ်ရာဝတ်ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများကို ကူညီပေးနေပြီး ၎င်းကို ရပ်တန့်ပစ်ရမည်

တရုတ်သမ္မတရှီကျင့်ပင်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာမိုဒီတို့က အကြမ်းဖက်စစ်ခေါင်း ဆောင်မင်းအောင်လှိုင် ကျူးလွန်နေသည့် စစ်ရာဝတ်ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများကို ကူညီပေးနေပြီး ၎င်းကို ရပ်တန့်ပစ်ရမည်

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၁

တရုတ်သမ္မတရှီကျင့်ပင်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာမိုဒီတို့က အကြမ်းဖက် စစ်ခေါင်း ဆောင် မင်းအောင်လှိုင် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများကို ကူညီပေးနေပြီး ထို့သို့ ကူညီပေး နေမှုကို ရပ်တန့်ပစ်ရမည်ဖြစ်ကြောင်း Justice For Myanmar – JFM က ထုတ်ပြန်သည်။

တရုတ်သမ္မတ ရှီကျင့်ပင်သည် မင်းအောင်လှိုင်အား တီယန်ကျင်းမြို့တွင် ကျင်းပသည့် ရှန်ဟိုင် ပူး ပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့ပြီး ယင်းဆွေး နွေးပွဲတွင် သမ္မတရှီကျင့်ပင်က လုံခြုံရေး၊ နယ်စပ်လုံခြုံရေး၊ “တည်ငြိမ်မှုပြန်လည်တည်ဆောက်ရေး နှင့် ဖွံ့ဖြိုးမှုအရှိန်မြှင့်တင်ရေးတို့အတွက် ပြည်တွင်းနိုင်ငံရေးဆိုင်ရာညီညွတ်မှု ကျယ်ပြန့် အားကောင်း လာစေရေးဆောင်ရွက်ရန် စစ်အုပ်စုအတွက် တရုတ်အကူအညီများအပါအဝင် မဟာဗျူဟာ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့ကြောင်း သိရ သည်။

ထို့အပြင် စစ်အုပ်စုအား စစ်လက်နက်၊ အကာအကွယ်နှင့် ငွေကြေးများ ဆက်လက်ထောက်ပံ့ပြီး စစ် ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများကို အားပေးကူညီ လျက်ရှိ ကြောင်း JFM က ထောက်ပြထားသည်။

အလားတူ အိန္ဒိယဝန်ကြီးချုပ် မိုဒီသည် SCO ထိပ်သီးအစည်းအဝေး၏ သီးခြားတွေ့ဆုံမှုများတွင် စစ် ရာ ဇဝတ်များ ကျူးလွန်လျက်ရှိသည့် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ပြီး ကုန်သွယ်ရေး၊ သတ္တုတူးဖော် ရေး၊ စွမ်းအင်၊ ဆက်သွယ်ရေးတို့အပြင် လုံခြုံရေးတို့တွင် “ဆက်ဆံရေးတိုးမြှင့်ရန်” ပြောဆိုခဲ့ကြောင်း သိရသည်။

မိုဒီနှင့် မင်းအောင်လှိုင်တို့အကြား “အဆိုပါနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု” သည် စစ်တပ်၏ အတုအ ယောင် ရွေးကောက်ပွဲအတွက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို လောင်စာဖြည့်ပေးမည့် နောက်ထပ်စစ်လက်နက်များ စစ်အုပ်စုထံ ပေးအပ်မည်ဟု အဓိပ္ပါယ် သက်ရောက်သည်ဟု ဆိုသည်။

တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံလုံးသည် စစ်အုပ်စု၏ SCO အဖွဲ့ဝင်ဖြစ်ရေး တရားမဝင်တောင်းဆိုမှုကို ထောက်ခံထားပြီး စစ်အုပ်စုခေါင်းဆောင်မှုအတွက် ပံ့ပိုးကူညီမှုမှန်သမျှသည် ပြည်သူများအပေါ် ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်စစ်ဆင်ရေးကို တိုးမြှင့်ဆောင်ရွက်ရန် ရဲဆေးတင်ပေးမည်သာ ဖြစ်ကြောင်း JFM က ပြောဆိုထားသည်။

ထို့ကြောင့် တရုတ်နှင့် အိန္ဒိယနိုင်ငံများအနေဖြင့် တရားမဝင်စစ်အုပ်စုအား နိုင်ငံရေးနှင့် စစ်ဘက် ဆိုင်ရာ ကူညီပံ့ပိုးမှုများကို ချက်ချင်းအဆုံးသတ်၍ စစ်လက်နက်ရောင်းချမှုများကိုလည်း ရပ်တန့် ထားရမည့်အပြင် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲအား နိုင်ငံရေးတရာဝင်မှုပေးအပ်ခြင်းကို ရပ်ဆိုင်းရမည် ဖြစ်ကြောင်း တောင်းဆိုထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တရားမဝင်အကြမ်းဖက်စစ်အုပ်စုအတွက် လုပ်ဆောင်ပေးနေသည့် ဝါရှင်တန်ဒီစီအခြေစိုက် လော်ဘီ များအား ရပ်တန့်နိုင်ရေးနှင့် အစိုးရများအနေဖြင့် ဒဏ်ခတ်ပိတ်ဆို့မှု ကယ်ပေါက်များအား ပိတ်ပင် ရမည်ဖြစ်ကြောင်း JFM တောင်းဆို

တရားမဝင်အကြမ်းဖက်စစ်အုပ်စုအတွက် လုပ်ဆောင်ပေးနေသည့် ဝါရှင်တန်ဒီစီအခြေစိုက် လော်ဘီ များအား ရပ်တန့်နိုင်ရေးနှင့် အစိုးရများအနေဖြင့် ဒဏ်ခတ်ပိတ်ဆို့မှု ကယ်ပေါက်များအား ပိတ်ပင် ရမည်ဖြစ်ကြောင်း JFM တောင်းဆို

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၉ တရားမဝင်အကြမ်းဖက်စစ်အုပ်စုအတွက် နိုင်ငံတကာအားပေးကူညီသူအဖြစ် ဆောင်ရွက်နေသည့် ဝါရှင်တန်ဒီစီအခြေစိုက် လော်ဘီများအား ရပ်တန့်နိုင်ရေးနှင့် အစိုးရများအနေဖြင့် ဒဏ်ခတ်ပိတ်ဆို့မှု ကယ်ပေါက်များအား ပိတ်ပင်ရမည်ဖြစ်ကြောင်း JFM တောင်းဆိုလိုက်သည်။ ဩဂုတ်လ ၁ ရက်နေ့တွင် ဝါရှင်တန်ဒီစီအခြေစိုက် ပြည်သူ့ဆက်ဆံရေးလုပ်ငန်း McKeon Group သည် အမေရိကန်ပြည်ထောင်စုအစိုးရနှင့် ဆက်ဆံရေးကောင်းမွန်တိုးတက်စေရေး...