International News

International News

R2P စံနှုန်း၊ အပြည်ပြည်ဆိုင်ရာဥပဒေ စည်းမျဉ်းများနှင့် လူသားဆန်မှုတို့အပေါ် ထားရှိသည့် ကတိ ကဝတ်များကို ထိန်းသိမ်းကာကွယ်ရန် ပျက်ကွက်နေမှုကြောင့် ကမ္ဘာတစ်လွှားရှိ သန်းနှင့် ချီသော အရပ်သားပြည်သူများစွာ ပေးဆပ်ခံစားနေရ ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂကို တင်ပြ

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၇

 

ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးအနေဖြင့် R2P စံနှုန်း၊ အပြည်ပြည်ဆိုင်ရာဥပဒေ စည်းမျဉ်းများနှင့် လူသားဆန်မှုတို့အပေါ် ထားရှိသည့် ကတိ ကဝတ်များကို ထိန်းသိမ်းကာကွယ်ရန် ပျက်ကွက်နေ မှုကြောင့် ကမ္ဘာတစ်လွှားရှိ သန်းနှင့် ချီသော အရပ်သားပြည်သူများစွာ ပေးဆပ်ခံစားနေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြခဲ့ ကြောင်း သိရသည်။

 

ဇွန်လ ၂၅ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့ သည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ (၈၀) ကြိမ်မြောက် မျက်နှာ စုံညီအစည်းအဝေး ၏ “ကာကွယ် မှုပေးရန်တာဝန်ရှိမှုနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးစုအလိုက် သုတ် သင်ရှင်းလင်းမှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ပြစ်မှုများ ကာကွယ်တားဆီးရေး နှစ် (၂၀) ပြည့် အအထိမ်းအမှတ် အစည်းအဝေး (Responsibility to Protect (R2P) and the Prevention of Genocide, War Crimes, Ethnic Cleansing, and Crimes against Humanity) တွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယနေ့ဖြစ်ပေါ်နေသည့် စစ်ပွဲများ၊ ကျူးကျော်တိုက်ခိုက်မှုများ၊ ပဋိပက္ခများ၊ အာဏာရှင်ကြီးစိုးမှုများ၊ တရားမဝင် စစ်အာဏာသိမ်းမှုများနှင့် ကပ်ရောဂါ ကာလအလွန် အခြေအနေများသည် လူသားများ ခံစား နေရသည့် ဒုက္ခဆင်းရဲများ ကျယ်ပြောလာခြင်းနှင့် အရပ်သားထိခိုက်မှု မြင့်တက်လာခြင်းတို့ကို ဖြစ်ပေါ်စေပြီး ဒေသအများစုနှင့် ကမ္ဘာပေါ်၌ ဆိုးရွားစွာ ထိခိုက်ခံစားနေရကြောင်း၊ အပြည်ပြည်ဆိုင် ရာဥပဒေ၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေနှင့် နိုင်ငံတကာ လူ့ အခွင့် အရေး ဥပဒေတို့အား ကြီးလေးစွာ ချိုးဖောက်မှုက ဆက်လက် ချဲ့ထွင်လျက်ရှိသည်နှင့် အမျှ ကမ္ဘာတစ်လွှား ရှိ သန်းနှင့်ချီသော အရပ်သားပြည်သူများမှာ အကာအကွယ် ကင်းမဲ့လျက်ရှိပြီး အရပ် သားပြည်သူ များစွာ  ပေးဆပ်ခံစားနေရကြောင်း သိရသည်။

 

ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးအနေဖြင့် R2P စံနှုန်း၊ အပြည်ပြည်ဆိုင်ရာဥပဒေ စည်းမျဉ်းများနှင့် လူသားဆန်မှုတို့အပေါ် ထားရှိသည့် ကတိကဝတ်များကို ထိန်းသိမ်းကာကွယ် ရန် ပျက်ကွက်နေ ကြောင်း၊ ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ပြည်သူများကို အမျိုးမျိုးသော ရက်စက် ကြမ်းကြုတ်မှု၏ ရန်စွယ်မှ ကာကွယ်ပေးရန် ကြီးလေးသော ချိုးဖောက်မှုများကို စုပေါင်းအင်အားဖြင့် အရေးယူဆောင်ရွက်ချက်များ လုပ်ဆောင်ရန် လိုအပ်ကြောင်း ကုသလမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထောက်ပြပြောဆိုထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ ပြသနာကို ဖြေရှင်းရာတွင် စစ်အာဏာရှင် စနစ် ကို ချုပ်ငြိမ်းနိုင်မှသာလျှင် ရလဒ်ကောင်းဖော်ဆောင်နိုင်မည်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြော

ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ ပြသနာကို ဖြေရှင်းရာတွင် စစ်အာဏာရှင် စနစ် ကို ချုပ်ငြိမ်းနိုင်မှသာလျှင် ရလဒ်ကောင်းဖော်ဆောင်နိုင်မည်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြော

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ ပြသနာကို ဖြေရှင်းရတွင် စစ် အာဏာရှင် စနစ်ကို ချုပ်ငြိမ်းနိုင်မှသာ ရလဒ်ကောင်းဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။ စက်တင်ဘာလ ၃၀ ရက်နေ့က နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင်...