အာစီယံ၏ မြန်မာ့ရေးဆောင်ရွက်ချက်များအပေါ် စိတ်ပျက်မိဟု မြန်မာနိုင်ငံအတွက်အထူး အကြံ ပေးကောင်စီ – SAC – M ထုတ်ပြန်
သံလွင်မြန်မာသတင်း
မေလ ၃၀
အာစီယံ၏ မြန်မာအရေးဆောင်ရွက်ချက်အပေါ် စိတ်ပျက်မိဟု မြန်မာနိုင်ငံအတွက် အထူးအကြံပေး ကောင်စီ – SAC-M က မေလ ၂၉ ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြေညာသည်။
မကြာသေးမီရက်ပိုင်းက မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ၄၆ ကြိမ်မြောက် အာစီယံ ထိပ်သီး အစည်းအဝေးတစ်ရပ်ကျင်းပခဲ့ကြောင်း၊ ယင်းအစည်းအဝေးသည် မြန်မာပြည်သူပြည်သားများအပေါ် စစ်ရာဇဝတ်မှုများကျူးလွန်နေသည့် စစ်ကောင်စီအပေါ် အဓိပ္ပါယ်ရှိရှိ အရေးယူဆောင်ရွက်ရမည့် အခွင့်အရေးကို အလဟသဖြစ်ခဲ့ပြီး အာဆီယံခေါင်းဆောင်များသည် ဒေသတွင်း အစုအဖွဲ့၏ လေး နှစ်ကြာ ရှုံးနိမ့်မှုကို ပေါင်းစပ်ကာ သဘောထားကွဲလွဲမှုများကို ကျော်လွန်၍ နောက်တစ်ကြိမ် ပျက် ကွက်ခဲ့ခြင်းဖြစ်ကြောင်း ထောက်ပြထားသည်။
“အာဆီယံက မြန်မာနိုင်ငံအပေါ် ထပ်လောင်းငါးချက် သဘောတူညီမှုကို မပျက်မကွက် ဆက်လက် ထားရှိနေတာဟာ ရာစုနှစ်ဝက်အတွင်း အကြီးမားဆုံး ဒေသတွင်း အကျပ်အတည်းကို ကိုင်တွယ် ဖြေ ရှင်းရာမှာ အရေးတကြီးလုပ်ဖို့ လိုအပ်နေတဲ့ အချက်တွေ၊ ကတိကဝတ်နဲ့ ပြင်ဆင်ဆန်းနိုင်စွမ်း မရှိ တာကို ပြသနေပါတယ်” ဟု SAC-M မှ Marzuki Darusman မှ ပြောကြားသည်။
မေလ ၂၅ ရက်နေ့က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေး ကျင်းပနေစဉ် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ မင်္ဂလာဆောင်ပွဲတစ်ခုအား စစ်ကောင် စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သတို့သမီးနှင့် ကလေး ၂ ဦးအပါအ ဝင် အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ထောက်ပြထားသည်။
ယင်းတိုက်ခိုက်မှုမဖြစ်ပွားမီ သတင်းနှစ်ပတ် မပြည့်မီကာလကလည်း ဒီပဲယင်းမြို့နယ်ရှိ စာသင် ကျောင်း တစ်ကျောင်းကို စစ်အစိုးရက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂၂ ဦးနှင့် ဆရာ ၂ ဦး သေဆုံးပြီး အခြား အရပ်သား ၁၀၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆက်လက်ထောက်ပြထားသည်။
ထို့ကဲ့သို့ စစ်ကောင်စီ၏ ရက်စက်ယုတ်မာမှုများကို ကျယ်ကျယ်ပြန့်ပြန့် သတင်းပို့နေသော်လည်း အာဆီယံခေါင်းဆောင်များထံမှ ထုတ်ပြန်ချက်အသစ်တွင် စစ်အစိုးရ၏ တည်ရှိခြင်းမရှိသော အပစ် အခတ်ရပ်စဲရေးအပေါ် ထူးထူးခြားခြား ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ပြီး သက်တမ်းတိုးရန်နှင့် တိုး ချဲ့ရန် တောင်းဆိုခဲ့သည်ဟု ဆိုသည်။
“အပစ်အခတ်ရပ်စဲထားတယ်လို့ အာစီယံကို ထုတ်ပြန်ပြောထားပေမယ့် စစ်ခေါင်းဆောင် မင်းအောင် လှိုင်က အရပ်သားပြည်သူတွေအပေါ် မရပ်မနားတိုက်ခိုက်နေတာဖြစ်ပါတယ်၊ ဒါတွေက အာစီယံ အ ပေါ် စစ်ခေါင်းဆောင်က ရည်ရွယ်ချက်ရှိရှိနဲ့ လှောင်ပြောင်မှုတစ်ခုဖြစ်ပါတယ်” ဟု SAC-M မှ Yanghee Lee က ပြောဆိုသည်။
အာဆီယံခေါင်းဆောင်များသည် အရပ်သားများအပေါ်တွင် ကျယ်ကျယ် ပြန့်ပြန့် စနစ်တကျ ရက် စက်ကြမ်းကြုတ်မှုနေသည့် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများ၏ ခုခံရေးကြိုးပမ်းမှုများကို ဆက်လက်တည်မြဲစေရန် တွန်းအားပေးသလိုဖြစ်နေသည်ဟုဆိုသည်။
“အာဆီယံက အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ အလေးအနက်ထားတယ်ဆိုရင်တော့ မြန်မာစစ် အစိုး ရကနေ လိုက်လျောလာအောင် နိုင်ငံတကာစောင့်ကြည့်လေ့လာသူတွေနဲ့အတူ တနိုင်ငံလုံးအပစ် အ ခတ်ရပ်စဲရေးလုပ်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ချက်ချင်းတောင်းဆိုသင့်ပါတယ်” ဟု SAC-M မှ Chris Sidoti က ပြောကြားသည်။
အာဆီယံခေါင်းဆောင်များ၏ နောက်ဆုံးထုတ်ပြန်ချက်တွင် အဖွဲ့၏တစ်ခုတည်းသော ရည်မှန်းချက် မှာ “မြန်မာပြည်သားများ၏ အကျိုးစီးပွားနှင့် သာယာဝပြောရေးအတွက် မြန်မာနိုင်ငံကသာ ပိုင်ဆိုင် ၍ မြန်မာနိုင်ငံက ဦးဆောင်သော နိုင်ငံရေး ဖြေရှင်းမှုဖြင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် အာဆီယံဥက္ကဋ္ဌအဖြစ် ဝန်ကြီးချုပ်အန်နဝါအနေဖြင့် အမျိုးသားညီညွတ်ရေး အစိုးရ၊ တိုင်း ရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ၊ လူနည်းစုကိုယ်စား လှယ်များ၊ မြန်မာနိုင်ငံအရပ်ဘက် လူ့ အဖွဲ့အစည်းတို့နှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံမှုကို ဦးစားပေး လုပ်ဆောင်ရမည်ဖြစ်ပြီး အလုပ်မဖြစ် တော့သည့် ဘုံသဘောတူညီချက် ၅ ချက်ကို ဖျက်သိမ်းကာ လုပ်ငန်းစဉ်အသစ်တရပ်ချမှတ်ရမည်ဖြစ် ကြောင်း အသိပေးထားသည်။
Thanlwin Myanmar Media