International News

International News

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုကြောင့် လူ ၃ ဦးလျှင် ၁ ဦးက လူသားချင်းစာနာမှု အကူအညီ လိုအပ်နေဟု ဗြိတိသျှသံရုံးအကြီးအကဲပြော (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၃၁

 

မြန်မာတွင် စစ်တပ်က အာဏာသိမ်းမှုကြောင့် လူ ၃ ဦးလျှင် ၁ ဦးက လူသားချင်းစာနာမှုအကူအညီ လိုအပ်လျက်ရှိကြောင်း ရန်ကုန်မြို့ ၊ ဗြိတိသျှသံရုံးအကြီးအကဲ Ken Oflaherty က ပြောကြားသည်။

 

သံရုံးတာဝန်ထမ်းဆောင်ခြင်း ပြီးဆုံးသွားသဖြင့် နှုတ်ဆက်စကားပြောကြားရာတွင် ၎င်းက ထည့် သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

 

“အားလုံးပဲ မင်္ဂလာပါ။ ဗြိတိသျှသံရုံး၊ရန်ကုန်ရဲ့ သံရုံးအကြီးအကဲအဖြစ် သုံးနှစ်နီးပါး တာဝန်ထမ်း ဆောင်မှုအပြီးမှာတော့ ကျွန်တော်မကြာခင် မြန်မာနိုင်ငံ ကနေ ဝမ်းနည်းစွာနဲ့ နှုတ်ဆက်ထွက်ခွာရ တော့မှာဖြစ်ပါတယ်။ ကျွန်တော်တာဝန်ထမ်းဆောင်နေစဥ်ကာလတစ်လျှောက် ကြီးမားတဲ့ အခက် အခဲတွေကြားက မြန်မာပြည်သူတွေရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု၊ ကြင်နာမှု နဲ့ ရဲစွမ်းသတ္တိတွေကို မြင်တွေ့ရ တာ ကျွန်တော့်အနေနဲ့ ထပ်ခါတလဲလဲ လေးစားအံ့သြမိပါတယ်။ စီးပွားရေးအကျပ်အတည်းတွေ သာ မက ပြည်သူ (၃) ဦးမှာတစ်ဦးက လူသားချင်းစာနာထောက်ထားမှုအကူအညီတွေလိုအပ်နေပါ တယ်။” ဟု ဗြိတိသျှသံရုံး၊ရန်ကုန်ရဲ့ သံရုံးအကြီးအကဲ Ken O’Flaherty က ပြောကြားသည်။

ထို့အပြင် စစ်ပွဲများဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က ပြည်သူလူထုအပေါ် တိုက်ခိုက်များလည်း ဆက်ရှိနေဆဲဖြစ်ကြောင်း၊ မြန်မာသူများအကူအညီလိုအပ်နေချိန်တွင် ထွက်ခွာရမည်ဖြစ်သဖြင့် စိတ် မကောင်းဝမ်းနည်းမိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

 

“ကျွန်တော်က တာဝန်ပြီးဆုံးလို့ ထွက်ခွာသွားရတာဖြစ်ပေမယ့် ယူကေအစိုးရရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ကတိကဝတ်များကတော့ ဆက်လက်တည်ကြည်ခိုင်မာနေဆဲဖြစ်ပါတယ်။ ယူကေအစိုးရ အနေနဲ့ ကြီးမားတဲ့လူသားချင်းစာနာ‌ထောက်ထားမှုအကူအညီလိုအပ်ချက်တွေကို တုံ့ပြန်နိုင်ဖို့ အ တွက် ဆက်လက်ကူညီသွားမှာဖြစ်သလို ပြည်သူများနဲ့အတူတကွလက်တွဲပြီး အားလုံးလိုလားတောင့် တတဲ့ ဒီမိုကရေစီအနာဂတ်အတွက် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ပြန်လာ မယ်လို့ ကျွန်တော်ကတိပေးပါတယ်။ အဲ့ဒီအချိန် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ နဲ့ တိုးတက်ကြွယ်ဝမှု တွေ ပြန်လည်ရရှိနေမယ်လို့ မျှော်လင့်ပါတယ်။ တန်ဖိုးရှိတဲ့အမှတ်တရတွေကိုလည်း အမြဲသိမ်း ဆည်း ထားပြီး မြန်မာ့အရေးအတွက် ထက်သန်တဲ့ ထောက်ခံအားပေးသူတစ်ဦးအဖြစ် ဆက်လက်ရပ် တည်နေပါမယ်။” ဟု ဗြိတိသျှသံရုံး၊ရန်ကုန်ရဲ့ သံရုံးအကြီးအကဲ Ken O’Flaherty က ပြောကြား သည်။

 

ဗြိတိသျှသံရုံးအကြီးအကဲ Ken Oflaherty သည် မြန်မာနိုင်ငံတွင် သံရုံးအကြီးအကဲဖြစ် သုံးနှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာ့ဒီမိုကရေစီ အရေးကို အားပေးထောက်ခံနေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာသည့် စစ်တပ်လက်နက်၊ ရိက္ခာတင် စစ်သင်္ဘောများကို ၃ ကြိမ် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး စစ်သင်္ဘော ၁ စီး၊ မော်တော်ရေယာဉ် ၄ စီး မီးလောင်ပျက်စီး (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇူလိုင်လ ၃၁   စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊...