စစ်ကောင်စီးကို ILO ဥပဒေပုဒ်မ ၃၃ အရ အရေးယူရေးမှုသည် ပြည်သူ့အောင်ပွဲဖြစ်ပြီး စစ်ကောင်စီ အတွက် နိုင်ငံရေး၊ ဘဏ္ဍာရေးတွင် ပိုမိုအထိနာမည်
သံလွင်မြန်မာသတင်း
ဇွန်လ ၈
မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီကို ILO ဥပဒေ ပုဒ်မ ၃၃ အရ အရေးယူမှု သည် ပြည်သူလူထု၏ အောင်ပွဲဖြစ်ပြီး စစ်ကောင်စီအတွက် နိုင်ငံရေး၊ ဘဏ္ဍာရေး ကဏ္ဍတို့တွင် ပိုမို အထိနာမည်ဖြစ်ကြောင်း NUG အစိုးရက ထုတ်ပြန်ထားသည်။
ဇွန်လ ၂ ရက်နေ့မှ ၁၃ ရက်နေ့ထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ ကျင်းပလျက်ရှိသည့် ၁၁၃ ကြိမ် မြောက် အပြည်ပြည်ဆိုင်ရာ အလုပ် သမားရေးရာညီလာခံ (113th ILC)၏ ဇွန်လ ၅ ရက်နေ့ စုံညီ အစည်းအဝေးတွင် အကြမ်းဖက် စစ်အုပ် စုအား ILO Constitution, Article 33 အရ ပြင်းထန်ထိ ရောက်စွာသော အရေးယူမှု ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း သိရသည်။
ILO က Article 33 အရ အရေးယူမှုဆုံးဖြတ်ချက် (Resolution) တွင် အဓိကအားဖြင့် ILO အဖွဲ့ဝင် နိုင်ငံများအနေဖြင့် စစ်ကောင်စီနှင့် ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည် သုံးသပ်ရန်၊ ပြည်သူအပေါ် အခြေခံအခွင့်အရေးချိုးဖောက်မှုနှင့် ဖိနှိပ်အကြမ်းဖက်မှုဖြစ်စေမည့် စစ်ကောင်စီထံ လေယာဉ်ဆီ၊ စစ်လက်နက်ပစ္စည်း၊ ငွေကြေးစီးဆင်မှုများ မပြုလုပ်ရန် စသည်ဖြင့် စစ်အုပ်စုအပေါ် တိုက်ရိုက်ပစ်မှတ်ထားသည့် ဒဏ်ခတ်အရေးယူမှုများ ပါဝင်ကြောင်း သိရသည်။
ဤဆုံးဖြတ် ချက်သည် အကြမ်းဖက်စစ်အုပ်စုအတွက် နိုင်ငံရေး၊ ဘဏ္ဍာရေးကဏ္ဍတို့တွင် များစွာ ထိခိုက်စေမည်ဖြစ်ပြီး တနည်းအားဖြင့် စစ်အာဏာရှင် စနစ်အမြစ်ပြတ်ချေမှုန်းရေးအတွက် များ စွာအကျိုးသက်ရောက်စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ILO က Article 33 အရ အရေးယူရေး ဆုံး ဖြတ်ချက် ချမှတ်လိုက်ခြင်းသည် ပြည်သူတို့၏ အောင်ပွဲ တစ်ရပ် ဖြစ်ကြောင်း NUG အစိုးရက ပြောဆိုထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်း ရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတွင် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး၊ ဘဏ္ဍာရေး၊ အုပ်ချုပ်ရေး၊ လူထုဆက်ဆံရေး စသည်ဖြင့် တော်လှန်စစ်မျက်နှာပေါင်းစုံမှ တိုက်ပွဲဝင် လျက်ရှိကြောင်း အသိပေးထားသည်။
ထို့အတူ NUG အစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် နိုင်ငံရေးနှင့် ဘဏ္ဍာရေး ကဏ္ဍတွင် အ ပြည်ပြည်ဆိုင်ရာအလုပ်သမားရေးအဖွဲ့ (ILO) အပါအဝင် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်ဟု ဆိုသည်။
ILO ၏ ဖွဲ့စည်းပုံစည်းမျဉ်းအရ အလုပ်သမားဝန်ကြီးဌာနဦးဆောင်သော အစိုးရ၊ အလုပ်ရှင်၊ အလုပ် သမား သုံးပွင့်ဆိုင်အဖွဲ့ကို ဖွဲ့စည်း၍ ILO ယန္တရားမှတဆင့် အကြမ်းဖက်စစ်အုပ်စုအား အပြစ်ပေး အရေးယူရေးနှင့် အမျိုးသားညီညွတ်ရေးအစိုးရအား တရားဝင်အစိုးရအဖြစ် ILO မှ စတင် အသိ အ မှတ်ပြုမှု ရရှိရေး အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Article 33 အရ အရေးယူမှုဆုံးဖြတ်ချက် ချမှတ်နိုင်ရန် လက်တွဲပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ သုံးပွင့်ဆိုင်အဖွဲ့ဝင် မြန်မာနိုင်ငံအလုပ် သမားတပ်ပေါင်းစု (Myanmar Labour Alliance – MLA) ၊ မြန်မာနိုင်ငံ အလုပ်ရှင်များအဖွဲ့ (Myanmar Employers Organization – MEO) ၊ မြန်မာနိုင်ငံ လုပ်ငန်းရှင်များ အဖွဲ့ချုပ် (Myanmar Employers Federation – MEF) ၊ စစ်အုပ်စု၏ အခွင့်အရေး ချိုးဖောက်ကျူးလွန်မှု အထောက်အထားအချက် အလက်များ ကောက်ယူစုစည်းပေးပို့ရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက် ပေးသည့် အဝေးရောက် ဧရာဝတီအသင်း (Overseas Irrawaddy Association – OIA)၊ Mondiaal FNV ၊ သုံးပွင့်ဆိုင် ကိုယ် စားလှယ်များ ညီလာခံသို့ တက်ရောက်နိုင်ရေးအပါအဝင် အဘက်ဘက်မှ ပံ့ပိုးကူညီပေးသည့် International Trade Union Confederation – ITUC, International Union of Food, Agricultural, Hotel, Restaurant, Catering, Tobacco and Allied Workers’ Association – IUF ၊ Building and Wood Workers’ International – BWI နှင့် နိုင်ငံတကာ အလုပ်သမားသမဂ္ဂ အဖွဲ့ ချုပ် များ၊ အလုပ်ရှင်အဖွဲ့အစည်းများနှင့် မဲခွဲဆုံးဖြတ်ရန်ပင် မလိုအပ် အောင် မတရားမှုကို တော် လှန်ရာတွင် မြန်မာပြည်သူများနှင့် တသားတည်း ရပ်တည်ပေးခဲ့သော ILO အဖွဲ့ကြီးနှင့် အဖွဲ့ဝင်နိုင်ငံ များကို အထူးကျေးဇူးတင်ရှိပါကြောင်း ထုတ်ပြထားသည်။
ဆက်လက်၍ ဆုံးဖြတ်ချက်နှင့်အညီ အကြမ်းဖက်စစ်အုပ်စုအား လက်တွေ့ကျပြီး ထိရောက်သည့် အ ရေးယူမှုများ ဆက်လက်လုပ်ဆောင်ရာတွင်လည်းကောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ သုံးပွင့် ဆိုင် ကိုယ်စားလှယ်အဖွဲ့အား ILO က တရားဝင် အသိအမှတ်ပြုမှု ရရှိရေးကြိုးပမ်းဆောင် ရွက်မှုများ တွင်လည်းကောင်း မဆုတ်မနစ် ဆက်လက်ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ဆက်လက် တိုက် တွန်း ထားသည်။
Thanlwin Myanmar Media