သံလွင်မြန်မာသတင်း
ဩဂုတ်လ ၁၂
ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် နိုင်ငံတကာအသိုက်အဝန်း၏ အချိန်နှင့်တပြေးညီ အရေးယူ ဆောင်ရွက်မှု မရှိခြင်းကြောင့် အပြစ်မဲ့ပြည်သူများ အသက်ဆုံးရှုံးနေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထောက်ပြပြောကြားသည်။
ယမန်နေ့ ဩဂုတ်လ ၁၁ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ “အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း လုံခြုံရေး၏ ပေါ်ပေါက် လာနေသော စိန်ခေါ်မှုများကို ဖြေရှင်းရန် ကြိုတင်ကာကွယ်ခြင်း၊ ဆန်းသစ် တီထွင်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာဖြင့် ပူးပေါင်း ဆောင်ရွက်ခြင်း” ခေါင်းစဉ်ဖြင့် တံခါးဖွင့် အစည်း အဝေး တွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
လုံခြုံရေးကောင်စီနှင့် နိုင်ငံတကာအသိုက်အဝန်း၏ အချိန်နှင့် တပြေးညီ အရေးယူ ဆောင်ရွက် နိုင်မှု မရှိခြင်းသည် ယခုပဋိပက္ခကို ပိုမိုရှည်လျားစေပါကြောင်း၊ အရေးယူဆောင်ရွက်ရန် ပျက်ကွက်နေ သည့် နေ့ရက်တိုင်းအတွက် ပို၍ပို၍ များပြားသောအပြစ်မဲ့ပြည်သူများ အသက်ဆုံးရှုံးနေရကာ လူ ငယ်များစွာအနေဖြင့် ၎င်းတို့၏ အနာဂတ်ကို ဆုံးရှုံးနေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲ တမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။
တရားမဝင် စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း အကြမ်းဖက် စစ်ကောင်စီ၏ လက်ချက်ဖြင့် အပြစ်မဲ့ ပြည်သူပေါင်း ၇,၀၀၀ ကျော် သေဆုံးခဲ့ပြီး လူဦးရေ ၂၀ သန်းကျော်သည် လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ အကူအညီများ အရေးတကြီးလိုအပ်နေပါကြောင်း၊ နိုင်ငံလူဦးရေ၏ တစ်ဝက်ခန့်မှာ နိုင်ငံ၏ဆင်းရဲမွဲတေမှုမျဉ်း အောက်သို့ ရောက်ရှိနေကြကြောင်း သိရသည်။
ထို့ကြောင့် လုံခြုံရေးကောင်စီမှ ထိရောက်ပြတ်သားသည့် အရေးယူမှုမရှိသည့် အခြေအနေများ ကြောင့် မြန်မာပြည်သူများ၏ အသက်အိုးအိမ်များအား ကယ်တင်ရန်၊ အကြမ်းဖက်စစ်တပ်ထံ လက် နက်၊ လေယာဉ်ဆီနှင့် စစ်ဖက်၊ အရပ်ဖက်သုံးပစ္စည်းများ လက်ဝယ်ရရှိနေမှုကို ဖြတ်တောက် ပေးရေး အတွက် နည်းလမ်းမျိုးစုံအသုံးပြုဆောင်ရွက်ပေးပါရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စား လှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုင်ငံတကာ အသိုက်အဝန်းကို မေတ္တာရပ်ခံ တိုက်တွန်းထားသည်။
ပြည်သူများနှင့် လူငယ်များ၏ မျှော်လင့်ချက်များကို နားထောင်ခြင်းမရှိဘဲ ယုံကြည်မှု တည်ဆောက် ၍ မရနိုင်ကြောင်း၊ အသွင်ကူးပြောင်းရေးကာလ တရားစီရင်ရေး ဆောင်ရွက်ခြင်း မပြုဘဲ ပြန်လည် သင့် မြတ်ရေး ဆောင်ရွက်၍ မရနိုင်ပါကြောင်း ထောက်ပြထားသည်။
ဥပဒေမဲ့ မတရားဖမ်းဆီး အကျဉ်းချ ခံထားရသည့် နိုင်ငံ့ ခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသား များအား လွှတ်ပေးခြင်း မပြုဘဲ အားလုံးပါဝင်သည့် ရွေးကောက်ပွဲကျင်းပခြင်း ပြုလုပ်နိုင်မည် မဟုတ် ကြောင်း၊ စစ်အုပ်စုက စီစဉ်လျက်ရှိသည့် အတုအယောင်ရွေးကောက်ပွဲသည် လက်ရှိဖြစ်ပေါ် နေ သည့် မတည်ငြိမ်သော နိုင်ငံ၏အခြေအနေကို ပိုမိုဆိုးရွားစေမည် ဖြစ်ပါကြောင်း အသိပေးထားသည်။
မြန်မာပြည်သူများ၏ စစ်အာဏာရှင်စနစ်အဆုံးသတ်ရန်၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည် ဆောက်ရန်နှင့် ၎င်းတို့၏အနာဂတ်ကို အာမခံမှုရှိရန် ကြိုးပမ်းအဖြေရှာနေမှုများကို ထောက်ခံပေးကြ ပါ ရန် နိုင်ငံတကာအသိုက်အဝန်းကို ဆက်လက် တောင်းဆိုထားသည်။
Thanlwin Myanmar Media