သံလွင်မြန်မာသတင်း
ဩဂုတ်လ ၃
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့၏ ရက်စစ်ကြမ်းကြုတ်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို စာရေးသား၍ ကုလသမဂ္ဂ ဥက္ကဌနှင့် အထွေထွေအတွင်း ရေးမှူးတို့ထံ ပေးပို့ခဲ့ကြောင်း NUG အစိုးရထံမှ သိရသည်။
ဇူလိုင်လ ၃၁ ၇◌က်နေ့က ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ၇၉ ကြိမ်မြောက် ဥက္ကဋ္ဌ မစ္စတာ ဖီးလမွန်ယန်း (H.E. Mr. Philemon Yang) ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယို ဂူတာရက်စ် (H.E. Mr. Antonio Guterres) နှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ အမြဲတမ်းကိုယ်စား လှယ်များထံသို့ မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသော “ရင်နင့်စရာအခြေအနေများ” နှင့်ပတ်သက်၍ စာရေး သား ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းစာတွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသော “ရင်နင့်စရာအခြေအနေများ” နှင့်ပတ်သက်၍ အလေး ပေး ဖော်ပြခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ စုစည်းထားသော နောက်ဆုံးရ အချက်အလက် များပါဝင်သည့် “မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေဆိုင်ရာ သတင်းအချက်အလက် အစီရင်ခံစာ” (Information Update on the current situation in Myanmar) ကိုလည်း ပူးတွဲတင်ပြခဲ့ကြောင်း သိရသည်။
အဆိုပါ ပူးတွဲ အစီရင်ခံစာတွင် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို အသေး စိတ် ဖော်ပြထားပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် အရပ်သား ပြည်သူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း ၅၃၂ ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး အရပ်သား ၉၀ ဦး သေဆုံးခဲ့သည်ဟု ဖော်ပြထားကြောင်း၊ ထို့အပြင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ၂၀၂၅ ခုနှစ်၊ ဇွန်လ အထိ အကြမ်းဖက်သတ်ဖြတ်ခံရသူ ၆,၈၀၀ ကျော်နှင့် ဖမ်းဆီးခံရသူ ၃၀,၀၀၀ နီးပါးရှိနေပြီဖြစ်သည် ဟု အစီရင်ခံစာက ထောက်ပြထားကြောင်း သိရသည်။
စစ်တပ်၏ လူသားချင်းဆိုင်ရာ အဆိုးရွားဆုံး ရာဇဝတ်မှုများကို ဆက်လက်ဖော်ထုတ်ပြီး နိုင်ငံတ ကာမှ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုး ထွန်း၏ စာတွင် ရေးသားထားကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ကိုယ်စားပြုသော တရားဝင် အစိုးရဖြစ်သည့်အတွက် သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ ဆောင်ရွက်ချက်များသည် မြန်မာပြည် သူများ၏ အသံကို နိုင်ငံတကာစင်မြင့်တွင် ဆက်လက်၍ ပဲ့တင်ထပ်စေရန် အဓိကရည်ရွယ်လျက်ရှိ ကြောင်း အသိပေးထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများနှင့်ပတ်သက်၍ ကုလသမဂ္ဂ ခေါင်း ဆောင်များထံသို့ အရှိန်အဟုန်မပြတ် အစီရင်ခံတင်ပြလျက်ရှိကြောင်း သိရသည်။
Thanlwin Myanmar Media