အိန္ဒိယ – မြန်မာနယ်စပ်၌ တမူးပကဖ တပ်ဖွဲ့ဝင် ၁၀ ဦးသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ အမှုမှန်ပေါ် ပေါက်ရေး အန္ဒိယအစိုးရ နှင့်ပူးပေါင်းဆောင်ရွက်နေဟု NUG ထုတ်ပြန်
-
အန္ဒိယအစိုးရက မြန်မာပြည်တွင်း စစ်ကို အခွင့်ကောင်းယူ၍ မြန်မာဘက်ခြမ်း ပေ ၆၀၀ ခန့် ကျူးကျော်ခြံခတ်မှုကို တားမြစ်မှုကြောင့် ပကဖအဖွဲ့ဝင်များကို အာသံရိုင်ဖယ်တပ်ဖွဲ့ကဖမ်း ဆီး သတ် ဖြတ်ခံရခြင်း ဖြစ်သည်ဟု ဒေသသတင်းရင်းမြစ်များက ဝေဖန်ထောက်ပြ
သံလွင်မြန်မာသတင်း
မေလ ၁၉
စစ်ကိုင်းတိုင်း၊ တမူမြို့နယ်၊ မြန်မာ-အိန္ဒိယ နယ်စပ်တွင် တမူးမြို့နယ် ပကဖအဖွဲ့ဝင် ၁၀ ဦး သတ် ဖြတ်ခံရမှုနှင့်ပတ်သက်၍ အိန္ဒိယအစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အမှုမှန်ပေါ်ပေါက်ရန်ညှိနှိုင်း ဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေး အစိုးရက ယနေ့ (မေလ ၁၉) ညပိုင်းတွင် သတင်း ထုတ်ပြန်သည်။
မေလ ၁၃ ရက် ည ၆ နာရီခွဲခန့်က တမူးမြို့နယ်၊ မြန်မာဘက်ခြမ်းရှိ ပြည်သူ့ကာကွယ်ရေးရဲဘော်များ နေထိုင်ရာ စခန်းကို အိန္ဒိယနိုင်ငံ၊ အာသံရိုင်ဖယ်တပ်ဖွဲ့များက ဖမ်းဆီးသွားပြီး နှိပ်စက်သတ်ဖြတ်ကာ မေလ ၁၆ ရက်နံနက်ပိုင်းတွင် ရုပ်အလာင်းများကို မိုးကာအုပ်ပြီးလာရောက်စွန့်ပစ်ရာက ပြန်လည် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Photo – Eastern Command-Indian Army (ပကဖ များထံမှ သိမ်းဆည်းခံရသောလက်နက်ခဲယမ်း နှင့် ဆက်စပ်ပစ္စည်းများ။)
“မြန်မာပိုင်နက်မှာ နေနေတဲ့ ရဲဘော် camp ကို ဝင်စီးသွားတာပါ။ ရဲဘော်တွေစားဖို့အတွက် ငါးဟင်း လေး အဲ့ဒါလေးတောင် ဒယ်အိုးထဲမှာ ရှိသေးတယ်။ သူတို့ မစားရသေးဘူး။ သူတို့ရဲ့အိပ်ရာလိပ် တောင် မခင်းရသေးဘူး။ အဲ့ဒီအချိန်မှာခေါ်သွားတာ။ သေဆုံးသူရုပ်အလောင်း တွေကတော့ သေ နတ် (ဒဏ်ရာ) တွေချည်းပါပဲ။ မျက်နှာမှာရတဲ့ ဒဏ်ရာတွေကတော့ ဖမ်းဆီးနှိပ်စက်တဲ့ အချိန်မှာ ရ တဲ့ ဒဏ် ရာတွေပါ။ အလောင်းတွေက မိုးကာတွေ အုပ်ပြီးရောက်လာတာပါ။ တချို့ ရဲဘော်တွေ ဆို လောက်ကောင်တွေ တောင်ကျနေပြီ” ဟု တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
ထိုသို့ ဖမ်းဆီးသတ်ဖြတ်ခံရမှုသည် အန္ဒိယနိုင်ငံက မြန်မာဘက်ခြမ်းသို့ ပေ ၆၀၀ ကျော်ကျူးကျော် ကာခြံစည်းရိုးကာရံသည့်ကိစ္စနှင့်ပတ်သက်နေကြောင်း၊ ပြီးခဲ့သည့် ဧပြီလက တမူးမြို့အနောက်ဘက် ရှိ နယ်စပ် မှတ်တိုင် ၅၉ နှင့် ၆၀ ကြား၊ ၇၅ နှင့် ၇၆ ကြားတွင် အန္ဒိယနိုင်ငံက မြန်ဘက်ခြမ်းသို့ ပေ ၆၀၀ ခန့်ကျူးကျော်ခြံခတ်ခဲ့သဖြင့် တမူးခရိုင် အမှတ် ၁ တပ်ရင်းက သွားရောက်တားမြစ်ခဲ့ရာ ယာယီ ရပ်သွားခဲ့ဖူးကြောင်း သိရသည်။
သို့သော်လည်း မိုင်တိုင် ၈၂ – ၈၃ ကြားတွင် မြန်မာဘက်ခြမ်းသို့ ထပ်မံဝင်ရောက်ပြီး ခြံစည်းရိုးခတ် ခဲ့သဖြင့် တမူးခရိုင်အမှတ် ၃ တပ်ရင်းက ထပ်မံတားမြစ်ခဲ့ရကြောင်း၊ ထိုသို့ အိန္ဒိယ၏ ကျူးကျော် ခြံခတ်မှုကို တမူးမြို့နယ်နေပြည်သူများကလည်း ကန့်ကွက်နေကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်အတွက် အိန္ဒိယအစိုးရကို နှစ်နိုင်ငံနယ်စပ်ဒေသခံများနှင့် တော်လှန်ရေးအင်အားစု များ က ပြင်းပြင်းထန်ထန်ဝေဖန်နေစဉ် NUG နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၁၉ရက်ညတွင် သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။
“အိန္ဒိယ – မြန်မာ နယ်စပ် တမူးမြို့ အနီး ပကဖ အဖွဲ့ဝင် (၁၀) ဦး ကျဆုံး ခဲ့ရ သည့်ကိစ္စ နှင့် ပက် သက်၍ အမျိုးသားညီညွတ်ရေး အစိုးရ တာဝန်ရှိသူများ အနေဖြင့် လက်ခံရရှိသည့် သတင်းပေးပို့ တိုင်ကြားချက်များ အပြင်ကနဦး မြေပြင်အခြေအနေ ကြားနာ စစ်ဆေးမှု အစီရင်ခံစာတွေ့ ရှိချက် များ အရ အိန္ဒိယ အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အမှုမှန်ပေါ်ပေါက်စေရေး ဆက်လက် ညှိနှိုင်း ဆောင်ရွက်လျှက်ရှိပါကြောင်း ကနဦး အသိပေး တင်ပြအပ်ပါတယ်။” ဟု NUG အစိုးရ ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။
မေလ ၁၄ ရက်တွင် အိန္ဒိယ-မြန်မာနယ်စပ် ချန်ဒယ်ခရိုင်၊ ခင်ဂျွိုင်းမြို့နယ်၊ နယူးဆမ်တဲလ် ကျေးရွာ အနီး ၌ အိန္ဒိယတပ်မတော်၊ အရှေ့ပိုင်းစစ်ဌာနချုပ်၊ အာသံပြည်နယ်၊ အာသံရိုင်ဖယ်တပ်ဖွဲ့က ဦး ဆောင်ပြီး စစ်ဆင်ရေးပြုလုပ်စဉ်လက်နက်ကိုင် တပ်ဖွဲ့ဝင်များနှင့်အပြန်အလှန်ပစ်ခတ်မှု ဖြစ် ပွားခဲ့ ပြီး ၁၀ ဦးကို သုတ်သင်ရှင်းလင်းကာ လက်နက် ၇ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Eastern Command-Indian Army က မေလ ၁၅ ရက်၌ ထုတ်ပြန်ခဲ့သည်။
Thanlwin Myanmar Media