International News

International News

တမူးပကဖအဖွဲ့ဝင်များ၏ ရုပ်အလောင်းများကို တောင်းဆိုရာတွင် အိန္ဒိယနယ်နမိတ်အတွင်း ဝင် ရောက်ကာ စတင်တိုက်ခိုက်မှုကြောင့် နှိမ်နင်းခံရခြင်းနှင့်နောက်နောင် အိန္ဒိယနိုင်ငံနယ်နိမိတ်ခြံ စည်းရိုးခတ်မှုကို မကန့်ကွက်ရန် ဖိအားပေးခြင်းခံခဲ့ရဟု NUG ထုတ်ပြန်

 

သံလွင်မြန်မာသတင်း

မေလ ၂၀

 

စစ်ကိုင်းတိုင်း၊ တမူးခရိုင်ပကဖ အဖွဲ့ဝင် ၁၀ ဦးကို ဖမ်းဆီးသတ်ဖြတ်ခံရပြီးနောက် ရုပ်အလောင်းများ ပြန်လည်ရရှိရေးအတွက် တောင်းဆိုရာတွင် အိန္ဒိယနယ်နမိတ်အတွင်း ဝင်ရောက်ကာ စတင်တိုက် ခိုက်မှုကြောင့် နှိမ်နင်းခံရခြင်းနှင့် နောက်နောင် အိန္ဒိယနိုင်ငံနယ်နိမိတ်ခြံ စည်းရိုးခတ်မှုကို မကန့် ကွက်ရန် ဖိအားပေးခြင်းခံခဲ့ရကြောင်း NUG အစိုးရက ယနေ့မေလ ၂၀ ရက်နေ့တွင် တရားဝင် ထုတ် ပြန်သည်။

 

မေလ ၁၄ ရက်နေ့၌ စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကမ္မကြီးကျေးရွာအနီး မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ် မြန်မာပြည်ဘက် အခြမ်းတွင် ယာယီစခန်းရွှေ့ပြောင်းတာဝန်ထမ်းဆောင်နေသော တမူးခရိုင်၊ ပြည် သူ့ ကာကွယ်ရေး အဖွဲ့ (ပကဖ) ရဲဘော် (၁၀) ဦးစလုံးသည် စခန်းမှ ပျောက်ဆုံးသွားပြီးနောက် အိန္ဒိယနိုင်ငံ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဖြစ်သည့် Assam Rifles (တပ်ရင်း ၁၊ ချန်ဒေခရိုင်၊ မဏိပူရ် ပြည်နယ်) ထံမှ မေလ ၁၆ ရက်နေ့တွင် ရုပ်အလောင်း ၁၀ လောင်း အနေဖြင့် ညှိနှိုင်း တောင်းဆို လက်ခံရရှိခဲ့ကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူများအနေဖြင့် ပျောက်ဆုံးသည်ဟု သိရသည့် အချိန်မှစ၍ ၂၄ နာရီ အတွင်း ပျောက်ဆုံး/ သေဆုံးမှုအား အတည်ပြုချက်ရယူရေးနှင့် ပျောက်ဆုံးသူ/ ရုပ်အ လောင်းများ ပြန်လည်ရရှိရေး၊ ၇ ရက်အတွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး တရားဝင် သတင်း ထုတ်ပြန်နိုင်ရေး၊ နောက်ဆက်တွဲလုပ်ငန်းများ ‌ဆောင်ရွက်ရေး စသည့် လုပ်ငန်းများအား အိန္ဒိယနိုင်ငံ နှင့် စပ်လျဉ်းသော ကိစ္စရပ်များအား ညှိနှိုင်းဆောင်ရွက်ရန် အထူးဖွဲ့စည်းထားသည့် Task Force for India အနေဖြင့် ဆောင်ရွက်ခဲ့ရသည်ဟုဆိုသည်။

 

ကနဦး မြေပြင် အခြေအနေ ကြားနာစစ်ဆေးမှု အစီရင်ခံစာ တွေ့ရှိချက်များအရ အိန္ဒိယအစိုးရ တာ ဝန်ရှိသူများ နှင့် တွေ့ဆုံ၍ အမှုမှန်ပေါ်ပေါက်စေရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း အသိပေး ထားသည်။

 

မြေပြင်အခြေအနေ စစ်ဆေးမှုများ၊ အစီရင်ခံစာ တွေ့ရှိချက်များ၊ ဆွေးနွေးတွေ့ရှိချက်များအရ ဖြစ် စဉ်အမှန်သည် အိန္ဒိယနိုင်ငံမီဒီယာများမှ ထုတ်ပြန်ချက်များနှင့် ကွဲလွဲနေပြီး တမူး ခရိုင်၊ ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော် ၁၀ ဦးမှာ အိန္ဒိယနိုင်ငံဘက်ခြမ်းတွင် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ် ပွားကာ ကျဆုံးခြင်းမဟုတ်ဘဲ၊ ယာယီစခန်းရွှေ့ပြောင်းမှုအား သတင်းကြိုတင်ပေးပို့ထားသည့် ကြား ကပင် Assam Rifles ( တပ်ရင်း ၁၊ ချန်ဒေခရိုင်၊ မဏိပူရ် ပြည်နယ်)၏ အကြောင်းပြချက်မခိုင်လုံစွာ ဖြင့် ဖမ်းဆီးခေါ်ဆောင်၊ နှိပ်စက်၊ သတ်ဖြတ်ခြင်းခံရကြောင်း သိရသည်။

 

သတ်ဖြတ်ခံပြီးနောက် အလောင်းများ ပြန်လည်တောင်းခံယူရာတွင်လည်း (ပကဖ) ရဲဘော်များမှ အိန္ဒိယနယ်နိမိတ်အတွင်း ဝင်ရောက်ကာ စတင်တိုက်ခိုက်သောကြောင့် နှိမ်နင်းခြင်းခံရကြောင်း၊ နောက်နောင် နိုင်ငံနယ်နိမိတ် ခြံစည်းရိုးခတ်မှုအား မကန့်ကွက်ရန် သဘောတူပါကြောင်း စသည့် အချက်များအား မြန်မာဘက်မှ လာရောက်သည့် တာဝန်ခံများအား ခေါ်ယူထားကာ ဖိအားပေး လက်မှတ်ထိုးစေပြီးမှ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ စိစစ်တွေ့ရှိချက်များအပေါ်အခြေခံလျက် အိန္ဒိယနိုင်ငံအစိုးရအနေဖြင့် –

 

(က) အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်ပေးရန်

 

(ခ) အိန္ဒိယကို ဆန့်ကျင်တိုက်ခိုက်နေသူများ မဟုတ်ဟု သိရှိပါလျက် ရက်စက်စွာ သတ်ဖြတ်ခြင်း အ ပေါ် တာဝန်ယူမှုရှိစွာဖြင့် စုံစမ်းစစ်ဆေး၊ အပြစ်ပေး အရေး ယူ ဖြေရှင်းပေးရန်

 

(ဂ) နစ်နာမှုများအတွက် တာဝန်ယူဆောင်ရွက်ပေးပြီး၊ နစ်နာသူ မိသားစုများအား နစ်နာကြေးပေး ဆောင်ရန်

 

(ဃ) နောင်တွင် အလားတူ ကိစ္စများ မဖြစ်စေရေးအတွက် စီမံဆောင်ရွက်ပေးရန်

 

(င) နှစ်နိုင်ငံ နယ်ခြားစည်းညှိနှိုင်းမှု မပြီးပြတ်သေးသည့်ကာလတွင် တဖက်သတ် ခြံစည်းရိုးခတ်ခြင်း အား ယာယီရပ်ဆိုင်းထားခြင်းဖြင့် ယခုကဲ့သို့ ဖြစ်စဉ်များအား ရှောင်လွှဲရန်

 

စသည့်အချက်များကို NUG အစိုးရ တောင်းဆိုလိုက်သည်။

 

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ယခုဖြစ်ပွားမှုသည် အိန္ဒိယနိုင်ငံအစိုးရ၏ မူဝါဒသဘောထား ရပ်တည်ချက်တစုံတရာကို ကိုယ်စားပြုခြင်းမဟုတ်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့အနေဖြင့် ယခင် ပေးပို့ ထုတ်ပြန်ထားသည့် မိမိတို့၏မူဝါဒအတိုင်း အိမ်နီးချင်း နှစ်နိုင်ငံ အကြား ဆက်ဆံရေးကို အ ရှည် ရှေးရှုလျက် နယ်စပ်ဒေသကိစ္စရပ်များတွင် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း အသိပေးထားသည်။

 

ယခုထုတ်ပြန်ချက်မှာ မြန်မာပြည်သူများ၏ ဆန္ဒသဘောထားလည်း ဖြစ်သဖြင့် အိန္ဒိယနိုင်ငံအစိုးရ အနေဖြင့် အလေးထား ဆောင်ရွက်မည်ဟု ယုံကြည်ပါကြောင်းနှင့် အမှုမှန်မပေါ်ပေါက်ခဲ့ပါက ဖြစ် ပေါ် လာမည့်ကိစ္စများ ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲမည်ဖြစ်ပါကြောင်း ဆက်လက်၍ အထူးမေတ္တာ ရပ်ခံ တောင်းဆိုထားသည်။

မြန်မာနိုင်ငံအတွင်းရှိ မိဘပြည်သူများ၊ အိန္ဒိယနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသားများ အနေဖြင့်လည်း တမူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်များ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ အမျိုး သား ညီညွတ်ရေး အစိုးရအနေဖြင့် သက်ဆိုင်ရာ အိန္ဒိယအစိုးရနှင့် ပူးပေါင်း ဆောင်ရွက်နေမှုအား သိရှိနားလည်ယုံကြည်ကာ၊ အခြားမလိုလားအပ်သော နှစ်နိုင်ငံ ချစ်ကြည်ရေးကို ထိခိုက်စေမည့် ကိစ္စများ၊ အထူးသဖြင့် နယ်စပ်ဒေသရှိ တော်လှန်ရေးအဖွဲ့များ အနေဖြင့်လည်း နိုင်ငံကြီးသားမပီသ သည့် မည်သည့်ဆောင်ရွက်ချက်များကိုမျှ မပြုလုပ်ရန်နှင့် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ်ဒေသ အ တွင်း မူးယစ်ဆေးဝါးတရားမဝင် ရောင်းဝယ် သယ်ဆောင်မှုထိန်းချုပ်ရေးအပါအဝင် တရားဥပဒေ စိုးမိုးရေး ကိစ္စရပ်များကို သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် အစဥ်တစိုက်ပူးပေါင်းဆောင်ရွက်ကြပါရန် အထူးမေတ္တာရပ်ခံတိုက်တွန်းထားသည်။

 

သို့ဖြစ်ပါ၍ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်တွင် တမူးခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ ဘော်များ သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဆောင်ရွက်ချက် များ၊ သက်ဆိုင်ရာအိန္ဒိယနိုင်ငံအစိုးရအပေါ် တောင်းဆိုချက်များနှင့် ပြည်သူ လူထုထံ ပန်ကြားချက် များအား သဘောထားထုတ်ပြန်အပ်ပါကြောင်း NUG အစိုးရ ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ် ပြန်သည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
International News

International News

အိန္ဒိယ - မြန်မာနယ်စပ်၌ တမူးပကဖ တပ်ဖွဲ့ဝင် ၁၀ ဦးသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ အမှုမှန်ပေါ် ပေါက်ရေး အန္ဒိယအစိုးရ နှင့်ပူးပေါင်းဆောင်ရွက်နေဟု NUG ထုတ်ပြန်   အန္ဒိယအစိုးရက မြန်မာပြည်တွင်း စစ်ကို အခွင့်ကောင်းယူ၍ မြန်မာဘက်ခြမ်း ပေ ၆၀၀ ခန့် ကျူးကျော်ခြံခတ်မှုကို တားမြစ်မှုကြောင့် ပကဖအဖွဲ့ဝင်များကို...